သည်းမခံနိုင်သည့် အိမ်ရှင်တစ်ဦး အိမ်ရှေ့ ပိတ်ရပ်ခဲ့သည့် ကားတစ်စီးလုံးကို ပလတ်စတစ်အကြည်စဖြင့် ရစ်ပတ်ပစ်ခဲ့

630

လီဗာပူးလ်လေဆိပ် အနီးမှ အိမ်ပိုင်ရှင်တစ်ဦးသည် ၎င်း၏ အိမ်ရှေ့၌ နှစ်ရက်ကြာလာ ရောက် ရပ်နားထားသည့် ကားတစ်စီးကို သည်းမခံနိုင်တော့သဖြင့် အစားအသောက်များ ထုပ်ပိုးသည့် ပလတ်စတစ် အကြည် စဖြင့် တစ်စီးလုံး ရစ်ပတ် ပစ်ခဲ့ကြောင်း စက်တင်ဘာ ၂၄ ရက်တွင် Daily Mail သတင်း ဌာနက ရေးသားဖော်ပြခဲ့သည်။

လီဗာပူးလ်မြို့တွင် အားလပ် ရက်ခရီးရှည် ထွက်ကြသူများ သည် လေဆိပ်၌ ယာဉ်ရပ်နားခ ပေးပြီး ကားမထားခဲ့လိုသည့် အတွက် အနီးအနား နေအိမ်များ ရှေ့တွင် ကားရပ်နားထားခဲ့လေ့ ရှိရာ  Neil Junglas ဆိုသူက ၎င်းအိမ်ရှေ့တွင် နှစ်ရက်ကြာရပ် နားထားသည့် ငွေရောင် Skoda ကားကို ပလတ်စတစ်အကြည်စ ဖြင့် အလုံပိတ်ရစ်ပတ်ဖုံးအုပ်ခဲ့ ခြင်းဖြစ်သည်။ လီဗာပူးလ်မြို့ ဂျွန်လင်နွန်လေဆိပ်မှ နှစ်မိုင် ခန့်အကွာတွင် နေထိုင်သည့် အသက် ၃၆ နှစ်အရွယ် Mr.Junglas သည် သမီးဖြစ်သူ အတွက် ညစာပြင်နေစဉ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ အဆိုပါ Skoda ကားအား ၎င်း၏ နေအိမ်ရှေ့တွင် ရပ်နား ထားခဲ့ကာ ခရီးဆောင်အိတ်များ ဆွဲပြီး တက္ကစီတစ်စီးနှင့် ထွက်သွားသည်ကို တွေ့မြင်ခဲ့သည်။

”ကားကို ဒီမှာထားခဲ့တယ်၊ လေဆိပ်ကို တက္ကစီနဲ့သွားတယ်၊ ကားပါကင်ကြေး သက်သာ အောင်လုပ်တာ အသိသာကြီး၊ ကျွန်တော့်အိမ်နီးချင်းတွေလည်း အခုလိုပဲ ကြုံနေရတယ်၊ ကား တွေ လာလာရပ်သွားကြတယ်၊ တခြားကားတွေ ရပ်ဖို့နေရာ မရှိတော့ဘူး၊ ဒီကားကြောင့် ကျွန်တော့်ကားတောင် အိမ်ပြင် မှာ ရပ်မရတော့ဘူး” ဟု Mr.Junglas က ပြောသည်။

လုပ်ငန်းသုံး ပလတ်စတစ် အကြည်စ တစ်လိပ်လုံးကုန် အောင် တစ်စီးလုံးအထပ်ထပ်ရစ် ပတ်ထားသည့်ကားကို ဖြတ် သွားဖြတ်လာများက စိတ်ဝင် တစား ဝိုင်းအုံကြည့်ရှုခဲ့ကြပြီး ဓာတ်ပုံများ ရိုက်ယူခဲ့ကြကြောင်း၊ Merseyside ရဲတပ်ဖွဲ့က ယင်း ကားအား လာရောက်စစ်ဆေးခဲ့ ကြသော်လည်း အဆိုပါကားမှာ ဥပဒေချိုးဖောက်ပြီး ရပ်နားထား ခြင်းမဟုတ်သည့်အတွက် ၎င်းတို့ အနေဖြင့် ဘာမျှ မတတ်နိုင် ကြောင်း ပြောသွားသည်ဟု Mr.Junglas က ဆိုသည်။

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here