သိန်း ၁၅ဝ ဝန်းကျင်ဖြင့်ရွေးချယ်ဝယ်ယူသင့်သည့်ကားများ

2380

၁၃ဝဝ စီစီ ကားထဲက အတွင်းခန်းကျယ်ပြီး ခေါင်မြင့်စီးချင်တယ်ဆိုရင် Mitsubishi Delica D2 နဲ့ Chevrolet MW ကိုရွေးချယ်သင့်ပါတယ်။ဒီကားတွေရဲ့ စျေးနှုန်းကလည်း သိန်း ၁၅ဝ ဝန်းကျင်သာရှိပြီး အရောင်းအဝယ်ပြုလုပ်တဲ့အခါမှာလည်း လွယ်ကူပါတယ်၊ကားဒီဇိုင်းပုံစံကလည်းလူငယ်အကြိုက်ဖြစ်ပြီး Modified လုပ်ပြီးစီးချင်သူတွေအတွက်လည်းဒီဇိုင်းပြောင်းလို့ရတဲ့ကားပုံစံမျိုးဖြစ်ပါတယ်၊

 

 

 

 

 

Mitsubishi Delica D2

Delica D2 ဟာ Suzuki Solio နဲ့ရုပ်ချင်းဆင်သလို Toyota Porte၊Toyota bB ၊ Suzuki Wagon R တို့လို့ Hatchback ကားအမျိုးအစားဖြစ်ပြီး အတွင်းခန်းကျယ်သလိုခေါင်မြင့်တဲ့အတွက် ငါးယောက်အထိသက်သောင့်သက်သာ စီးနိုင်တဲ့ကားဖြစ်ပါတယ်။Mitsubishi ကနေ Delica ကို ၁၉၆၈ ခုနှစ်ကတည်းက Truck အနေနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာ Van၊Wagon ပုံစံနဲ့ လူစီးကားတွေကိုထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။Delica ရဲ့နာမည်က Delivery Car ဆိုတဲ့အဓိပ္ပာယ်ကနေဆင်းသက်လာတာ ဖြစ်ပါတယ်။ထုတ်လုပ်သက်တမ်း ကြာလာတာနဲ့အမျှ မျိုးဆက်ငါးခုအထိပြောင်းလဲခဲ့ပြီး နောက်ပိုင်းမျိုးဆက် တွေမှာ D2၊D3၊D5 ဆိုပြီး လူစီးကားတွေကိုဦးစားပေးထုတ်လုပ်ထားပါတယ်။D2 က အင်ဂျင်ပါဝါ ၁၃ဝဝ စီစီပဲရှိတဲ့အတွက် Hatchback ထုတ် လုပ်ထားပြီး D3၊D5 ကို Minivan အဖြစ်ထုတ်လုပ်ထားပါတယ်။

အင်ဂျင်အမျိုးအစား

Mitsubishi Delica D2 ကို အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ တစ်မျိုးတည်းနဲ့ထုတ်လုပ် ထားပြီး 2WD ၊ 4WDနှစ်မျိုးရှိပေမယ့် Chassis ကတော့ MB15S တစ်မျိုးတည်းနဲ့ပဲလာပါတယ်။မိုဒယ်က K12B ဖြစ်ပြီး 4 Cylinder DOHC 16-Valves အမျိုးအစားဖြစ်ပါတယ်။Delica D2 မှာ Eco Mode ပါသွားတဲ့အတွက်လည်း ဆီစားနှုန်းသက်သာသွားပါတယ်။

အတွင်းခန်းအပြင်ပိုင်းအပြင်အဆင်

Delica D2 2012၊2013 မိုဒယ်တွေမှာ S AS&G၊S နဲ့ X ဂရိတ်တွေရှိပြီး S ဂရိတ်က အမြင့်ဆုံးဖြစ်လို့ Push-Start၊Digital Aircon Power Slide Door ၂ချက်၊Fog Lamp၊Original Alloy Wheel အလွိုင်းဝှီး ၁၅ လက်မနဲ့ဘက် မှန်မီးချောက်စတာတွေပါသွားပါတယ်။နောက်ပြီး S ဂရိတ်မှာ စတီယာရင် လည်သာကြိုးချုပ်ဖြစ်သွားသလို ရှေ့လက်တင်လည်းပါသွားသလို Alphard MZG ဂရိတ်လိုမျိုး Slide Door ၂ချက်က အော်တိုအဖွင့်အပိတ် ဖြစ်သွားပါတယ်။S AS&G ဂရိတ်မှာလည်း S ဂရိတ်မှာပါတဲ့အတိုင်းပါဝင် ပစ္စည်းတော်တော်များများ ပါဝင်ပါတယ်။

စျေးနှုန်း

Mitsubishi Delica D2 ၂ဝ၁၂ မိုဒယ်ကို နယ်လိုင်စင်စတိနံပါတ်နဲ့ဝယ်မယ်ဆိုရင် သိန်း ၁၆ဝ ဝန်းကျင်ကျသင့်မှာဖြစ်ပြီး ရန်ကုန်လိုင်စင်နံပါတ် ထွက်ပြီးသားကားကို ရွေးချယ်ဝယ်ယူမယ်ဆိုရင် သိန်း ၁၄ဝ နဲ့ သိန်း ၁၇ဝ ကြားကျသင့်မှာဖြစ်ပါတယ်။

 

 

 

 

 

Chevrolet MW

Mitsubishi Delica D2 လိုပဲအတွင်းခန်းကျယ်ပြီးခေါင်မြင့်တဲ့ Chevrolet MW ဟာ Tall Wagon အမျိုးအစားဖြစ်ပြီး Suzuki နဲ့ General Motor တို့ပူးပေါင်းဖန်တီးထားတဲ့ကားဖြစ်ပါတယ်။ဒီကားက Suzuki Wagon R Plus နဲ့ Suzuki Solio တို့ကိုအခြေခံထားထုတ်လုပ်ထားတာဖြစ်ပြီး Mazda AZ Wagon၊Opel Aggila၊Chevrolet Cruise တို့နဲ့လည်း ဖွဲ့စည်းတည်ဆောက်ပုံဆင်တဲ့အတွက် ဒီကားတွေရဲ့ Sister ကားအဖြစ်လည်း အသိအမှတ်ပြုထားပါတယ်။Chevrolet MW က Suzuki R Plus ကိုအခြေခံထားထုတ်လုပ်ထားတာဖြစ်လို့ အပိုပစ္စည်းရှာဖွေရလွယ်ကူသလို ဒီကားရဲ့စျေးနှုန်းကလည်း Mitsubishi Colt စျေး လောက်ပဲရှိတဲ့အတွက် ၁၃ဝဝ စီစီ ကားစျေးကွက်ထဲမှာလူကြိုက်များတဲ့ ကားအမျိုးအစားတွေထဲမှာပါဝင်နေပါတယ်။

 

အင်ဂျင်အမျိုးအစား

Chevrolet MW ကို ၂ဝဝဝ မိုဒယ်မှာစတင်ထုတ်လုပ်ခဲ့ပြီး ၂ဝဝ၁ မိုဒယ် အထိကို ၁ဝဝဝ စီစီနဲ့ ၁၃ဝဝ စီစီ နှစ်မျိုးထုတ်လုပ်ခဲ့ပါတယ်၊နောက်ပိုင်းမှာတော့ ၁၃ဝဝ စီစီ အင်ဂျင်ကိုပဲ 2WD၊4WD နှစ်မျိုးထုတ်လုပ်ပါတယ်၊၁ဝဝဝ စီစီအင်ဂျင်အမျိုးအစားက K10A ဖြစ်လို့ Suzuki R Plus အင်ဂျင်နဲ့တူပြီး ၁၃ဝဝ စီစီမှာတော့ M13A ဖြစ်သွားပါတယ်၊

 

အတွင်းခန်းအပြင်ပိုင်းအပြင်အဆင်

Chevrolet MW မှာ Basegrade၊V Selection၊G Selection စတဲ့ဂရိတ်တွေရှိပါတယ်၊ဒီဂရိတ် ၃ မျိုးမှာထူးခြားချက်အနေနဲ့ Basegrade က တစ်ခြားဂရိတ်တွေထက်ပစ္စည်းပိုစုံပြီး Aircon Auto ဖြစ်သွားသလိုအလွိုင်းဆိုဒ်ကလည်း ၁၅ လက်မဖြစ်သွားပါတယ်၊ဂရိတ်အားလုံးမှာတော့ ရှေ့နှင်း ခွဲမီး၊နောက်စကွိုင်လာနဲ့နောက်ဘမ်ဘာတွေကွာသွားပါတယ်၊ထုတ်လုပ်မှု သက်တမ်းတိုတဲ့အတွက် ၂ဝဝ၁ မိုဒယ်နဲ့၂ဝဝ၂ မိုဒယ်ကြားမှာပဲ ရှေ့ရုပ် မသိမသာပြောင်းသွားပါတယ်၊Option အပေါ်မူတည်ပြီးတော့ Leather Seat ဖြစ်မဖြစ်ကွာသွားပြီး ရှေ့လက်တင်ကတော့ ကားတိုင်းလိုလိုမှာပါရှိ ပါတယ်။

စျေးနှုန်း

၁၃ဝဝ စီစီကားစျေးကွက်ထဲမှာ Chevrolet MW ကို ၂ဝဝ၇၊၂ဝဝ၈၊၂ဝဝ၉  မိုဒယ်တွေကိုပဲတွေ့ရပြီး အက္ခရာအနိမ့်အမြင့်နဲ့ကီလိုအပေါ်မူတည်ပြီး သိန်း ၁၃ဝ ကနေ သိန်း ၁၅ဝ ကြားမှာရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here