သားနားတဲ့ ဘော်ဒီကောက်ကြောင်းနဲ့ 2021 Lexus ES 350

156

 

ဂျပန်ထိပ်တန်းကားကုမ္ပဏီ Toyota ရဲ့ဇိမ်ခံကားလုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Lexus ဟာ mid-size luxury ES မိုဒယ်ကို ၁၉၈၉ ခုနှစ်က စတင်ထုတ်လုပ်လာတာ လက်ရှိမှာတော့ ဆယ်စုနှစ်သုံးခုသက်တမ်းကို ရောက်ရှိလာခဲ့ပါပြီ။ မျိုးဆက်အနေနဲ့ဆိုရင် သတ္တမမျိုးဆက်အထိရောက်ရှိနေပြီး လက်ရှိမျိုးဆက်ကို ၂၀၁၈ ခုနှစ်ကနေ စတင်ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

စက်စွမ်းရည်
2021 Lexus ES 350 မိုဒယ်မှာ ES 350 အပြင် ES 350 F Sport ၊ ES 350 Luxury ၊ ES 350 Ultra Luxury ၊ ES 300 h ၊ ES 300 h Luxury ၊ ES 300 h Ultra Luxury စတဲ့ Trim Level ခုနစ်မျိုးအထိ ရှိပါတယ်။ Trim Level ခုနစ်မျိုးရှိတဲ့အထဲ ES 350 မိုဒယ်တွေမှာ မြင်းကောင်ရေ ၃၀၂ ကောင်အား 3.5 liter V6 အင်ဂျင် တပ်ဆင်ထားပြီး ES 300 h မိုဒယ်သုံးခုကတော့ Hybrid မိုဒယ်တွေဖြစ်လို့ မြင်းကောင်ရေ ၂၁၅ ကောင်အား 2.5 liter V6
အင်ဂျင်အပြင် လျှပ် စစ်မိုတာ တပ်ဆင်ထားပါတယ်။ ဒါကြောင့် စွမ်းအင်ထုတ်လုပ်မှုမှာတော့ ES 350 မိုဒယ်တွေက ပိုကောင်းပါတယ်။ စွမ်းဆောင်ရည်ပိုကောင်းတဲ့ ES 350 မိုဒယ်တွေက ၆ ဒသမ ၆ စက္ကန့်အတွင်း သုညမိုင်ကနေ မိုင် ခြောက်ဆယ်အထိ အရှိန်တင်နိုင်ပြီး အမြင့်ဆုံးအနေနဲ့ တစ်နာရီ ၁၃၁ မိုင်နှုန်းအထိ မောင်းနှင်နိုင်တာကြောင့် မြန်နှုန်းမြင့်မောင်းချင်သူတွေအတွက် စိတ်ကြိုက်တွေ့စေမှာ သေချာပါတယ်။
ဆီစားနှုန်းကတော့ မြို့တွင်းတစ်ဂါလန် ၂၂ မိုင်နှုန်း၊ မြို့ပြင် တစ်ဂါ လန် ၃၂ မိုင်နှုန်းဖြစ်ပြီး ပျမ်းမျှဆိုရင်တော့ တစ်ဂါလန် ၂၆ မိုင်နှုန်းဖြစ် ပါတယ်။ ၂၀၁၈ မိုဒယ်တုန်းက 6 Speed Automatic Transmission ဖြစ်ပေမဲ့ ၂၀၂၁ မိုဒယ်မှာတော့ Direct-Shift 8-Speed Automatic Transmission ဖြစ်လာပါတယ်။ ရှေ့ဘီးယက်စနစ်ဖြစ်ပြီး လူငါးယောက် လိုက်ပါစီးနင်းနိုင်တဲ့ တန်ဖိုးမြင့် ဆီဒန်တစ်စီးလို့ဆိုရင်လည်း မမှားပါဘူး။

တည်ဆောက်ပုံ
ဂျပန်ကုမ္ပဏီရဲ့ နာမည်ကျော်မိုဒယ်တွေဖြစ်တဲ့ Prius ၊ Prius Hybrid ၊ Prime ၊ C-HR/IZOA ၊ Corolla ၊ Auris ၊ Levin တို့ကို တည်ဆောက်တဲ့ Toyota New Global Architecture(TNGA) Platform နဲ့ တည်ဆောက်ထားတာဖြစ်ပြီး အရှေ့ဘက်ဆိုင်းထိန်းစနစ်က Independent MacPherson struts with Coil Springs ၊ အနောက် ဘက်ဆိုင်းထိန်းစနစ်က Multi-link Suspension with Trailing Arm ဖြစ်တာကြောင့် ယာဉ်တည်ငြိမ်မှုရှိစေသလို ဘယ်လိုလမ်းမျိုးမှာမဆို တည်တည်ငြိမ်ငြိမ် မောင်းနှင်နိုင်မှာပါ။ ရှေ့မျက်နှာစာအပြည့် ဆဋ္ဌဂံ ရှဲလ်ကြီးက Lexus ပင်တိုင်ဒီဇိုင်းဖြစ်ပြီး ခံ့ညားထည်ဝါမှုအပြည့်ရှိပါတယ်။ ရှဲလ်ကြီးရဲ့ ဘေးတစ်ဖက်စီမှာ ဒေါင်လိုက်လေစုပ်ပေါက်တစ်ခုစီပါဝင်ပြီး ကားအရှေ့ဘက်အောက်ဆုံးကို Skirt ပုံစံ ဖန်တီးပေးထားတာက နောက် ဆုံးပေါ် မိုဒယ်ပီပီ သားနားတဲ့ဖွဲ့စည်းမှုလို့ ဆိုနိုင်ပါတယ်။
ကြောင်မျက်လုံးပုံ ရှေ့မီးကြီးက နေ့လင်းမီးတန်းစနစ်ပါဝင်တဲ့ ဂရိတ် အပြည့် Premium Triple-Beam LED Headlamps ဖြစ်သလို မျက် နှာချင်းဆိုင်က ကားမီးရောင်ကိုထောက်လှမ်းပြီး ကားမီးကို အနိမ့်/အမြင့် ပြုလုပ်ပေးမှာပါ။ နောက်ဖုံးနဲ့ တွဲစပ်ဖွဲ့စည်းထားတဲ့ နောက်မီးအုံကလည်း အရည်အသွေးမြင့် LED Taillamps ဖြစ်ပြီး နောက်ဖုံးကို လေပင့်အားထိန်း တောင်ပံအသေးစားလေးသဖွယ် အနည်းငယ် ကော့တက်ပေးထားပါတယ်။ အနောက်ဘက် Diffuser Area မှာ လေးထောင့်ပုံစံခရိုမီယမ် အိပ်ဇော ပိုက်တစ်ခုစီကို ဘယ်ညာတစ်ဖက်တစ်ချက်မှာ ထည့်သွင်းပေးထားပြီး အနောက်ဘက်ကားမှန်အပေါ်မှာ ငါးမန်းတောင် Antenna အသေးစား တစ်ခုထည့်ပေးထားပါတယ်။ ကားခေါင်မိုးမှာ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ပွင့်ထွက်လာမယ့် Panorama Glass Roof ပါဝင်တာကြောင့် အမိုးဖွင့် မောင်းနှင်မယ်ဆိုရင် ကောင်းကင်ကျယ်ကြီးရဲ့အလှအပကို ခံစားနိုင်မှာ ဖြစ်ပြီး လတ်ဆတ်တဲ့လေနုအေးတွေကိုလည်း ရှူရှိုက်ခွင့်ရနိုင်မှာပါ။

ဘော်ဒီကောက်ကြောင်းကလည်း ခေတ်မီဇိမ်ခံ ဆီဒန်ကားတစ်စီးပီပီ သပ်ရပ်သားနားတာကြောင့် လူငယ်လူလတ်ပိုင်းကိုတင်မက တည်ငြိမ်တာ ကိုမှကြိုက်တဲ့ လူကြီးပိုင်းအတွက်လည်း စိတ်ကြိုက်တွေ့စေမှာ သေချာပါ တယ်။ Welded-Steel unibody နဲ့ တည်ဆောက်ထားတာကြောင့် ကားအလေးချိန်က ၃,၆၄၉ ပေါင်သာရှိပြီး အနောက်ဖုံးထဲ ပစ္စည်းထည့် သွင်းနိုင်တဲ့ပမာဏက ၁၆ ဒသမ ၇ ကုဗပေဖြစ်သလို ၁၅ ဒသမ ၉ ဂါ လန်ဆံ့တဲ့ ဆီတိုင်ကီ ပါဝင်ပါတယ်။ ၁၇ လက်မ 10-Spoke Alloy Wheel တပ်ဆင်ထားပြီး ကားဘီးတွေက ဆူညံသံကို လျှော့ချပေးထားတဲ့ အပြင် ရာသီမရွေးသုံးစွဲနိုင်တဲ့ ဗူ-ှနျေသည တာယာတွေ အသုံးပြုထားလို့ ဘယ်လိုအခြေအနေမှာမဆို စိတ်ချလက်ချအသုံးပြုနိုင်မှာပါ။ ဒါ့ပြင် အရွယ်အစားပိုကြီးတဲ့ ၁၈ လက်မ Split-Five Spoke Alloy ဘီးခွေကိုလည်း ရွေးချယ်ခွင့်ပေးထားပါတယ်။

အတွင်းခန်း
2021 Lexus ES 350 မိုဒယ်ရဲ့အတွင်းခန်း ထိုင်ခုံတွေကို အရည် အသွေးမြင့် Flaxen Semi-aniline Leather တွေနဲ့ ချုပ်လုပ်ထားပြီး ရှေ့ခန်း ထိုင်ခုံနှစ်လုံးကို Sport Seats ဒီဇိုင်း ဖန်တီးပေးထားပါတယ်။ ယာဉ်မောင်းထိုင်ခုံကို ပုံစံဆယ်မျိုးအထိ ပြောင်းလဲနိုင်သလို ဘေးထိုင်ခုံ ကိုလည်း အနေအထားခြောက်မျိုး ချိန်ညှိနိုင်တာကြောင့် ခရီးဝေးသွား တဲ့အခါ ညောင်းညာကိုက်ခဲမှုကို လျှော့ချပေးနိုင်ပါတယ်။ နောက်ခန်းမှာ လိုက်ပါမယ့်သူတွေအတွက်လည်း ကျယ်ကျယ်ဝန်းဝန်း ထိုင်နိုင်အောင် ဖန်တီးပေးထားပြီး ဒက်ရှ်ဘုတ်မှာတော့ မျက်နှာပြင်အကျယ် ၁၂ ဒသမ ၃ လက်မရှိတဲ့ Multimedia Display မှာ Satellite Navigation အပါအဝင် ခေတ်ပေါ်နည်းပညာတွေကို လက်တစ်ချက်ထောက်လိုက်ရုံနဲ့ အသုံးပြုနိုင်ပါတယ်။ Apple CarPlay ၊ Android Auto စတာတွေလုပ် ဆောင်နိုင်သလို Amazon Alexa နည်းပညာကြောင့် တေးသီချင်းတွေ နားထောင်မလား၊ Audio Books ပဲ နားထောင်မလား အဆင်ပြေစေပါတယ်။

အသံစနစ်အတွက် နာမည်ကျော် အမေရိကန် Audio ကုမ္ပဏီ Harman International Industries ထုတ် Mark Levinson Audio System စပီကာ ၁၇ လုံးကို ကားအတွင်းခန်း နေရာအနှံ့ တပ်ဆင်ပေးထားတာကြောင့် အရည်အသွေးမြင့်မားတဲ့ သောတအာရုံကို ခံစားနိုင်မှာပါ။ Center Console က ကျယ်ပြန့်သပ်ရပ်သလို တန်ဖိုးမြင့်ပစ္စည်းတွေကိုပဲ အသုံးပြုထားတာကလည်း ထူးခြားမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ အတွင်းခန်း အပြင်အဆင်ကို ဂျပန်ရိုးရာ Hadori Aluminum Trim အပြင် Distinctive Wood Trim ကိုပါ ရွေးချယ်ခွင့်ပေးထားပါတယ်။ ကားအတွင်းထိုင်ခုံ အရောင်ကို လေးမျိုးအထိရနိုင်တာကြောင့် မိမိနှစ်သက်တဲ့အရောင် ရွေး ချယ်နိုင်ပါတယ်။

Standard Forward-Collision Warning ၊ Standard Front and Rear Parking Sensors ၊ Standard Lane Departure Warning ၊ Lane Keep Assistance , Blind Spot Monitoring System ၊ Rear Cross-Traffic Alert ၊ Adaptive Cruise Control ၊ Anti-lock Braking System ၊ Electronic Brakeforce Distribution ၊ Brake Assist စတဲ့ အထောက်အကူပြုနည်းပညာတွေ ပါဝင်တာကြောင့် ယာဉ်မောင်းသူအတွက်ရော လိုက်ပါစီးနင်းသူတွေအတွက်ပါ လုံခြုံစိတ်ချ ရမှုအပြည့်ရှိစေပါတယ်။ Lexus Safety System+ 2.0 စနစ်လည်း ပါဝင်ပြီး အမေရိကန်ပြည်ထောင်စုအစိုးရက အသိအမှတ်ပြုထားတဲ့ NHTSA ရဲ့စစ်ဆေးသတ်မှတ်ချက်မှာ အမြင့်ဆုံးအဆင့် ကြယ်ငါးပွင့် ရရှိထားတာကြောင့်လည်း 2020 Lexus ES 350 ဟာ လုံခြုံစိတ်ချရမှု အပိုင်းမှာ ထိပ်တန်းနေရာက ရပ်တည်နေတယ်ဆိုတာ ထင်ရှားပါတယ်။

ယာဉ်ပေါ် လိုက်ပါလာသူတွေအနေနဲ့ ယာဉ်မတော်တဆမှုနဲ့ ကြုံ တွေ့လာခဲ့ရင် ကားအတွင်းခန်းနေရာအနှံ့ ထည့်သွင်းပေးထားတဲ့ လေ အိတ်ဆယ်လုံးက အသက်အန္တရာယ်မထိခိုက်အောင် ကူညီပေးမှာဖြစ် တာကြောင့် ယုံကြည်မှုအပြည့်ရှိစေမှာ ဖြစ်ပါတယ်။

ဈေးနှုန်းနှင့် ပြိုင်ဘက်
Trim Level ခုနစ်မျိုးထဲမှာ ES 350 က အမေရိကန်ဒေါ်လာ ၃၉,၉၀ဝ၊ ES 350 F Sport က အမေရိကန်ဒေါ်လာ ၄၅,၇၀ဝ၊ ES 350 Luxury က အမေရိကန်ဒေါ်လာ ၄၅,၁၀ဝ၊ ES 350 Ultra Luxury က အမေရိကန်ဒေါ်လာ ၄၈,၉၀ဝ၊ ES 350 F Sport Black Line Special Edition က အမေရိကန်ဒေါ်လာ ၄၆ç၅၅၀၊ ES 300 h က အမေရိကန်ဒေါ်လာ ၄၁,၈၁၀၊ ES 300 h Luxury က အမေရိကန်ဒေါ်လာ ၄၇,ဝ၁၀၊ ES 300 h Ultra Luxury က အမေရိကန်ဒေါ်လာ ၅၀,၈၁၀ ကျသင့်မှာဖြစ်ပါတယ်။ 2021 Lexus ES 350 ရဲ့ပြိုင်ဘက်တွေကတော့ 2021 BMW 5-Series ၊ 2020 Genesis G80 ၊ 2020 Mercedes-Benz E-Class ၊ 2020 Volvo S90 ၊ 2021 Cadillac CT5 တို့ပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here