သိန်း ၄ဝဝ နဲ့ သိန်း ၆ဝဝ ကြားရွေးချယ်ဝယ်ယူသင့်သည့်ကားများ

1063

ဒီနှစ်ရဲ့ကားတင်သွင်းခွင့်မူဝါဒအရ ဆီဒင်ကားအမျိုးအစားထဲက Crown တို့ ၊ Mark X တို့ကိုတင်သွင်းလို့မရတော့တဲ့အတွက် ဘယ်မောင်းကားတွေကို အစားထိုးတင်သွင်းရမှာဖြစ်ပါတယ်။မိုဒယ်မြင့်ပြီးအဆင့်မြင့်နည်းပညာတွေ အသုံးပြုထားတဲ့ ဆီဒင်ကားအမျိုးအစားကိုရွေးချယ်ဝယ်ယူမယ်ဆိုရင် Mazda Atenza နဲ့ Volkswagen Passat တို့က လက်ရှိအချိန်မှာအသင့်တော်ဆုံးအနေအထားမှာရှိနေမှာပါ။

Mazda Atenza

 

 

 

 

 

Sedan ကားအမျိုးအစားဖြစ်တဲ့ Mazda Atenza ကို ၂ဝဝ၂ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပြီး Mazda 6 လို့လည်းခေါ်ကြပါတယ်။ဒီကားကို ဆယ်စုနှစ်အတော်ကြာ လူကြိုက်များခဲ့တဲ့ Mazda Capella(616၊626) နေရာမှာ အစားထိုးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Mazda Atenza ခေါ်(Mazda 6)က ဂျပန်နဲ့တရုတ်မှာသာမက ဥရောပနိုင်ငံများမှာပါ လူကြိုက်များတဲ့အတွက် အစီးရေသန်းနဲ့ချီရောင်းချနိုင်ခဲ့ပါတယ်။Mazda Atenza ကို၂ဝဝ၂  မိုဒယ်ကနေ ၂ဝဝ၈ မိုဒယ်အထိကိုပထမမျိုးဆက်၊၂ဝဝ၈ မိုဒယ်ကနေ ၂ဝ၁၂ မိုဒယ်အထိကို ဒုတိယမျိုးဆက်၊၂ဝ၁၂ ခုနှစ်အထက်ကိုတော့ တတိယမျိုးဆက်အဖြစ် ထုတ်လုပ်ထားပါတယ်။တတိယမျိုးဆက်မှာ တံခါးလေးချပ်ဆီဒန်ကိုသာမကပဲ တံခါး ၅ချက် Station Wagon နဲ့ပါထုတ်လုပ်ထားပေမယ့် Wagon Type ကိုတော့ လူကြိုက်နည်းတဲ့အတွက် ထုတ်လုပ်မှုနည်းပါတယ်။Atenza ကို ဂျပန်နိုင်ငံမှာသာမကပဲ တရုတ်နိုင်ငံမှာလည်း Mazda 6 ဆိုပြီး ထုတ်လုပ်ထားပါတယ်။

အင်ဂျင်အမျိုးအစား

Mazda Atenza ကို Skyactiv နည်းပညာကိုသုံးပြီး Mazda အင်ဂျင်နဲ့ ထုတ်လုပ်ထားပါတယ်။အင်ဂျင်ပါဝါ ၂ဝဝဝ စီစီ၊၂၂ဝဝ စီစီ၊၂၅ဝဝ စီစီ ၃ မျိုးထုတ်လုပ်ထားပြီး ဓာတ်ဆီအင်ဂျင်ကို ၂ဝဝဝ စီစီနဲ့ ၂၅ဝဝ စီစီမှာ တပ်ဆင်ထားပါတယ်။ကမ္ဘာကြီးပူနွေးလာတဲ့အချိန်မှာ ကားထုတ်လုပ်တဲ့ကုမ္ပဏီအများစုက ဓာတ်ဆီအင်ဂျင်နဲ့ထုတ်လုပ်နေပေမယ့် Mazda က တော့ သန့်စင်တဲ့ လောင်စာဒီဇယ်ကိုအသုံးပြုပြီးထုတ်လုပ်ထားပါတယ်။

အပြင်ပိုင်းနှင့်အတွင်းခန်းအပြင်အဆင်

Mazda Atenza မှာ ဂရိတ်အနေနဲ့ 20S၊20S Proactive ၊ XD ၊XD Proactive ၊ XD-L Package ၊ 25S-L Package ဆိုပြီးရှိပါတယ်။အရှေ့မှာ ရည်ညွှန်းတဲ့ 20 ၊ 25 တို့ဆိုတာ အင်ဂျင်ပါဝါဖြစ်ပြီး ဂဏန်းမပါဝင်တာက ၂၂ဝဝ စီစီဖြစ်ပါတယ်။20S ကရိုးရိုးဂရိတ်ဖြစ်ပေမယ့် Digital Aircon ၊ Seat Motor Dual Aircon Push-Start ၊ Paddle-Shift ၊ Stop စတာတွေတပ်ဆင်ထားတဲ့အတွက် ဂရိတ်နိမ့်လို့တောင်မထင်ရပါဘူး၊ 20S Proactive မှာတော့ မမြင်ကွယ်ရာနောက်ကနေ တစ်စုံတစ်ရာထွက်ပေါ်လာ တဲ့အခါမှာ အချက်ပေးတဲ့ Blind Spot Monitor ပါဝင်လာပါတယ်။ XD ဂရိတ်တွေမှာ Bose Sound System ထည့်သွင်းပေးထားပြီး အလွိုင်းဆိုဒ်က ၁၉ လက်မဖြစ်သွားပါတယ်။25S-L-Package မှာ လည်သာထိုင်ခုံ၊လည်သာစတီယာရင်ဖြစ်သွားပြီး ဂရိတ်အမြင့်ဆုံးဖြစ်လို့ ပစ္စည်းစုံပါသွားပါတယ်။

စျေးနှုန်း

Mazda Atenza ၂ဝ၁၅ မိုဒယ်ကိုဝယ်ယူမယ်ဆိုရင် အင်ဂျင်ပါဝါနဲ့ဂရိတ်အပေါ်မူတည်ပြီး သိန်း ၅ဝဝ နဲ့ သိန်း ၆ဝဝ ကြားမှာကျသင့်မှာဖြစ်ပါ တယ်။

 

Volkswagen Passat

 

 

 

 

 

Volkswagen Passat ဟာ ထုတ်လုပ်မှုသက်တမ်းကြာမြင့်တဲ့ကားဖြစ် ပြီး ၁၉၇၃ ခုနှစ်ကတည်းကထုတ်လုပ်ခဲ့တဲ့အတွက် မျိုးဆက် ၈ ခုအထိ ရှိပြီဖြစ်ပါတယ်။ဒီကားရဲ့အရွယ်အစားက Volkswagen Golf (Jetta) နဲ့ Volkswagen Arteon တို့ကြားမှာရှိပါတယ်။ မျိုးဆက်အမျိုးမျိုးပြောင်းလဲသွားသလို ထုတ်လုပ်မှုပုံစံလည်းပြောင်းလဲသွားပြီး နောက်ဆုံးမျိုးဆက်က စပြီး ဆီဒင်ကားအဖြစ်နဲ့ထုတ်လုပ်ခဲ့ပါတယ်။ Volkswagen Passat ဟာ ဆီ ၃ လီတာကို ကီလို ၁ဝဝ အထိမောင်းနှင်နိုင်တဲ့အတွက် Hybrid မဟုတ်တဲ့ လောင်စာဆီသုံးကားတွေထဲမှာ ဆီစားနှုန်းသက်သာဆုံးအဖြစ် ဂရင်းနစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ဒီကားရဲ့ အင်ဂျင်ကောင်းမွန်မှုနဲ့ အတွင်းဂရိတ်တွေ ပြည့်ဝလို့ ကမ္ဘာအကောင်းဆုံးကားစာရင်းထဲမှာတောင် ပါဝင်ပြီး ၂ဝ၁၂ ခုနှစ်မှာ Motor Trend Car of the Year ဆုကိုတောင်ရရှိခဲ့ပါတယ်။

အင်ဂျင်အမျိုးအစား

Volkswagen Passat နောက်ဆုံးမျိုးဆက်မှာ အင်ဂျင်ပါဝါ ၁၄ဝဝ စီစီ နဲ့ ၂ဝဝဝ စီစီ နှစ်မျိုးထုတ်လုပ်ထားပါတယ်။အင်ဂျင်ပါဝါနည်းပေမယ့် မြင်းကောင်ရေအားများတဲ့အတွက် စက်ဆွဲအားကောင်းမွန်ပါတယ်။၁၂ဝဝ စီစီမှာ မြင်းကောင်ရေ 122 PS ထွက်တဲ့လေးလုံးထိုး CAX အင်ဂျင်ကို IC Turbo နဲ့တပ်ဆင်ပေးထားပြီး ဂီယာ ၇ ချက်နဲ့တွဲဖက်ပေးထားပါတယ်။ ဆီစားနှုန်းက မြို့တွင်းမောင်းမယ်ဆိုရင် တစ်လီတာကို ၁၇.၆ ကီလိုအထိ မောင်းနှင်နိုင်ပါတယ်။

အပြင်ပိုင်းနှင့်အတွင်းခန်းအပြင်အဆင်

Volkswagen Passat မှာ TSI Trendline ၊ TSI Comfortline ၊  TSI Highline ၊ TSI RLine စတဲ့ဂရိတ်တွေရှိပါတယ်။Comfortline မှာ HID LED Headlight ၊ Push-Start ၊ I Stop စတာတွေပါဝင်ပြီး Digital Aircon နဲ့ TV ၊ Back Camera တွေတပ်ဆင်ထားပါတယ်။Comfortline တွေမှာ Steering Control ၊ Cruise Control ၊ Paddle Shift စတာတွေအပြင် Audio စနစ်အတွက် စပီကာ၆လုံးတပ်ဆင်ထားပါတယ်။နောက်ပြီး Highline ဂရိတ်မှာ ၁၇ လက်မအလွိုင်းဆိုဒ်ဖြစ်သွားပါတယ်။ Mid Size ဆီဒင်အမျိုးအစားဖြစ်ပြီး အင်ဂျင်စက်ဆွဲအားကောင်းမွန်တဲ့အတွက်မြို့ တွင်းမြို့ပြင်သင့်တော်တဲ့ ကားအမျိုးအစားဖြစ်ပါတယ်။

စျေးနှုန်း

Volkswagen Passat၂ဝ၁၅ မိုဒယ်ကိုဝယ်ယူမယ်ဆိုရင် အင်ဂျင်ပါဝါ ၁၄ဝဝ စီစီနဲ့ ၂ဝဝဝ စီစီအပေါ်မူတည်ပြီး အခွန်ကွာဟချက်ရှိပါတယ်။ဒီ မှာတော့ အထူးကုန်စည်ခွန်ကင်းလွတ်ခွင့်ရတဲ့ ၁၄ဝဝ စီစီကိုပဲတင်သွင်းမှုများပြီး ဂရိတ်အပေါ်မူတည်ကာ သိန်း ၄ဝဝ နဲ့ သိန်း ၄၅ဝ ကြားမှာရှိပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here