သူတစ်ပါးထိခိုက်မှု အာမခံပရီမီယံကြေးကို လက်ရှိနှုန်းထားအတိုင်း ဆက်လက်ကောက်ခံမည်ဖြစ်ပြီး လျော်ကြေးငွေ တိုးပေးနိုင်ရန် စီစဉ်

253

ရန်ကုန်၊ အောက်တိုဘာ
သူတစ်ပါးထိခိုက်မှုအာမခံ ပရီမီ ယံကြေးကို လက်ရှိနှုန်းထားအ တိုင်း ဆက်လက် ကောက်ခံမည် ဖြစ်ပြီး လျော်ကြေးငွေ တိုးပေးနိုင် ရန် စီစဉ်နေကြောင်း မြန်မာ့အာမခံ လုပ်ငန်းဌာနမှ သိရသည်။

၂ဝ၁၆ ခုနှစ်၊ သြဂုတ်လမှစ၍ သူတစ်ပါးထိခိုက်မှု အာမခံလျော် ကြေးကို ၂ဝ၁၁ ခုနှစ်က သတ်မှတ် ကောက်ခံသည့်နှုန်းထားထက် တိုး မြှင့်ကောက်ခံခဲ့သလို လျော်ကြေး ငွေကိုလည်း တိုးမြှင့်ပေးခဲ့သည်။ ယခုနှစ်တွင် လက်ရှိထက် လျော် ကြေးငွေ ထပ်မံတိုးမြှင့်ပေးရန်စီစဉ် နေပြီး ပရီမီယံနှုန်းထားကိုမူ ပုံမှန် နှုန်းထားအတိုင်းသာ ကောက်ခံ သွားရန် စီစဉ်နေသည်။

“သူတစ်ပါးထိခိုက်မှု အာမခံ အတွက် ပရီမီယံကြေးကနေရရှိတဲ့ ငွေတွေကို စက်တပ်ယာဉ် မတော် တဆမှုကြောင့် သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို နစ်နာ ကြေးအနေနဲ့ မြန်မာ့အာမခံလုပ်ငန်း ဌာနကနေ ပေးအပ်မှာဖြစ်ပါတယ်၊ လက်ရှိမှာ နစ်နာကြေးကို သေဆုံး သူအတွက် ၁ဝ သိန်းသတ်မှတ် ထားပြီး ဒဏ်ရာရှိသူအတွက် အ များဆုံးကျပ် ရှစ်သိန်းပေးပါတယ်၊ ဒီနှစ်ထဲမှာ သူတစ်ပါးထိခိုက်မှု အာမခံနစ်နာကြေးကို အရင်ထက် တိုးမြှင့်ပေးဖို့ တင်ပြထားပါတယ်၊ ကောက်ခံတဲ့ ပရီမီယံကြေးကို တော့ လက်ရှိအတိုင်းပဲ ဆက်လက် ကောက်ခံမှာပါ”ဟု မြန်မာ့အာမခံ လုပ်ငန်းဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောပါသည်။

လက်ရှိတွင် ကိုယ်ပိုင်လူစီး ယာဉ်များကို ကျပ်ငါးထောင်မှ ကျပ် တစ်သောင်း၊ ကိုယ်ပိုင်ကုန်တင်ယာဉ် များကို ကျပ်ငါးထောင်မှ ကျပ် တစ်သောင်း၊ အငှားလူစီးယာဉ်များ ကို ကျပ်တစ်သောင်းမှ ကျပ် ၁၅,ဝဝဝ၊ အငှားကုန်တင်ယာဉ်များကို ကျပ် တစ်သောင်းမှ ကျပ် ၁၅,ဝဝဝ ဖြင့် သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံ ကြေး ကောက်ခံလျက်ရှိကြောင်း သိရသည်။
ဆန်းသစ်ေအာင်

LEAVE A REPLY

Please enter your comment!
Please enter your name here