သတိလက်လွတ် ယာဉ်မောင်းခြင်းမပြုရန် တိုက်တွန်းသည့်အနေဖြင့် မျက်လှည့်ဆရာ၏တပည့်က မျက်စိပိတ်ပြီး ဆိုင်ကယ်စီးပြခဲ့

693

အိန္ဒိယနိုင်ငံ၊ တီလန်ဂါပြည်နယ်၊ Secunderabad မြို့တွင် သတိလက်လွတ် ယာဉ်မောင်းခြင်းမပြုရန် တိုက်တွန်းလှုပ်ရှားမှုအဖြစ် နာမည်ကျော် မျက်လှည့်ဆရာ Jadugar Anand ၏ တပည့်တစ်ဦးက မျက်စိပိတ်ပြီး ဆိုင်ကယ်စီးပြခဲ့ကြောင်း ဇူလိုင် ၁ ရက်တွင် thehansindia သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြုလုပ်သည့် အဆိုပါလုပ်ရှားမှုပွဲတွင် Jadugar Anand ၏ တပည့်သည် ၎င်းမျက်စိကို ကတ်ထူပြား၊ ဝါဂွမ်းတို့ဖြင့် စည်းနှောင်ကာ အဝတ်စ ထပ်အုပ်ပြီး Sanjeevaiah ပန်းခြံ -NTR Marg – Sanjeevaiah ပန်းခြံ ခရီးစဉ်အားပုံမှန်အရှိန်နှုန်းဖြင့် ဆိုင်ကယ်မောင်း၍ အောင်မြင်စွာစီးပြခဲ့ခြင်းဖြစ်သည်။ ယာဉ်ကြောရှုပ်ထွေးသည့် လမ်းပေါ်တွင် မျက်စိပိတ်ပြီး ဆိုင်ကယ်စီးပြခြင်းကို တွေ့မြင်သူများကအံ့အားသင့်ချီးကျူးခဲ့ကြလို ပွဲ အပြီးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာကျင့်သုံးပါက လမ်းပေါ်၌ မတော်တဆမှုကင်းရှင်းသွားနိုင်ကြောင်းမျက်လှည့်ဆရာ Jadugar Anand က တိုက်တွန်းပြောကြားခဲ့သည်။ Jadugar Anand က မျက်စိပိတ်ထားသူပင် ဆိုင်ကယ်ကို လုံခြုံစိတ်ချစွာစီးနင်းနိုင်ပါက မျက်စိဖွင့်ထားသူများအနေဖြင့် ယာဉ်မတော်တဆမှုမဖြစ်ရန် ရှောင်လွဲနိုင်ကြောင်း၊ သို့သော် သတိလက်လွတ်မောင်းမှုများကြောင့် ယာဉ်တိုက်မှုများဖြစ်ပွားနေကြောင်း၊ အာရုံစိုက်ပြီးစည်းကမ်းလိုက်နာလျှင် လူတိုင်းအတွက် လုံခြုံစိတ်ချရသောလမ်းများ ဖြစ်လာရန်သေချာကြောင်း ပြောကြားသွားသည်။

Ref : thehansindia

LEAVE A REPLY

Please enter your comment!
Please enter your name here