သီလဝါ အထူးစီးပွားရေးစက်မှုဇုန်တွင်  စက်ရုံအသစ် ဖွင့်လှစ်မည်ဖြစ်၍ Suzuki Myanmar Motor မှ ကားထုတ်လုပ်မှု  တစ်လရပ်ဆိုင်းမည် လက်ရှိထုတ်လုပ်နေသည့် ကားများကိုလည်း  စျေးနှုန်းပြောင်းလဲရန် စီစဉ်နေ

1107

Suzuki Myanmar Motor မှ သီလဝါ အထူးစီးပွားရေးစက်မှုဇုန်တွင် စက်ရုံအသစ် ဖွင့်လှစ်မည်ဖြစ်ရာ အပြောင်းအရွှေ့ကာလအတွင်း ကားထုတ်လုပ်မှု တစ်လရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်း၌ CKD ၊ SKD စနစ်ဖြင့် Mini Truck ၊ MPV နှင့် Sedan ကားအမျိုးအစားများ ထုတ်လုပ်နေသော Suzuki Myanmar Motor သည် လာမည့်နှစ် ဇန်နဝါရီလအတွင်း သီလဝါအထူး စီးပွားရေးစက်မှုဇုန်တွင် စက်ရုံ အသစ် ဖွင့်လှစ်မည်ဖြစ်ရာ လက်ရှိ လည်ပတ်နေသော တောင်ဒဂုံစက်ရုံနှင့် သီလဝါစက်ရုံ အရွှေ့အပြောင်း ကာလအတွင်း ကားထုတ်လုပ်မှုများ ခေတ္တရပ်ဆိုင်းထားမည် ဖြစ်သည်။ သီလဝါစက်ရုံ စတင်လည်ပတ်ပြီး ကားများ ပြန်လည်ထုတ်လုပ်ပါကလည်း လက်ရှိ စက်ရုံထုတ် ကားများ၏ စျေးနှုန်းများကို အနည်းငယ် အပြောင်းအလဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

 

”လာမယ့်နှစ် ဇန်နဝါရီလအတွင်း သီလဝါအထူးစီးပွားရေးစက် မှုဇုန်မှာ စက်ရုံအသစ်ဖွင့်လှစ်မှာဖြစ်လို့ လက်ရှိ လည်ပတ်နေတဲ့စက်ရုံက နေ Machinery ၊ Equipment တွေ ရွှေ့ပြောင်းဖို့အတွက် ဒီဇင်ဘာလအတွင်း ကားထုတ်လုပ်မှုရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်၊ အခုလောလောဆယ်မှာ လက်ရှိ ထုတ်လုပ်နေတဲ့ Suzuki Ertiga နဲ့ Suzuki Ciaz တို့ကို ပုံပြောင်းထုတ်လုပ်ဖို့မရှိဘဲ ရောင်းချနေတဲ့ စျေးနှုန်းတွေကို ပြောင်းလဲဖို့တော့ ရှိပါတယ်၊ စျေး နှုန်းပြောင်းလဲမယ်ဆိုပေမဲ့ လက်ရှိ စက်ရုံထုတ်စျေးနဲ့ အများကြီးကွာ ဟမှာ မဟုတ်ပါဘူး”ဟု Suzuki Myanmar Motor မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

ရန်ကုန်လိုင်စင် ကားသစ်များ ဝယ်ယူရန် အခက်အခဲဖြစ်နေချိန် တွင် ပြည်တွင်းထုတ် Suzuki Ertiga နှင့် Suzuki Ciaz တို့မှာ ဝယ်လိုအား မြင့်မားနေသောကြောင့် Suzuki Myanmar Motor မှ တရားဝင် ရောင်းချပေးထားသော အရောင်းကိုယ်စားလှယ်များတွင် ပစ္စည်းပြတ်သည်အထိ ရောင်းလိုအား မြင့်မားနေသည်။ တရားဝင် အရောင်းကိုယ်စားလှယ်များမှ တစ်ဆင့် Suzuki ကားများရောင်းချရာ တွင်(ဝင်ငွေခွန်မပါ)Ciaz ကို ကျပ် ၂၄၅ သိန်း၊ Ertiga ကို ကျပ်သိန်း ၂၃ဝ ဖြင့် ရောင်းချနေပြီး အရစ်ကျစနစ်ဖြင့်လည်း MAB ဘဏ်နှင့် ချိတ်ဆက်ကာ တစ်နှစ်မှ ငါးနှစ်အထိ ဝယ်ယူနိုင်ကြောင်း သိရသည်။

ကိုဖြိုး

LEAVE A REPLY

Please enter your comment!
Please enter your name here