သာမန်နံပါတ်ဖြင့် သွားလာနေသော ပရဟိတယာဉ်များအနေဖြင့် လမ်းအသုံးပြုခ ပေးဆောင်ရမည်

295

 

မန္တလေး၊ ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး အတွင်း၌ HSE နံပါတ်တပ်ယာဉ်များ မဟုတ်ဘဲ သာမန်နံပါတ်ဖြင့် သွားလာနေသော ပရဟိတယာဉ်များအနေဖြင့် လမ်းအသုံးပြုခ ပေးဆောင်ရမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြော ကြားသည်။

“နိဗ္ဗာန်ယာဉ် HSE ယာဉ်တွေကို လမ်းဦးစီးဌာနပိုင် လမ်းတွေ၊ BOT လမ်းတွေမှာ လမ်းအသုံးပြုခ ကောက်ခံတဲ့အခါ ကုန်း လမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနက အမှန်တကယ် လိုင်စင် ထုတ်ပေးထားတဲ့ HSE နံပါတ်တပ်ယာဉ်တွေနဲ့ နာရေးယာဉ်တွေကို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကလွဲပြီး ကျန်တိုးဂိတ်တွေမှာ လမ်းအသုံးပြုခ ကောက်ခံခြင်း မရှိပါဘူး၊ သာမန်နံပါတ်နဲ့ သွားလာနေတဲ့ ပရဟိတယာဉ်တွေကတော့ လမ်းအသုံးပြုခ ပေးဆောင်ရမှာ ဖြစ် ပါတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၇ ရက်က ကျင်းပသော ဒုတိယအကြိမ် မန္တ လေးတိုင်းဒေသကြီး လွတ်တော် ၁၈ ကြိမ်မြောက် ပုံမှန်အစည်းအ ဝေး (ဆဋ္ဌမနေ့)တွင် ပြည်ကြီးတံခွန် မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)၏ တိုင်းဒေသကြီး လွတ်တော်ကိုယ် စားလှယ် ဒေါက်တာချစ်ကိုကို၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ၎င်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အစိုးရ အနေဖြင့် ပရဟိတအသင်းများအား ဖွံ့ဖြိုးတိုး တက်လာစေရန်ပါ ကူညီပေးနိုင်ပါက လူမှုရေး၊ စီးပွားရေးနှင့် အခြား ကိစ္စများပါ အဆင်ပြေ ချောမွေ့လာ မည်ဖြစ်သည့်အပြင် လေးလေးစားစားနှင့် ဂုဏ်ပြုပေးရန်လည်း လိုအပ်နေကြောင်း၊ ပရဟိတ အသင်းများ၏ ယာဉ်များ လမ်းမကြီးများပေါ်တွင် ဖြတ်သန်းသွားလာသည့်အခါ လမ်းကြေးများကို ထမ်းဆောင်နေရမှု သက်သာစေခဲ့ပါက ၎င်းတို့အတွက် ဂုဏ်ပြုရာနှင့် ကူညီရာလည်းရောက်ကြောင်း ဒေါက်တာ ချစ်ကိုကိုက ပြောဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း ယခင်က မှတ်ပုံတင်ထားသည့် လူမှုရေးအသင်းအဖွဲ့ ငါး သင်းရှိပြီး နိဗ္ဗာန်ယာဉ် HSE ယာဉ် ၁၆ စီးသာရှိခဲ့သော်လည်း ယခုအခါ ၂ဝ၁၈ ခုနှစ်၊ မေလအထိအသင်း အဖွဲ့ပေါင်း ၉ဝ၁ သင်းနှင့် နိဗ္ဗာန်ယာဉ် HSE အရေအတွက် ၁,၈၅၉ စီးရှိကြောင်း လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးဌာနမှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here