သတ်မှတ်လိုင်စင်မရှိဘဲ YBS ယာဉ်လိုင်းများတွင် မောင်းနှင်နေသည့် ယာဉ်မောင်းများကို အထူးသင်တန်း ကျောင်းဆင်းလက်မှတ်ပါမှသာ မောင်းနှင်ခွင့်ပြုမည်

784

သတ်မှတ်လိုင်စင် မရှိဘဲ YBS ယာဉ်လိုင်းများတွင် မောင်းနှင်နေသည့် ယာဉ်မောင်းများကို အထူး သင်တန်းကျောင်းဆင်း လက်မှတ်ပါမှသာ မောင်းနှင်ခွင့်ပြုမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

 

YBS ယာဉ်လိုင်းများအတွင်း မောင်းနှင်နေသည့် ယာဉ်မောင်းများ သတ်မှတ်လိုင်စင် မရှိပါက ပြေးဆွဲခွင့် ရပ်ဆိုင်းမည်ဖြစ်ပြီး  ဆက်လက်ပြေးဆွဲလိုသည့် ယာဉ်မောင်းများအနေဖြင့် YBS အထူး ယာဉ်မောင်း သင်တန်းကျောင်း တက်ရောက်ရမည် ဖြစ်ကာ သင်တန်းဆင်းလက်မှတ် ပါရှိမှသာ ခရီးသည်တင် ယာဉ်လိုင်းများအတွင်း ဆက်လက် မောင်းနှင်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

 

”သတ်မှတ်လိုင်စင် မဟုတ်ဘဲမောင်းနေတဲ့ ယာဉ်မောင်းတွေ တော်တော်များများ ရှိပါတယ်၊ ဒီယာဉ်မောင်းတွေကို YBS ယာဉ်လိုင်းတွေထဲမှာ မောင်းခွင့်မပြုတော့ပါဘူး၊ ယာဉ်မောင်းတွေအနေနဲ့ ဆက်မောင်းချင်တယ် ဆိုရင်တော့ YBS သင်တန်းကို တက်ရောက်ရမှာဖြစ်ပြီး သင်တန်းအောင်လက်မှတ်ပါမှသာ မောင်းခွင့်ပြုမှာပါ၊ ဒီအတွက်လည်း သက်ဆိုင်ရာ YBS ကုမ္ပဏီတွေက သတ်မှတ်လိုင်စင်မရှိတဲ့ ယာဉ်မောင်းတွေရဲ့ စာရင်းတွေကို ကောက်ခံနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ခရီးသည်တင် ယာဉ်လိုင်းများတွင် သတ်မှတ်လိုင်စင်မရှိဘဲ မောင်းနှင်နေသည့်  ယာဉ်မောင်းများ၏စာရင်းကို သက်ဆိုင်ရာ YBS ကုမ္ပဏီများမှတစ်ဆင့် YRTA ကို တင်ပြရန် ညွှန်ကြားထားပြီး စာရင်းပေးပို့လာသည့် ယာဉ်မောင်းများထဲမှ ခရီးသည်တင်ယာဉ်လိုင်းများအတွင်း ဆက်လက်မောင်းနှင်မည့် ယာဉ်မောင်းများကို ယာဉ်ကြီး ကျွမ်းကျင်စွာ မောင်းနှင်နိုင်ရန်၊ ခရီးသည်များနှင့် အဆင်ပြေစွာ ဆက်ဆံနိုင်ရန်အတွက် လူမှုဆက် ဆံရေးပို့ချချက်ကို နှစ်ပတ်အကြာ သင်တန်းပို့ချမည်ဖြစ်ပြီး သင်တန်းအောင်လက်မှတ်ရရှိသည့် ယာဉ်များကို  YBS ယာဉ်လိုင်းများတွင် ဆက်လက်မောင်းနှင်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here