သဘာဝပတ်ဝန်းကျင်အတွက် ဦးစားပေးရမည့် လျှပ်စစ်ကားနှင့် ဂုဏ်ပြုကြိုဆိုအပ်သည့် ပထမဆုံးသော EV Forum

259

ကမ္ဘာ့နိုင်ငံအသီးသီးတွင် လေထုညစ်ညမ်းမှုမှအစပြု၍ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ထိခိုက်မှုများကို လျှော့ချနိုင်ရန် ဘက်ပေါင်းစုံမှ ပြုပြင် ပြောင်းလဲခြင်းများတွင် စက်ရုံ၊ အလုပ်ရုံများမှ ညစ်ညမ်းအခိုးအငွေ့များအပြင် မော်တော်ယာဉ်များမှ ညစ်ညမ်းဓာတ်ငွေ့ ထွက်ရှိမှုလျှော့ချခြင်းသည်လည်း အဓိက အခန်းကဏတစ်ရပ်အနေဖြင့် ပါဝင်ပါသည်။ ထိုအခါ သဘာဝ ပတ်ဝန်းကျင်မထိခိုက်သည့် လောင်စာအစားထိုး မော်တော်ယာဉ်များ၊ လျှပ်စစ် စွမ်းအင်သုံး မော်တော်ယာဉ်များ စသည့် ကားများကို အစားထိုးပြောင်းလဲ ထုတ်လုပ်လာကြပါသည်။ ကမ္ဘာ့နိုင်ငံများရှိ ကမ္ဘာကျော် ကားအမှတ်တံဆိပ် များသည်ပင်လျှင် လျှပ်စစ်မော်တော်ကားများကို မစ်ရှင်တစ်ခု ချမှတ် ထုတ်လုပ်နေကြပြီး အချို့သည်လည်း လျှပ်စစ်ကားများနှင့် စွမ်းအင်ပေါင်း စပ်အသုံးပြုသည့်မော်တော်ယာဉ်များ ထုတ်လုပ်ရန် အကောင်အထည် ဖော်ဆောင်နေကြပြီ ဖြစ်သည်။
ကမ္ဘာ့နိုင်ငံ အစိုး ရများကလည်း သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းမှု ကို အလေးထားသည့်အနေဖြင့် လျှပ်စစ်ကားများထုတ်လုပ်မှုကို အလေး ထား ပံ့ပိုးပေးနေကြသကဲ့သို့ တစ်ဖက်ကလည်း လေထုညစ်ညမ်းမှုဖြစ် စေသည့် ရုပ်ကြွင်းလောင်စာသုံးကားများ ထုတ်လုပ်မှုကို လျှော့ချပိတ်ပင် ကန့်သတ်မှုများ ပြုလုပ်နေပြီဖြစ်သည်။ လူနှင့်သတ္တဝါတို့ မှီတင်းနေထိုင် သည့် စိမ်းလန်းသောကမ္ဘာမြေကြီး ရေရှည်တည်တံ့စေရေးနှင့် သဘာဝ ပတ်ဝန်းကျင် သာယာလှပစေရေးတို့အတွက် ဤသို့ ကမ္ဘာ့နိုင်ငံအသီးသီး မှ ညစ်ညမ်းအခိုးအငွေ့ ထုတ်လွတ်မှုများပပျောက်ရေးစီမံချက်များဖြင့် အ ကောင်အထည်ဖော်နေသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း လောင်စာသုံးကား များထက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေမည့် လျှပ်စစ်စွမ်းအင်သုံး ကားများ အသုံးပြုရေးဆိုင်ရာ ပေါ်လဆီများ၊ မူဝါဒဦးစားပေးမှုများဖြင့် သတ်မှတ်ချက်များ ပိုမိုပြုလုပ်ရန်လိုအပ်နေပြီ ဖြစ်သည်။
ထို့ကြောင့် လျှပ်စစ်ကားများ တပ်ဆင်ထုတ်လုပ် အသုံးပြုနိုင်ရေးနှင့် လိုအပ်သည့် အခြေခံအဆောက်အအုံများ ဖန်တီးတည်ဆောက်ပေးနိုင် ရေးများ လိုအပ်လာနေပြီဖြစ်ရာ လောင်စာသုံးကားများမှ ထွက်ရှိသည့် လေထုညစ်ညမ်းမှုများကြောင့် ဖြစ်ပေါ်စေမည့် ဆိုးကျိုးများ၊ လျှပ်စစ်ယာဉ် တပ်ဆင် ထုတ်လုပ်ခြင်းဆိုင်ရာများနှင့်ပတ်သက်၍ ပထမဆုံးသော ဖိုရမ် တစ်ရပ်ကို မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ အပြည်ပြည်ဆိုင်ရာနှင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းကော်မတီကကြီးမှူးပြီး မော်တော်ယာဉ်ထုတ် လုပ်သုံးစွဲမှုဆိုင်ရာ အင်ဂျင်နီယာပညာရှင်များအသင်း(မြန်မာနိုင်ငံ) Auto motive Industrial Professional Engineer’s Association, Myanmar (AIPA – Myanmar)နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင် စီတို့ပူးပေါင်းကာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက်က မြန်မာနိုင်ငံအင် ဂျင်နီယာကောင်စီရုံး Function Hall တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းဖိုရမ်နှင့်အတူ လျှပ်စစ်ကားများကိုပါ ပါဝင်ပြသခဲ့ပြီး ယင်းဖိုရမ်မှာ The 1st Myanmar Electric Vehlicle (EV) Forum Round Table Meeting with Motor Show ပင်ဖြစ်သည်။
အဆိုပါဖိုရမ်သည် မြန်မာနိုင်ငံ၌ ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပ သော လျှစ်စစ်ယာဉ် နည်းပညာဆိုင်ရာဖိုရမ်ဖြစ်ပြီး လျှပ်စစ်ကားများ (Electric Vehicles)နှင့် အဆင့်မြင့် နည်းပညာသုံး ဓာတ်ဆီသုံးကားနှင့် ဒီဇယ်သုံးကားများကိုပါ ခင်းကျင်းပြသခဲ့သည်။ ယင်းဖိုရမ်ကို ကျင်းပရခြင်းမှာ ‘အင်ဂျင်နီယာနည်းပညာများနှင့် သတင်းအချက်အလက်နည်းပညာများ ပေါင်းစပ်အသုံးချလျက် နိုင်ငံတော်၏ သဘာဝသယံဇာတနှင့် လူသား အရင်းအမြစ်များကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြင့် အကျိုး ရှိစွာ အသုံးချနိုင်မည့် နည်းလမ်းကောင်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုး တက်မှုနည်းလမ်းများကို ရှာဖွေဖော်ထုတ်ရန်’ဟူသော မြန်မာနိုင်ငံ အင် ဂျင်နီယာကောင်စီ၏ရည်ရွယ်ချက်အပြင် မော်တော်ယာဉ်ထုတ်လုပ်သုံးစွဲမှု ဆိုင်ရာ အင်ဂျင်နီယာပညာရှင်များအသင်း(မြန်မာနိုင်ငံ)၏ ရည်ရွယ်ချက် များထဲမှ ‘မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ခြင်းနှင့် စက်ပစ္စည်းအစိတ် အပိုင်းများထုတ်လုပ် ခြင်းဆိုင်ရာနည်းပညာနှင့် သုတေ သနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ပံ့ပိုးကူညီရန်’ဟူသော ရည်ရွယ်ချက်များ ကြောင့် ဖြစ်ပါသည်။
Electric Vehicle(EV) ခေါ်လျှပ်စစ်ယာဉ်များကို တပ် ဆင်ထုတ်လုပ်ထားသည့် နည်းပညာသည် ယင်းနည်းပညာ၏ အဆင့်အပေါ်မူတည်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိိခိုက်မှု အနည်းငယ်သာရှိခြင်း၊ သို့တည်း မဟုတ် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေခြင်းဟူသော အကျိုး ဆက်နှစ်ရပ်သာရှိနိုင်သည့်အတွက် အဆိုပါ နည်းပညာကို ပံ့ပိုးပေးလိုသော မော်တော်ယာဉ်ထုတ်လုပ်သုံးစွဲမှုဆိုင်ရာ အင်ဂျင်နီယာပညာရှင်များအသင်း (မြန်မာနိုင်ငံ) (AIPA Myanmar) နှင့် အဆိုပါနည်းပညာမျိုးကို ရယူ ပြန့်ပွားလိုသော မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီတို့အတွက် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေသည့် အနေအထားပင်ဖြစ်သည်ဟု သိရပါသည်။
ယင်းကြောင့်ပင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ အပြည်ပြည် ဆိုင်ရာနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီအနေဖြင့် ၎င်း၏ မူလတာဝန် တစ်ရပ်ဖြစ်သော ‘မြန်မာနိုင်ငံသားအင်ဂျင်နီယာများ၊ ဘွဲ့ရနည်းပညာကျွမ်း ကျင်သူများနှင့် နည်းပညာကျွမ်းကျင်သူများအတွက် နိုင်ငံတကာ အတွေ့ အကြုံများရရှိစေမည့် ဆွေးနွေးပွဲများ၊ ကွန်ဖရင့်များ၊ သင်တန်းများ၊ လေ့လာရေးခရီးစဉ်များ၊ စာတမ်းဖတ်ပွဲများသို့ တက်ရောက်ခွင့် ရရှိနိုင် ရေးအတွက် ဆောင်ရွက်ပေးခြင်း’ဟူသော တာဝန်ကိုကျေပွန်စေရန် အခွင့်အခါကောင်းဖြစ်သည်နှင့်အညီ ယခုကဲ့သို့သောဖိုရမ်ကြီးကို ခမ်းနား ကြီးကျယ်စွာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
ယင်းဖိုရမ်၏ နံနက်ပိုင်း ဖိုရမ်အစီအစဉ်များကို စတင်ကျင်းပရာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အပြည်ပြည်ဆိုင်ရာနှင့် ပြည်သူ့ ဆက်ဆံရေး လုပ်ငန်းကော်မတီဥက္ကဋ ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ယာဉ်များ ကွန်ရက်၏ပညာရှင်အဖွဲ့ဝင်နှင့် မော်တော်ယာဉ်ထုတ်လုပ်သုံးစွဲမှုဆိုင်ရာ အင်ဂျင်နီယာပညာရှင်များအသင်း ဥက္ကဋ ဦးကိုကိုအောင်(သိပ္ပံစာရေး ဆရာကိုကိုအောင်)က Chairperson အဖြစ်ဆောင်ရွက်ပြီး အငြိမ်းစား ပါမောက္ခ ဒေါက်တာလှသန်းနှင့် အငြိမ်းစားပါမောက္ခ ဒေါက်တာ ခင်မောင်တင်တို့က Vice-Chriperson များအဖြစ် ဆောင်ရွက်ပေးခဲ့ကြ သည်။ နံနက်ပိုင်းဖိုရမ်တွင် Chairperson Engr ဦးကိုကိုအောင်က Automotive Engineering Technology Improvement ခေါင်းစဉ်ဖြင့် Keynote Speech ပြောကြားခဲ့သည်။ Forum Speaker များဖြစ်ကြသော မော်တော်ယာဉ် ထုတ်လုပ်သုံးစွဲမှုဆိုင်ရာ အင်ဂျင်နီယာပညာရှင်များအသင်း ဒုတိယဥက္ကဌ ဒေါက်တာနွယ်နီဝေက Automotive Coating Industry Toward EV ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလုပ်အမှုဆောင်အဖွဲ့ဝင် အငြိမ်းစားအင်ဂျင်နီယာမှူးကြီး Engr ဦးကြည်ဝင်းက Fuel Cell Technology & EV ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ အလုပ် အမှုဆောင်အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာကေသီလွင်က The Mate-rials used in Electric Vehicle & Conventional Vehicle ခေါင်းစဉ်ဖြင့်လည်းကောင်း Presentation များ အသီးသီးပြုလုပ်ခဲ့ကြပါသည်။
မွန်းလွဲပိုင်း ဖိုရမ် တွင်လည်း Chairperson အဖြစ် ဦးကိုကိုအောင်က လည်းကောင်း၊Vice-Chariperson များအဖြစ် ဒေါက်တာလှသန်းနှင့် ဒေါက်တာ ခင်မောင်တင်တို့က လည်းကောင်း ဆက် လက် ဆောင်ရွက်ပေးခဲ့ကြ သလို Forum Speaker များ ဖြစ်ကြသော မော်တော် ယာဉ် ထုတ်လုပ်သုံးစွဲမှုဆိုင်ရာ အင်ဂျင်နီယာပညာရှင်များအသင်း (မြန်မာနိုင်ငံ) တွဲဖက်အတွင်းရေး မှူးအငြိမ်းစား အင်ဂျင်နီယာမှူးကြီး Engr ဦးချစ်အောင်၊ အလုပ်အမှုဆောင်အဖွဲ့ဝင် အငြိမ်းစားအင်ဂျင်နီ ယာမှူးကြီး ဦးမင်းဦးနှင့် အတွင်းရေးမှူးပါမောက္ခ ဒေါက်တာမျိုးဇော်မင်း တို့ကလည်း လျှပ်စစ်မော်တော်ယာဉ်များနှင့်ဆက်စပ်ပြီး သိသင့်သိထိုက် သည့် အကြောင်းအရာများကို ခေါင်းစဉ်အသီးသီးဖြင့် Presentation များ ပြုလုပ်ခဲ့ကြကြောင်း သိရပါသည်။
ထိုသို့ ဂေဟစနစ်အထောက်အကူပြုပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့ကျစေရန် လျှပ်စစ်ယာဉ်များ ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ယခုကဲ့သို့သော ဖိုရမ်များ၊ ဆွေးနွေးပွဲများ ကျင်းပ၍ အကောင်အထည်ဖော်ရန် ကြိုးပမ်းနေကြသည့်အလျောက် အစိုးရပိုင်းမှလည်း ထုတ်လုပ်၊ တင်သွင်းမှုများအတွက် ထိုက်သင့်သည့် အခွန်နှုန်းထား၊ အကျိုးခံစားခွင့် သတ်မှတ်ချက်များအတိုင်း ဖြစ်ပေါ် စေရေးနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ဖြစ်ပေါ်စေရန် အထောက်အပံ့များ ဖန်တီးပေးရေးတို့အပြင် ပြည်ပလျှပ်စစ်ကား ရင်းနှီး မြှပ်နှံထုတ်လုပ်သူများ ဝင်ရောက်လာစေရေး၊ ပြည်တွင်း၌ လျှပ်စစ်ကားများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာစေရေးတို့ကိုပါ မီးမောင်းထိုး လုပ်ဆောင် သင့်ပါေြကာင်း တုိက်တွန်းရင်း ြမန်မာ့ပထမဆံုး လျှပ်စစ်ကားဖုိရမ်ကုိ ဂုဏ်ြပုအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here