သတ်မှတ်ရာဖြတ်တန်ဖိုးအောက် လျော့နည်းသည့်နှုန်းထားဖြင့် အမည်ပြောင်းခွန်ပေးဆောင်ခြင်းကို ခွင့်ပြုပေးမည်မဟုတ်

901


ရန်ကုန်၊ ဒီဇင်ဘာ ၄
သတ်မှတ် ရာဖြတ်တန်ဖိုးအောက် လျော့နည်းသည့်နှုန်းထားဖြင့် အမည် ပြောင်းခွန်ပေးဆောင်ခြင်း ကိုခွင့်ပြုပေးတော့မည် မဟုတ်ကြောင်း ပြည်တွင်းအခွန်များစီးဌာနမှ သိ ရသည်။
၂ဝ၁၉-၂ဝ၂ဝ ဘဏာနှစ်အ တွက် မော်တော်ယာဉ် ရာဖြတ် တန်ဖိုးများ ရေးဆွဲနေပြီ ဖြစ်ရာ ရာဖြတ်တန်ဖိုးအသစ် မထုတ်ပြန် ခင် အမည်ပြောင်းခွန်ပေးဆောင် မည့် ကားများကို ၂ဝ၁၈-၂ဝ၁၉ ဘဏာနှစ်အတွက် ထုတ်ပြန်ထား သော ရာဖြတ်တန်ဖိုးများဖြင့် အ ခွန်စည်းကြပ်ပေးမည် ဖြစ်သည်။ ယခင်က ထုတ်ပြန်ထားသည့် ရာ ဖြတ်တန်ဖိုးများသည် ကားတန်ဖိုး ထက် များနေသည်ဆိုပါက စျေး ကွက်ပေါက်စျေးနှင့် အမည်ပေါက် ဆောင်ရွက်မည့် ကားအမျိုးအစား၊ ထုတ်လုပ်ခုနှစ်နှင့်အတူ ကားအ သေးစိတ် အချက်အလက်များကို ဝန်ကြီးဌာနထံတင်ပြပြီး တန်ဖိုးအ သစ် လျှောက်ထားခွင့်ပေးရန်စီစဉ်ခဲ့ သော်လည်း တန်ဖိုးလျော့တင်ပြ၍ အခွန်ဆောင်မှုများ ရှိလာနိုင်သော ကြောင့် ခွင့်မပြုတော့ကြောင်း သိ ရသည်။
‘‘လက်ရှိ သတ်မှတ်ထားတဲ့ ရာဖြတ်တန်ဖိုးတွေ များနေရင် စျေးကွက်ပေါက်စျေးနဲ့အတူ အ မည်ပြောင်းဆောင်ရွက်မယ့်ကားရဲ့ ထုတ်လုပ်ခုနှစ်၊ အရောင်စတဲ့ အ သေးစိတ် အချက်အလက်တွေနဲ့အ တူ ဘယ်စျေးနဲ့ဆောင်ခွင့်ပြုပါဆို တာကို ဝန်ကြီးဌာနထံ လိပ်မူပြီး တင်ပြခွင့် ပြုခဲ့ပါတယ်၊ သက်ဆိုင် ရာမြို့နယ်အခွန်မှူးက ခွင့်ပြုတာ ဖြစ်ဖြစ်၊ ဝန်ကြီးဌာနက ခွင့်ပြုတာ ဖြစ်ဖြစ် တင်ပြတဲ့သူရဲ့ စျေးနှုန်း အတိုင်း အမည်ပြောင်းအခွန်ဆောင် ရွက်နိုင်မှာ ဖြစ်ပါတယ်၊ တင်ပြတဲ့ စျေးနှုန်းက စျေးကွက်ထဲမှာ တ ကယ်ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကို သေချာလေ့လာပြီး ဖြစ်သင့်တယ် ဆိုရင်တော့ ခွင့်ပြုပေးဖို့ စီစဉ်ခဲ့ တယ်၊ ဒါပေမဲ့ နှုန်းထားလျော့ပြီး အခွန်ဆောင်တာတွေ ရှိလာနိုင်တဲ့ အတွက် သတ်မှတ်တန်ဖိုးအတိုင်းပဲ ဆောင်ရွက်ခွင့်ပြုမှာ ဖြစ်ပါတယ်’’ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်က ပြောသည်။
မော်တော်ယာဉ် အမည်ပြောင်း ပြုလုပ်ရန်အတွက် ဝင်ငွေခွန်ပေး ဆောင်ခြင်းကို သက်ဆိုင်ရာမြို့နယ် အခွန်ရုံးတွင် သန်းခေါင်စာရင်း (မူ ရင်း/မိတ္တူ)၊ မှတ်ပုံတင် (မူရင်း/ မိတ္တူ)၊ အုံနာဘုတ် (မူရင်း/မိတ္တူ)၊ ဝှီးတက်(မူရင်း/မိတ္တူ)၊ အရောင်း အဝယ်စာချုပ်(မူရင်း/မိတ္တူ)၊ ကား ဓာတ်ပုံ သုံးပုံကိုတင်ပြ၍ ၂ဝ၁၉-၂ဝ၂ဝ ဘဏာနှစ်၏ အခွန်နှုန်းထား အတိုင်း ဝင်ငွေရလမ်းအပေါ်တွင် ဝင်ငွေခွန်ပေး ဆောင်ရွက်နိုင်ကြောင်း သိရသည်။ ဆန်းသစ်ေအာင်

LEAVE A REPLY

Please enter your comment!
Please enter your name here