သူ့ဘဝ၏ ကံစီမံသည့်ကာလ

1251

အဏ္ဏဝါစိုးမိုး

သူသည် ရခိုင်ဒေသပြန်လက်ဆောင်တွေ ဖြစ်သည့် ဟင်းသီးဟင်းရွက်တွေဖြင့် ကျွန်တော့်အိမ်ကို ရောက်လာသည်။ သူ့မွေးရပ်မြေဖြစ်သည့် ရခိုင်ဒေသကို သူ့ကိုယ်ပိုင်ကားဖြင့်မသွားဘဲ အဝေးပြေးဘတ်စ်ကားကြီးဖြင့်သွားခဲ့ပြီး ပြန်လာကာ နေထိုင်မ ကောင်း ဖြစ်လာသည်ဟု ဆိုပါသည်။ ရန်ကုန်ကိုပြန်ရောက်ပြီး ကျွန်တော့်ဆီကို စားစရာတွေလာပို့ရန် ချက်ချင်းလာချင်ပါသော်လည်း နေမကောင်းဖြစ်နေလို့ အခုမှလာရတာဖြစ်ကြောင်း ပြောပါသည်။ သူ နောက်ဆုံးဝယ်ပြီးစီးနေသည့် မတ်ခ်တူးကားကြီးကို ကိုယ်တိုင်မောင်းလာတာဖြစ်သည်။

သူဆိုတာ ကျွန်တော့်သူငယ်ချင်း  သဘေင်ာ္သားဟောင်းကြီးဖြစ်သည်။ ကျွန်တော်နှင့် တစ်နယ်တည်းသား၊ ရခိုင်တိုင်းရင်းသားဖြစ်ရုံသာမက ကျွန်တော်နှင့်အတူ တပ်မတော်(ရေတပ်)တွင် အမှုထမ်းခဲ့ကြသည်။ ရေတပ်ကထွက်ပြီး နိုင်ငံခြားသဘေင်ာ္ လိုက်ခဲ့ကြသည့် ခေတ်ပြိုင်သဘေင်ာ္သားကြီး ဖြစ်သည်။ အရည်အချင်းရှိသူ၊ စည်းစနစ်ရှိသူဖြစ်လို့ ကျွန်တော့်ထက် တစ်နှစ်ကျော်စောပြီး နိုင်ငံခြားသဘေင်ာ္သား ဖြစ်သွားခဲ့သူ ဖြစ်သည်။ လစာကောင်းသည့် လိုင်းကြီး လိုင်းကောင်းတွေမှာ အလုပ်ရပြီး နိုင်ငံခြားသားကပ္ပတိန်တွေ၊ သဘေင်ာ္သားတွေ နှင့် အလုပ်အတူတူ လုပ်ခဲ့သူဖြစ်လို့     အဂင်္လိပ်ဘာသာစကားကို ကျွန်တော့်ထက် ပိုပြီးပြောနိုင်သူ၊ နားလည်သူဖြစ်သည်။ ကျောင်းပညာအရည်အချင်း၊ ၁ဝ တန်း အောင်ရုံလောက်သာရှိသော်လည်း ဘဝတစ်လျှောက်လုံး အသိ၊ သတိတို့ဖြင့် နေထိုင်သူ၊ ကြိုးစားသူဖြစ်လို့ ဆိုးဆိုးရွားရွား၊ ဆင်းဆင်းရဲရဲမနေခဲ့ရဘဲ မရှိမရှား၊ နေခဲ့ရသည်။ ချောင်လည်ချမ်းသာစွာ နေခဲ့ရသည်ချည်း ဖြစ်သည်။ အခုလည်း မဆင်းရဲ၊ မကျပ်တည်းသော်လည်း သူ့ကံကနိမ့်လာတာ ဖြစ်မည်။ အဆင်မပြေမှုတွေ ကြုံတွေ့နေရသည်။

သူသည် စီးပွားမပျက်သော်လည်း စီးပွားမတက်ဘဲ အလွဲလွဲအမှားမှားတွေဖြစ်နေသည်။ အသွားအလာ၊ အနေအထိုင်၊ အစားအသောက် ဆင်ခြင်နေသည့်ကြားက ကျန်းမာရေးချို့တဲ့လာသည်။ တောင်ကြီးမြို့မှာ တာဝန်ကျနေသည့် သူ့အသိအစိုးရ ဝန်ထမ်းတစ်ယောက်က တိုက်တွန်းလို့ တောင်ကြီးမြို့သစ်ရပ်ကွက်မှာ မြေကွက်တွေ ဝယ်လိုက်မိသည်။ တောင်ကြီးမြို့  အပြင်ဘက်မှာ မြို့သစ်အကွက်ဖော်သည်၊ ပေလေးဆယ်၊ ပေခြောက်ဆယ် မြေတစ်ကွက်ကို ကျပ်သိန်းလေးဆယ်၊ သိန်းငါး ဆယ်ဖြင့်ရလို့ မြေကွက်လေးကွက်လောက် ဝယ်ထားလိုက်မိသည်။ သိန်းနှစ်ရာလောက် မြှုပ်နှံထားလိုက်သည်။ ကာလတစ်ခုမှာပြန်ရောင်းလျှင် သိန်းတစ်ထောင်လောက်ရမည်ဟု စိတ်ကူးယဉ်ခဲ့မိတာ ဖြစ်သည်။ကာလသုံးနှစ်ကျော်ကြာသည်အထိ ဘာမှမဖြစ်လာဘဲ ဝယ်ထားတဲ့မြေကွက်တွေမှာ မြက်ရိုင်းပင်တွေနှင့် ချုံနွယ်ပိတ်ပေါင်းတွေသာ တိုးများလာခဲ့သည်။ ရင်းနှီးမြှုပ်နှံထားသည့် သိန်းနှစ်ရာသည် ဘဏ်တိုးရှုံးနေပြီဖြစ်သည်။

သူရော သူ့ဇနီးပါ ကြိုက်လွန်းလို့ မြတ်မြတ်နိုးနိုးစီးနေသည့် Toyota RAV4 ကားကို သိန်းနှစ်ရာဖြင့်ရောင်းလိုက်သည်။ Toyota Crown စီးချင်နေသည်။ ကား လိုက်ရှာသည်။ တစ်စီးတွေ့သည်။ သူ ကြိုက်သည့် အနက်ရောင်ပင် ဖြစ်သည်။ စျေးလည်းသင့်သည်။ ဝယ်မည်ဆိုပြီး ငွေချေမည့်နေ့ကျမှ ကားကိုသေသေချာချာ စစ်ဆေးလိုက်ရာ လေကာမှန်ကြီးမှာ အော် ရီဂျင်နယ်မဟုတ်ဘဲ ကွဲလို့ပြန်ထည့်ထားတဲ့ လက်ရာအစအန မသေမသပ်ဖြစ်နေတာကို သွားတွေ့လို့ အရောင်းအဝယ် ပျက်သွား သည်။ Crown နဲ့ လွဲခဲ့ရသည်။ သူ့သား သူငယ်ချင်း၏ ယောက္ခမအဘိုးကြီးပိုင် မိုဒယ်နိမ့် မတ်ခ်တူးကားကြီးကို စျေးပေါပေါနဲ့ရလို့ ဝယ်လိုက်တော့သည်။ အခုတော့ အဲဒီ မတ်ခ်တူးကားကြီးကိုမောင်းပြီး ကျွန်တော့်အိမ်ကို ရောက်လာတာဖြစ်သည်။

Toyota RAV4 ကားလေး မရောင်းမီကတော့ အဲဒီကားလေးဖြင့်ပင် သူတို့ဒေသဖြစ်သည့် ရခိုင်ဒေသကို ရိုးကျော်မောင်းပြီး နှစ်ခေါက်လောက်တောင် သွားခဲ့ကြပြီးဖြစ်သည်။ ဂွ/ငါးသိုင်းချောင်းလမ်းက သွားပါက ရခိုင်ရိုးတောင်ကိုကျော်ရတာ လွယ်ကူ သည်။ ပြည်/ပန်းတောင်း/တောင်ကုတ်လမ်းလောက် မတ်စောက်ခြင်းမရှိ။ ခပ်ပြေပြေ တောင်တက်၊ တောင်ဆင်းတွေဖြစ်လို့ ဆလွန်းကားလေးတွေဖြင့်ပင် သွားနိုင် သည့်လမ်းဖြစ်သည်။ သို့သော် ယခုဝယ်စီးနေသည့် မတ်ခ်တူးကားကြီးဖြင့်တော့ မသွားရဲလို့ အဝေးပြေးဘတ်စ်ကားကြီး စီးသွားခဲ့တာဟု ဆိုသည်။

သူသည် ပြည်တွင်းခရီးမျိုးစုံကို  အကြိမ်ပေါင်းများစွာ သွားခဲ့ဖူးသူဖြစ်သည်။ ပြည်ပခရီးတွေကို ဘိုးရင်းဂျက်လေယာဉ် ကြီးတွေစီးပြီး ခရီးမိုင် ထောင်သောင်းမက သွားခဲ့ဖူးသည်။ နိုင်ငံခြားသဘေင်ာ္ကြီးဖြင့် အကြိမ်ကြိမ် ကမ္ဘာပတ်ဖူးသည်။ ပြည်တွင်း ခရီးတွေကိုလည်း ကိုယ်တိုင်ကားမောင်းပြီး ခရီးမိုင်ပေါင်းများစွာ သွားခဲ့ပြီးဖြစ်သည်။ အခုလို အဝေးပြေးဘတ်စ်ကားကြီးဖြင့်တော့ ခရီးမသွားဖူးသေးလို့ အတွေ့အကြုံအသစ်အဆန်းလို ဖြစ်ခဲ့ရသည်ဟု ဆိုပါသည်။ မသွားမဖြစ် သွားရမည့်အကြောင်းကလည်း ပေါ်လာသည်။ သူ့ဘဝ၏ ကံစီမံသည့်ကာလသည် မကောင်းခြင်းလက္ခဏာတွေဖြင့် ရောက်လာတာ ဖြစ်မည်။ အသက်ကိုးဆယ် ကျော် အဒေါ်တစ်ယောက် ကွယ်လွန်ပြီဆိုသည့် သတင်းရောက်လာသည်။ သူ့ကို အမေရင်းလိုချစ်ခဲ့၊ စောင့်ရှောက်ထောက်ပံ့ ခဲ့သည့်အဒေါ်ဖြစ်သည်။ ဒီအသုဘကို မသွားမဖြစ် သွားရမည်ဆိုသည့်အခါ ဝယ်ထားသည့် မော်တော်ကားကြီးဖြင့်မသွားဝံ့သည့်အတွက် လိုင်းကားကြီးစီးပြီးသွားရန် ဆုံးဖြတ်လိုက်သည်။

သူ့မှာ ဖျောက်ပစ်လို့မရသည့် အကျင့်၊ သို့မဟုတ် စိတ်ရောဂါတစ်မျိုးကလည်း ရှိနေသည်။ နံနက်ဖြန် နံနက် ခရီးထွက်စရာ ရှိသည်ဆိုလျှင် ဒီညတစ်ညလုံးအိပ်မပျော်တော့ပါ။ ညနေဘက်မှာ ခရီးထွက်စရာရှိသည်ဆိုလျှင် နေ့လယ်တစ်ရေးအိပ်ပါသော်လည်း အိပ်မပျော်တော့ပါ။ ခရီးထွက်သည့်ကာလတစ်လျှောက်လုံး ဝမ်းချုပ်နေတော့သည်။ သူသည် ဝမ်းတစ်ရက်မသွားလျှင် နောက်နေ့မှာ နေမကောင်းဖြစ်တော့သည်။ ကိုယ်လက် ကိုက်ခဲနာကျင်ပြီး နုန်းခွေသွားတော့သည်။ သူလို့ပဲ ခပ်ဆင်ဆင် စိတ်ရောဂါတစ်မျိုး ကျွန်တော့်မှာလည်းရှိသည်။ ကျွန်တော်သည် သာမန်အားဖြင့် ဝမ်းချုပ်သူဖြစ်သည်။ ခရီးသွားတော့မှ ဝမ်းသွားချင်သည့်ရောဂါ ဖြစ်သည်။ နိုင်ငံခြားတိုင်းပြည်တွေ သွားနေခဲ့စဉ်က လေယာဉ်ပေါ်မတက်မီ မကြာခဏ အိမ်သာဝင်ပေးရသည်။ အိမ်သာ ခဏခဏ ဝင်သော်လည်း ဝမ်းသွား၍မရ။ လေယာဉ်ပေါ်တက်ကြရန်ခေါ်ပြီဆိုလျှင် ဗိုက်ထဲက ရစ်ချင်သလို၊ ဝမ်းသွားချင်သလိုလိုဖြစ် လာတော့သည်။ လေယာဉ်ပေါ် ရောက်လို့ လေယာဉ်ထွက်တော့မည်၊ ထိုင်ခုံခါးပတ်တွေ ပတ်ထားကြပါဆိုတော့မှ ဝမ်းသွားချင် လာတော့သည်။ ခရီးသည်တင်ကားကြီးစီးပြီး ခရီးဝေးသွားရမည်ဆိုလျှင်လည်း အဲဒီလိုဖြစ်လေ့ရှိသည်။ ကားဂိတ်က အိမ်သာ ဝင်သည် ဝမ်းကမထွက်။ ကားပေါ်ရောက်လို့ ကားကြီးစထွက်တော့မှ အိမ်သာတက်ချင် တော့သည်။ စိတ်ရောဂါတစ်မျိုးဖြစ်သည်။

သူ့မှာတော့ ခရီးသွားလျှင် အိပ်မပျော်သည့်ရောဂါနှင့် ဝမ်းချုပ်ပြီးနေမကောင်းဖြစ် သည့်ရောဂါဖြစ်သည်။ ခရီးသွားလျှင် အိပ်မပျော်သည့်စာရေးဆရာတစ်ယောက်၊ နှစ်ယောက်တွေ့ဖူးသည်။ စာပေဟောပြောပွဲခရီး သုံးရက်၊ လေးရက်လုံးလုံး အိပ်မပျော်သောဆရာတွေဖြစ်သည်။ အိပ်ရာပြောင်းလို့မအိပ်တတ်သည့် စိတ်ရောဂါတစ်မျိုးဖြစ်သည်။ သူ့မှာလည်း ခရီးသွားရောဂါ ဖြစ်တော့သည်။ ဝမ်းမသွား၊ အိပ်မပျော်သည့်အတွက် နေမကောင်းဖြစ်တော့သည်။ သူ့အဒေါ်၏အသုဘကိစ္စပြီးတာတောင် မပြန်နိုင်သေးဘဲ သူ့ရွာမှာ ဆက်နေလိုက်ရသေးသည်။ ရန်ကုန်ကို အပြန်မှာလည်း အဝေးပြေးဘတ်စ်ကားကြီးဖြင့် ပြန်ခဲ့ရသည့်အတွက် ပင်ပန်းတော့သည်။ တစ်ညလုံးခြေထောက်တွေတွဲလောင်းချထိုင်လာရသည့်အတွက် ခါးကိုက်၊ ခါးနာဖြစ်တော့သည်။

ခရီးဝေးသွားတာသည် ကိုယ့်ကားလေး ကိုယ်မောင်းပြီး နားနားနေနေသွားမှသာ သက်သောင့်သက်သာဖြစ်သည်။ ဆီး၊ ဝမ်းကိစ္စအတွက် ရပ်ချင်သည့်နေရာမှာရပ် ပြီး ကိစ္စပြီးလို့ရသည်။ ခရီးသည်အများနှင့် စီးရသော ဘတ်စ်ကားကြီးဖြင့် သွားရသည့် အခါကျတော့ ယာဉ်မောင်းသူ ရပ်ပေးသည့် နေရာရောက်မှ ကျန်းမာရေးဆိုပြီး ဆီးဝမ်း ကိစ္စပြီးကြရသည်။ ရောင်းပစ်လိုက်သည့် Toyota RAV4 ကားလေးကို ပြန်လွမ်းနေတော့သည်။ စိတ်ရူးပေါ်လာပြီး ကားစျေး ပြန်အလှုပ်မှာ သိန်းနှစ်ရာရတော့ ရောင်းလိုက်မိသည်။ သူ့လက်လည်း လွတ်သွားရော အဲဒီကားလေး၏စျေးသည် သိန်း ၂၅ဝ ဖြစ် သွားတော့သည်။ အခုတော့ အဲဒီကားလေး ကို ပြန်ဝယ်မည်ဆိုလျှင်တောင် သိန်းသုံးရာလောက် ပေးရမည်ဆိုတာ သိရပြန်တော့ စိတ်ထိခိုက်နေတော့သည်။ ကံက အဘက်ဘက်က ဆိုးနေပါရောလားလို့ တွေးမိတော့သည်။

သူသည် ဒီနှစ်ထဲမှာ အစစအရာရာ အဆင်မပြေဖြစ်နေကြောင်း ပြောသည်။ မော်တော်ကားနှင့်ပတ်သက်ပြီး ရောင်းမှား ဝယ်မှားတွေဖြစ်သည်၊ အိမ်ခြံမြေအရောင်းအဝယ်ကိစ္စတွေမှာလည်း ကံမလိုက်ဖြစ်နေသည်၊ မိဘဘိုးဘွားများ ကွယ်လွန်သည်၊ မိမိကိုယ်တိုင်ကျန်းမာရေးမကောင်း ဖြစ်နေသည်ဟုဆိုပါသည်။ ကျွန်တော် သူ့ဇာတာကို စိတ်ဝင်စားသွားသည်။ မွေးသက္ကရာဇ် ကို မေးကြည့်မိသည်။

”မြန်မာလို ဘယ်နှစ်က မွေးတာလဲ”

”၁၃ဝ၆ ခုနှစ်၊ သောကြာသား”

ကျွန်တော် စိတ်တွက်ဖြင့် ဗေဒင်တွက်ကြသည့်သည်။ မဟာဘုတ်နည်းအရ ၄ ကြွင်း သောကြာသားသည် သိုက်ဖွား ဖြစ်နေသည်။ ဒီကောင် ဒါကြောင့် ချမ်းသာတာပဲလို့တွေးမိသည်။ သူငယ်စဉ်ကပင် အမေကွယ်လွန်လို့ သူ့အဖေက နောက်အိမ်ထောင်ပြုခဲ့သည်။ မိခင်အကျိုးခံစားခွင့်မရှိသူ ဖြစ်သည်။ မဟာဘုတ် အဟောအရ ကွက်တိမှန်ကန်နေသည်။ အသက် ၅၁ နှစ်မှာ ဗုဒ္ဓဟူးဂြိုဟ်ဝင်သဖြင့် စတင်ကံဆိုးခဲ့တာဖြစ်မည်။ သောကဗျာ ပါဒ များမည်၊ သားရေးသမီးရေး စိတ်မအေး ဖြစ်ရမည်၊ စီးပွားရေးထိခိုက်မည်၊ သူ့အသက် ၆၇/၆၈ မှာ ဗုဒ္ဓဟူးဂြိုဟ်ထွက်ပြီး စနေဂြိုဟ်ဝင်ပြန်သဖြင့် မရဏခွင်မှာကျသည်။ ၁၃၇၉ ခုနှစ်မှာ သူ့အသက် ၇၃ နှစ် ဖြစ်နေသည်။ အသက်ရောက် ဂဏန်း နှစ်လုံးပေါင်းတော့ ဘူကျနေသည်။ သေတောင် သေနိုင်သည်။

”ကုသိုလ်ကောင်းမှုတွေလုပ်၊ တန်ခိုးကြီးဘုရားက မွေးနံထောင့်ဘုရားကို ပန်း၊ ဆီမီးကပ်လှူ၊ ပြုခဲ့ဖူးတဲ့ကုသိုလ်တွေကို နှလုံးသွင်းနေ ၊ သတိမလွတ်စေနဲ့၊ ဘာမှမဖြစ်ဘူး”

မော်တော်ကားသရဲ၊ မော်တော်ကား ခရေစီ၊ သူ့စိတ်ကြိုက်ကား မစီးနိုင်လို့ မ ကျေမနပ်ဖြစ်နေသူဖြစ်သည်။ Toyota Crown ဝယ်စီးချင်စိတ်ကို ဖျောက်မရသေး ဖြစ်သည်။ သူ၏ သက်ရောက်ကံဇာတာက တော့ အတော်ညံ့နေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here