သင့်ကား သက်တမ်းကြာရှည်အသုံးခံဖို့ ဘယ်လိုထိန်းသိမ်းမလဲ

1828

 

ကားတစ်စီးကိုမောင်းနှင်ခြင်းသည် အန္တရာယ်ဖြစ်နိုင်သော စက်ယန္တရား တစ်ခုကိုထိန်းကျောင်းခြင်း ဖြစ်ပါသည်။ အန္တရာယ်ကင်းစွာ အသုံးခံနိုင် ရေးအတွက် မည်ကဲ့သို့ ထိန်းသိမ်းဂရုစိုက်ရမည်ကိုလည်း လေ့လာသိရှိ ထားရပါမည်။ ပိုင်ရှင်တစ်ဦးသည် ကားတစ်စီးပိုင်ဆိုင်မှုအတွက် ထိန်းသိမ်းရသောတာဝန်များ ရှိပါသည်။ မော်တော်ယာဉ်ဥပဒေတွင်လည်း မိမိပိုင်ယာဉ်ကို ထိန်းသိမ်းဂရုစိုက်ရန် သတ်မှတ်ထားပါသည်။ ကားတစ်စီး အားန်းသိမ်းခြင် ပုံမှန်ထိးသည် ဘေးအန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရုံသာမက ကားသက်တမ်း ကြာရှည်အသုံးခံနိုင်ရေးအတွက်ပါ အရေးကြီး သောအချက် ဖြစ်ပါသည်။

ကြိုတင်ကာကွယ် ထိန်းသိမ်းခြင်းနှင့် ဂရုစိုက်စောင့်ကြည့်ခြင်း
ကားတစ်စီးသည် အမြဲလှုပ်ရှားနေသော စက်ယန္တရားဖြစ်၍ ပွန်းစားပျက်စီးမှုများ ရှိပါသည်။ ကားတစ်စီးတွင် ပုံမှန် ပြုပြင်ထိန်းသိမ်းပေးရသော၊ ဂရုစိုက်စစ်ဆေးပေးရသော အချက်များရှိပါသည်။ အချိန်ကာလ သတ် မှတ်ချက်ဘောင်အတွင်း အစားထိုးလဲလှယ်ပေးရသော အရာများလည်း ရှိပါသည်။ ထိုသို့ပြုလုပ်ပေးခြင်းသည် သင့်ကားသက်တမ်း ကြာရှည်ခံ၍ ဘေးကင်းလုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပါမည်။
အချို့သော ကားပိုင်ရှင်များသည် မပျက်မချင်း ကားကိုခိုင်းပါသည်။ လုံးဝ သုံးမရမှပြင်ပါသည်။ ကားဆိုသည်မှာ ပျက်မှပြင်ရသော အမျိုးအစားမဟုတ်ပါ။ လုံးဝ ပျက်စီးမသွားမီ ပုံမှန်စစ်ဆေး ပြုပြင်ထိန်းသိမ်းပေး ရသောအလုပ်များ ရှိပါသည်။ ဆားဗစ်လုပ်ပေးရန် လိုအပ်သော ကာလ သတ်မှတ်ချက်များကို ကားထုတ်လုပ်သူက ပိုင်ရှင်လက်စွဲစာအုပ် (Owner s Manual)တွင် ဖော်ပြထားပါသည်။ ကားထုတ်လုပ်သူများ ခြား နားသည့်အလျောက် ကားအမျိုးအစားအလိုက် ပြုပြင်ထိန်းသိမ်းရန် လိုအပ်သော အချိန်ကာလအပိုင်းအခြား(Time Periods) များမှာလည်း မတူကွဲပြားပါသည်။
Air Cleaner လေစစ် ဖုန်ခါသန့်ရှင်းပေးခြင်း၊ သို့မဟုတ် Air Filter အသစ် လဲလှယ်ပေးခြင်းလုပ်ပေးမှသာ သင့်ကား အင်ဂျင်စက် ပုံမှန် အလုပ်လုပ်နိုင်ပါမည်။ အချို့သော ကားပိုင်ရှင်၊ သို့မဟုတ် ယာဉ်မောင်းများသည် Air Cleaner ကြောင့် ဆီစားများသည်ဟုဆိုကာ လုံးဝမတပ်ဘဲထားပါသည်။ အင်ဂျင်မှ စုပ်ယူသောလေများတွင် လမ်းပေါ်မှ ဖုန်များ၊ သဲများ၊ အမှိုက်များ၊ အင်းဆက်ပိုးကောင်ကလေးများ မည်မျှပါဝင်နေ သနည်း။ ထိုအရာများ အင်ဂျင်ထဲဝင်ရောက်သွားပါက အင်ဂျင်မည်မျှ ညစ်ပတ်၍ အင်ဂျင်ဝိုင်များ မည်ကဲ့သို့ ညစ်ညမ်းသွားသည်ကို စဉ်စားမိပါ သလား။ အင်ဂျင်အတွင်း အမြဲလှုပ်ရှားနေသော ပစ္စတင်၊ ပစ္စတင်ရင်းနှင့် ဆလင်ဒါများ ပွန်းစားပြီး သက်တမ်းတိုမည်ကို တွေးမိပါသလား။
ထို့ပြင် အင်ဂျင်ဝိုင် မှန်မှန်လဲရန်၊ ကားဘီးတာယာများကို လှည့်သုံး ရန်၊ လေပေါင် မှန်မှန်ချိန်ရန်၊ တာယာဘီးအလိုင်းမန့် ချိန်ရန်၊ ရေတိုင်ကီအအေးခံစနစ်ကို ဂရုစိုက်စစ်ဆေးထိန်းသိမ်းရန်၊ ဘရိတ်ဆီ၊ ကလပ်ဆီ များစစ်ဆေးရန်၊ ဘရိတ်ရှူး၊ ဘရိတ်ဝါရှာများ စစ်ဆေးလဲလှယ်ရန်၊ ကား အောက်ပိုင်းတိုက်ရော့ဒ်၊ ဘောလ်ဂျွိုင်း၊ ဘွတ်များ စစ်ဆေးလဲလှယ်ရန်၊ ဘီး Hub ဘောလ်များ စစ်ဆေးရန်၊ တင်းကျပ်ရန်၊ အမဲဆီထည့်ရန်၊ ပန်ကာကြိုး၊ ဆီပိုက်၊ ရေပိုက်များ စစ်ဆေးဂရုစိုက်ရန်၊ ဘက်ထရီထိန်း သိမ်းရန်၊ ဒိုင်နမိုချာဂျင်ဝင်အား စစ်ဆေးရန် Starter မိုတာဆား ဗစ်စင်လုပ်ရန် စသည်ဖြင့် စစ်ဆေးထိန်းသိမ်းရသော အလုပ်များသည် ယာဉ်မောင်း၊ သို့မဟုတ် ကားပိုင်ရှင်တစ်ဦး ဂရုစိုက်လုပ်ပေးသင့်သော အလုပ်များ ဖြစ်သည်။ ဝါရင့်ကျွမ်းကျင်သော ယာဉ်မောင်းများသည် မိမိ ကိုင်တွယ်သော ကားတစ်စီးကို အမြဲဂရုစိုက် ထိန်းသိမ်းတတ်ကြပါသည်။

ကားမောင်းလျှင် အမြဲဂရုစိုက်သတိထားပါ (Drive with care)
ကားတစ်စီးကို မောင်းနှင်ခြင်းဆိုသည်မှာ လမ်းပေါ်တွင် အချိန်မရွေး အန္တရာယ်နှင့် ရင်ဆိုင်တွေ့နိုင်သည်။ စက္ကန့်မလပ် သတိရှိရသည်။ အာရုံ စိုက်ရသည်။ စင်စစ်ကားမောင်းခြင်းသည် အန္တရာယ်ရှိရန် အလားလာရှိသော ယာဉ်တစ်စီးကို လိုရာခရီး ဘေးကင်းစွာရောက်ရှိရန် ထိန်းကျောင်း ပေးခြင်းဖြစ်သည်။ လမ်းပေါ်မှ အန္တရာယ်များအပြင် မိမိကိုင်တွယ် ထိန်း သိမ်းနေသော ကားတစ်စီး၏ အင်ဂျင်စက်အခြေအနေများကိုလည်း အမြဲ ဂရုစိုက်ရသည်။
အင်ဂျင်ဝိုင် နည်းနေသလား၊ အင်ဂျင်အပူချိန် တက်နေသလား၊ ဘက်ထရီချာဂျင် ဝင်ရဲ့လား၊ ဆီလက်ကျန် ရှိသလား၊ ကားစက်သံက ဘာထူးခြားနေသလဲ၊ ထူးခြားတဲ့ ညှော်နံ့ ရသလား၊ တုန်ခါနေသလား၊ ကားဘီး လေနည်းနေသလား အမြဲစစ်ဆေးဖို့လိုသည်။ ကားသစ်များတွင် ပို၍ဂရုစိုက်ရသည်။ ကားသစ်များတွင် Speed တင်ချင်တိုင်း တင်မောင်း ၍ မရသည်ကို သိထားရသည်။ ကားသစ်၊ အင်ဂျင်သစ်များတွင် Brake-in Period ရှိသည်။ အနည်းဆုံးမိုင် တစ်ထောင်မပြည့်မီ အင်ဂျင်ကျင့် သားရစေရန် တဖြည်းဖြည်းချော့ခိုင်းရသည်။ ထိုကာလအတွင်းကား အမြန်နှုန်းကို တစ်နာရီ မိုင်ငါးဆယ်ထက် မပိုသင့်။ ဂရုစိုက်မောင်းရသည်။

သင့်ကားအကြောင်း အသေးစိတ်လေ့လာပါ
သင့်ကားနှင့် သက်ဆိုင်သော အကြောင်းတရား အသေးစိတ်ကို မှတ်တမ်းထားပါ။ ကားပြုပြင်မှု မှတ်တမ်းတင်ပါ။ ကားအစိတ်အပိုင်း Part နံပါတ်များကို မှတ်ထားပါ။ တာယာဆိုက် ဘယ်လောက်သုံးထား သနည်း။ ပန်ကာကြိုးနံပါတ်၊ Hub ဘောလ်နံပါတ်၊ ပလပ်အမျိုးအစား စသည်ဖြင့် အသေးစိတ်မှတ်ထားပါ။ VIN နံပါတ်၊ ချက်စီနံပါတ်၊ အင်ဂျင်နံပါတ်၊ Model Year အသေးစိတ် မှတ်တမ်းတင်ထားပါ။
ဘက်ထရီ၊ တာယာလဲလှယ်သော နေ့စွဲများ၊ အင်ဂျင်ဝိုင်လဲပေး သော နေ့စွဲများ မှတ်ထားပါ။ သုံးစွဲသော Oil Filter ဘူး၊ Fuel Filter ဘူးနံပါတ်များ မှတ်ထားပါ။ မောင်းခဲ့ပြီးသော ခရီးအကွာအဝေးမှတ်တမ်း ကို နေ့စွဲနှင့်တကွ မှတ်တမ်းထားပါ။ Timing Belt ကြိုးသက်တမ်းသည် သင့်ကားအင်ဂျင်အတွက် အသက်ဖြစ်၍ သေချာစွာမှတ်ထားပါ။ သတ် မှတ်ခရီးကီလိုမီတာ ရှစ်သောင်း-ကိုးသောင်းအတွင်း Belt ကြိုးအသစ်လဲ ပေးပါ။ Timing Belt ကြိုး အသွားအရေအတွက် နံပါတ်နှင့် Brand တံဆိပ်ကို မှတ်ထားပါ။
သင့်ကားအင်ဂျင်စက်သံကို အလွတ်ကျက်ထားပါ။ ကားမောင်းရ သောခံစားမှုကို မှတ်သားပါ။ ထူးခြားသော အခြေအနေလက္ခဏာ၊ ရှေ့ ပြေး Sign တစ်ခုခုပြလျှင် ဂရုစိုက်စစ်ဆေးပါ၊ ကားအသံ၊ ကားအနံ့၊ ကားတုန်ခါမှု၊ ကားရုန်းအားဆွဲအားအခြေအနေများကို အမြဲဂရုစိုက်သတိ ထားပါ။

ကားအတွင်းအပြင် သန့်ရှင်းမှုကို အမြဲထိန်းသိမ်းပါ
ကားတစ်စီး၏ အတွင်းပိုင်းကြမ်းခင်းများ၊ Carpet များ၊ ထိုင်ခုံ Leather များသည် အသုံးပြုချိန်ကြာလာလျှင် ဖုန်မှုန်နှင့် ရေငွေ့များ ကြောင့် မှိုတက်ညစ်ညမ်းပြီး အနံ့ဆိုးများ ထွက်လာတတ်သည်။ တစ်လ တစ်ကြိမ်၊ သို့မဟုတ် နှစ်လတစ်ကြိမ်ခန့် ကားအတွင်းပိုင်းကို အထူး သန့်ရှင်းဆေးကြောပါ။ သားရေ(Leather)အဖုံးများကို ပေါ်လစ်တိုက် ပေးပါ။ ကားအတွင်းပိုင်း သန့်ရှင်းမှ မကောင်းသော အနံ့အသက်များ ကင်းစင်ပြီး အမြဲလှပတောက်ပြောင်နေပါမည်။
ကားအပြင်ပိုင်းတွင်လည်း ဘော်ဒီဆေးသားများ၊ ဝိုက်ပါ၊ ရှေ့ လေကာမှန်၊ နောက်ပိတ်မှန်၊ တံခါးပေါက်မှန် အားလုံးသန့်ရှင်းရန် ကား ရေဆေးဆီထိုး ဆားဗစ်စင်တာတွင် တစ်ပတ်တစ်ကြိမ်ခန့် သန့်ရှင်းရေး ဆောင်ရွက်ပါ။ ဘော်ဒီဆေးသားများ နေရောင်ခြည်စားခြင်းမှ ကာကွယ်ရန် Body Wax တင်ပေးပါ။ ပူပြင်းသော နွေရာသီတွင် နေရောင်ခြည် (UV) ပြင်းအားများသဖြင့် ကားရပ်ထားလျှင် အရိပ်ရှိသော ပါကင်နေရာ တွင်ထားပါ။

ကားထိန်းသိမ်းရန် အဓိကကျသော အချက်များ
(၁) ကားမောင်းလျှင် သိမ်မွေ့ညင်သာမှုရှိပါစေ။ ကြမ်းတမ်းခက်ထန် စွာ ကားမောင်းခြင်းသည် ကားတာယာ၊ ဘရိတ်ရှူး၊ ကလပ်ပလိတ်များကို ပွန်းစားမှု မြန်စေရုံသာမက ကားအင်ဂျင်ကိုလည်း သက်တမ်းတိုစေသည်။ ယာဉ်တိုက်မှုကိုလည်း ဖိတ်ခေါ်နေသကဲ့သို့ ရှိသည်။
(၂) အင်ဂျင်ဝိုင်နှင့် ဆီစစ်ဘူး ပုံမှန်လဲပေးပါ။ လေစစ်ပါ။ လဲပေးပါ။ပိုင်ရှင်လက်စွဲစာအုပ်ပါ ရည်ညွန်းထားသော အင်ဂျင်ဝိုင် အမျိုးအစားကို ရွေးချယ်သုံးစွဲပါ။ မိမိအရပ်ဒေသ ရာသီဥတုအခြေအနေနှင့် ကိုက်ညီသော အင်ဂျင်ဝိုင်ကို သုံးပါ။ အအေးလွန်ကဲသော တောင်ပေါ်ဒေသများတွင် မာလ်တီဂရိတ်အင်ဂျင်ဝိုင်ကိုသာ သုံးသင့်သည်။ ခရီးမိုင် သုံးထောင်မှ ငါးထောင်အတွင်း အင်ဂျင်ဝိုင်လဲပေးပါ။
(၃) ဘရိတ်ဆီ၊ ကလပ်ဆီ၊ ပါဝါဆီများစစ်ဆေး၍ ပုံမှန်လဲပေးပါ။
(၄) ဘက်ထရီကို ထိန်းသိမ်းပါ။ မိုးရေအက်ဆစ် လိုအပ်လျှင် ထပ် ဖြည့်ပါ၊ ဘက်ထရီခေါင်း၊ ဘက်ထရီကေဘယ်လ်ကြိုး အဆက်များ သန့်ရှင်း၍ တင်းကျပ်ခိုင်မြဲနေပါစေ။
(၅) ဘရိတ်စနစ်ကို ပုံမှန်စစ်ဆေးပါ။ တစ်နှစ် တစ်ကြိမ် ဘရိတ် လိုင်နာ၊ ဘရိတ်ဆီများ လဲပါ။ ABS ဘရိတ်စနစ်ပါသော ကားများတွင် ABS ဘရိတ်သတိပေးမီး လင်းလာပါက ဘရိတ်ဆားဗစ်ဝပ်ရှော့တွင် အမြန်ဆုံးပြသပါ။
(၆) အော်တိုဂီယာများ၊ ပါဝါဆီစစ်ဆေးရန် လိုပါသည်။ ၂ နှစ် တစ်ကြိမ် ပါဝါဆီအသစ်လဲပေးပါ။
(၇) ကားဘီးတာယာများ ဂရုစိုက်ပါ။ လေပေါင်ဖိအား မှန်မှန်ချိန်ပါ။ တတ်နိုင်လျှင် နိုင်ထရိုဂျင်ကိုသာ ထိုးပါ။ သတ်မှတ်လေပေါင်ဖိအား အမြဲ ရှိနေစေရန် ဂရုစိုက်ထိန်းသိမ်းပါ။ တာယာလေပေါင် ဖိအားမှန်လျှင် ဆီစား နှုန်းသက်သာပြီး တာယာပန်းသားများလည်း ပွန်းစားမှုညီညာစေပါသည်။ တာယာဘီးတစ်လုံး၏ ထမ်းဆောင်နိုင်သော အလေးချိန်ဝန်အား(Load)သည် သတ်မှတ်ချက်ရှိသည်။ တာယာများကို ခြောက်လတစ်ကြိမ် လှည့် သုံးပါ။
(၈) တာယာဘီးများ အလိုင်းမင်းမှန်နေစေရန် ပုံမှန်စစ်ဆေးပေးပါ။ တာယာအလိုင်းမင်းမှန်မှ တာယာသက်တမ်းကြာရှည်ခံပါသည်။ အလိုင်းမင့် Out နေသော ကားဘီးတာယာများကြောင့် စတီယာရင်ထိန်းကျောင်း ရ ခက်ခဲစေပါသည်။
(၉) အိပ်ဇောစနစ်ကို စစ်ဆေးထိန်းသိမ်းပါ။ မူမမှန်သော အိပ်ဇော သံများဖြစ်ပေါ်လျှင် စစ်ဆေးပြုပြင်ပါ။ Catalytic Converter ပိတ်နေလျှင် အိပ်ဇော Back Pressure ဖြစ်မည်။ အိပ်ဇောစနစ်တွင်ရှိသော အောက်ဆီဂျင်ဆင်ဆာကို စစ်ဆေးပါ။
(၁ဝ) Car Aircon စနစ် ပုံမှန် ထိန်းသိမ်းပါ။ လိုအပ်ပါက ဂက်စ်ပြန် ဖြည့်ပါ။ ဆားဗစ်စင် ဝင်ပါ။
(၁၂) သင့်ကားအင်ဂျင်စွမ်းဆောင်မှု အကောင်းဆုံးရရှိစေရန် အင်ဂျင်ကျူးနင်းပုံမှန်ပြုလုပ်၍ စစ်ဆေးပါ။ အင်ဂျင်ကျူးနင်း လုပ်ပေးခြင်းသည် အင်ဂျင်တစ်လုံး၏ အကောင်းဆုံး Performance ရရှိစေရန် သေချာစေပြီး ဆီစားလည်း သက်သာစေပါသည်။
(၁၃) ကားမီးများ ပြည့်စုံပါစေ။ ကားမီးကြီးနှင့် အခြားမီးလုံးများ အားလုံး ပုံမှန်မီးလင်းနေခြင်း ရှိ/မရှိ စစ်ဆေးပါ။ ကားတစ်စီးသည် နေ့ ရောညပါ မီးစုံဖို့ လိုပါသည်။ မီးမပြည့်စုံလျှင် အန္တရာယ်ဖြစ်နိုင်သည်။ မီးမလင်းသည်မှာ Relay ဘူးကြောင့်လား၊ ဖျု့စ်ပြတ်နေလား စစ်ဆေးပါ။ မီးလုံးကျွမ်းလျှင် မီးလုံးလဲပါ။ ဝိုက်ပါနှင့် လေကာမှန် Washer များ စစ်ဆေးပါ။
(၁၄) မူမမှန်သောအသံ၊ တုန်ခါမှု၊ ထူးခြားသော အနံများ ခံစားရ ပါက စစ်ဆေးပါ။ ပန်ကာကြိုး၊ ရေပိုက်များကို စစ်ဆေးပါ။ ရေတိုင်ကီ လေလိုင်းများအတွင်းမှ ဖုန်၊ သဲ၊ အမှိုက်များ သန့်ရှင်းပေးပါ။
ပုံမှန် ထိန်းသိမ်းဂရုစိုက်သော ကားတစ်စီးသည် အမြဲကောင်းမွန်မှု ရှိနေပြီး ဘေးကင်းလုံခြုံစိတ်ချရပါသည်။ကားသက်တမ်းလည်း ကြာရှည် ခံသည်။

စက်မှုအင်ဂျင်နီယာတစ်ဦး

LEAVE A REPLY

Please enter your comment!
Please enter your name here