သြဂုတ်လအတွင်း ရန်ကုန်တိုင်းဒေသကြီး ကညနရုံးများ၌ ဖောက်စွပ်ကား ၁ဝ စီး စစ်ဆေးတွေ့ရှိ

597

ရန်ကုန်၊ စက်တင်ဘာ

ပြီးခဲ့သည့် သြဂုတ်လအတွင်း ရန် ကုန်တိုင်းဒေသကြီး ကညနရုံးများ၌ ဖောက်စွပ်ကား ၁ဝ စီး စစ်ဆေး တွေ့ရှိခဲ့ကြောင်း ကုန်းလမ်းပို့ ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွန် ကြားမှုဦးစီးဌာနမှ Body Coach (အခွန်ချိန်း/အလုံးချိန်း) ကားများ ကို ၂ဝ၁၅ မော်တော်ယာဉ်ဥပဒေ၊ အခန်း-၄၊ အပိုဒ်-၁၈(င) တွင် ပါရှိသည့်အတိုင်း ခွင့်ပြုချက်မရှိဘဲ မော်တော်ယာဉ်အမျိုးအမည်၊ ခုနှစ်၊ ပုံစံ၊ ခွင့်ပြု၍မရသော ပုံစံအနေ ထား၊ ကိုယ်ထည်ပြောင်းလဲထား ကြောင်း စစ်ဆေးတွေ့ရှိပါက မော် တော်ယာဉ် မှတ်ပုံတင်ခြင်းကို ခေတ္တရပ်စဲခြင်း၊ ဖျက်သိမ်းခြင်း စသည့်အချက်အပေါ် အခြေခံကာ အရေးယူ ဆောင်ရွက်လျက် ရှိ သည်။ ထိုသို့ အရေးယူဆောင်ရွက်ခဲ့ ရာတွင် ၂ဝ၁၈ ခုနှစ်၊ ဇွန်လမှ ယခုနှစ် ဇူလိုင်လကုန်အထိ  ဖောက်စွပ်ကား ၂၁၇ စီး စစ်ဆေး တွေ့ရှိခဲ့သလို ပြီးခဲ့သည့်လတွင် လည်း ၁ဝ စီး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

‘‘ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ဖောက်စွပ်ကား ၁ဝ စီး စစ်ဆေး တွေ့ရှိခဲ့ပါတယ်၊ လက်ရှိမှာ တွေ့ရှိ ခဲ့တဲ့ ဖောက်စွပ်ကားအစီး နှစ်ရာ ကျော်ကို  မော်တော်ယာဉ်မှတ်ပုံတင် ဖျက်သိမ်းထားပြီး ရဲစခန်းကို အ မြန်ဆုံး အပ်နှံကြဖို့ ညွန်ကြားထား ပါတယ်၊ နောက်ပြီး ကညန အနေ နဲ့ကတော့ စစ်ဆေးတွေ့ရှိခဲ့တဲ့ ဖောက်စွပ်ကားတွေကို သက်ဆိုင် ရာရဲစခန်းကိုလည်း သတင်းပို့ အကြောင်းကြား ထားပါတယ်၊ ဒီ ကားတွေကို မအပ်နှံဘူးဆိုရင် သက်ဆိုင်ရာရဲစခန်းနဲ့ ပိုင်ရှင်နဲ့ ရှင်းရမှာ ဖြစ်ပါတယ်’’ဟု ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ဖောက်စွပ်ကားများကို စစ် ဆေးရာတွင် ၂ဝ၁၈ ခုနှစ် ဇွန်လမှ ယခုနှစ် သြဂုတ်လကုန်အထိ  ၂၂၇ စီး တွေ့ရှိခဲ့ရာ ရွာသာကြီး ကညနရုံး၌ သုံးစီး၊ မြင်သာကညန ရုံး၌ ၉၆ စီး၊ တောင်ဒဂုံကညနရုံး ၌ ၃၄ စီး၊ အင်းစိန်ကညနရုံး၌ ၇၃ စီး၊ သန်လျင်ကညနရုံး၌ ၃၁ စီး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရ သည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here