သင့်ကားကျူးနင်းလုပ်သင့်သော အခြေအနေများ

257

 

ကားတစ်စီးကို ကျူးနင်းလုပ်ခြင်းသည် ခေတ်ဟောင်းကားများတွင် လုပ် လေ့လုပ်ထရှိသော Maintenance ဖန်ရှင်တစ်ခု ဖြစ်သည်။ ယနေ့ ခေတ်ပေါ်ကားများ၏Ignition System နှင့် Fuel System များသည် ကွန်ပျူတာထိန်းချူပ်မှုစနစ်ဖြင့် အလုပ်လုပ်သောကြာင့် တိကျသေချာ သည်။ ထို့ကြောင့် ခေတ်ဟောင်းကားများကဲ့သို့ ကျူးနင်းလုပ်ပေးရန် မလိုဟု ယူဆတတ်ကြသည်။ ကားဆိုသည်မှာ ခိုင်းနေသရွေ့၊ လည်ပတ် လှုပ်ရှားနေသရွေ့ အချိန်တန်လျှင် ပွန်းစားပျက်စီးမှုးများ ရှိတတ်သည်မှာ သဘာဝဖြစ်သည်။
ခေတ်ဟောင်းကားများသည် ခရီးမိုင် နှစ်သောင်းခန့် မောင်းပြီးပါက အင်ဂျင်ကျူးနင်းပြန်လုပ်ပေးရန် လိုအပ်မည်။ ထိုခေတ်ကာလမှ နည်း ပညာဟောင်းများဖြင့် တည်ဆောက်ထားသော ကားများတွင် ချွတ်ယွင်း အားနည်းချက်များ အချိန်တို၊ ခရီးတိုအတွင်း ဖြစ်ပေါ်လာတတ်သည်။ ခေတ်သစ်မိုဒယ်မြင့်ကားများတွင် အီလက်ထရွန်းနစ်ဖြင့် ထိန်းကျောင်းထား ပြီး ကားထုတ်လုပ်သူများက ထောက်ခံမှုပေးထားသော Service Intervals ခရီးမိုင်မှာ တစ်သိန်းဖြစ်သည်။ သတ်မှတ်ထောက်ခံမှု ပေးထားသော Service Intervals ကာလမပြည့်မီ ပြသနာမျိုးစုံ၊ ချွတ်ယွင်းအား နည်းချက်မျိုးစုံလည်း ဖြစ်ပါ်လာနိုင်သည်။
အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသို့ တင်သွင်းလာသော ကား အများစုမှာ Used Cars များဖြစ်ပြီး အသုံးပြုနေသော လမ်းအများစုမှာ လမ်းအရည်အသွေး လုံးဝမပြည့်မီသောလမ်းများ ဖြစ်နေသောကြောင့် ဖြစ်သည်။ ကားတစ်စီး ပျက်စီးချွတ်ယွင်းမှုများကို ဂရုတစိုက် စောင့်ကြည့်ပြီး သတိထားလျှင် ကြိုတင်သိရှိနိုင်သည်။ ပုံမှန် ပြုပြင်ထိန်းသိမ်းရေး ဆောင် ရွက်နေသော်လည်း ကျူးနင်းလုပ်ပေးရန် လိုအပ်နေသောရှေ့ပြေးလက္ခဏာ များ သိရှိထားရန် လိုအပ်ပါသည်။
ကားစက်နှိုးရခက်ခဲခြင်း (Hard Starts)
နံနက်စောစော ကားစက်နှိုးလျှင် အနှိုးထိုင်းသည်။ Starter Motor လည်သော်လည်း ချက်ချင်း မနှိုးနိုင်။ နှစ်ကြိမ်၊ သုံးကြိမ်နှိုးရသည်။ စက်နှိုး ရခက်နေသည်။ တစ်ခါတစ်ရံ စက်နှိုးမိုတာပင် ကောင်းကောင်းမဆွဲနိုင်။ မိုတာ အီနေသည်၊ လေးနေသည်။ ဘက်ထရီကြောင့်လား၊ မိုတာ ကြောင့်လား မဝေခွဲနိုင်ဖြစ်နေသည်။ ဘက်ထရီဆိုင်မှ ထောက်နှိုးဘက်ထရီ ငှား၍ ဘက်ထရီအား ကူနှိုးကြည့်သည်။ ကားစက် ချက်ချင်းမနှိုးနိုင်။ မိုတာ သုံးလေးခေါက်လောက်ဆွဲမှ ကားစက်နှိုး၍ရသည်။ စက်နိုးသွားသော်လည်း စက်သံမမှန် ဖြစ်နေသည်။
ဤကဲ့သို့သော ကားစက်အနှိုးခက်သော၊ အနှိုးထိုင်းသော ပြသနာ မျိုးကို ကားဆရာတိုင်း၊ ကားပိုင်ရှင်တိုင်း ကြုံဖူးကြပါလိမ့်မည်။ ဓာတ်ဆီ ကားတစ်စီး စက်နှိုးရခက်ခဲခြင်းသည် ချွတ်ယွင်းအားနည်းချက် တစ်ခုမက ရှိနေသော ပြသနာဖြစ်ပါသည်။ ဤအခြေအနေမျိုးသည် ကျူးနင်းလုပ်ရန် လိုအပ်နေကြောင်း ပြသသည့် အရိပ်ပြလက္ခဏာဖြစ်ပါသည်။ ဘက်ထရီ အားသွင်းစနစ်၊ စက်နှိုးမိုတာစနစ်၊ မီးပေးစနစ်၊ ဆီပို့စနစ် အားလုံး ကောင်းမှ ကားစက်နှိုးရ လွယ်ပါသည်။
အင်ဂျင်စက် ထိုးရပ်သွားခြင်း (Stalling)
လမ်းဆုံလမ်းခွတစ်ခုကို ဖြတ်သန်းစဉ် လီဗာနင်းအရှိန်မြှင့်လိုက်ကာမှ စက်ရပ်သွားခြင်း၊ ကားမောင်းနေစဉ် စက်ထိုးရပ်သွားခြင်း၊ ကုန်းတက် လမ်းတစ်ခုကိုတက်ရန် ဂီယာပြောင်းထိုးပြီး စက်ရှိန်မြှင့်လိုက်ချိန်တွင် စက် ထိုးရပ်သွားခြင်း စသောဖြစ်စဉ်များကို အတွေ့အကြုံများသည့် ယာဉ်မောင်း ဆရာများ ကြုံဖူးကြမည်။ ဤကဲ့သို့ ရုတ်တရက်စက်ထိုးရပ်သွားခြင်းသည် ပုန်းကွယ်နေသော အားနည်းချွတ်ယွင်းချက်တစ်ခုခုကို ဖော်ပြနေသည့် လက္ခဏာပြ အခြေအနေတစ်ခုသာမက ဘေးအန္တရာယ်ဖြစ်စေနိုင်သော အခြေအနေတစ်ခုလည်း ဖြစ်သည်။
Timing Belt ကြိုး ပြတ်ထွက်သလား၊ အင်ဂျင်ဝိုင်များ ပေါက်ကျ ယိုစိမ့်သွား၍ ဘယ်ရင်ဖမ်းသွားသလား၊ ပလပ်များမကောင်း၍ အင်ဂျင်မီး ပျောက်နေသလား၊ အင်ဂျင် Overheat တက်ပြီး ဂျမ်းဖြစ်သွားသလား၊ လေစစ် လုံးဝပိတ်ပြီး အင်ဂျင် အသက်ရှူကျပ်နေသလား၊ ဆီပိတ်နေသ လား၊ ဘရိတ်ငြိနေသလား အစရှိသော ချွတ်ယွင်းအားနည်းချက် ပြသနာ တစ်ခုခုရှိနိုင်သည်။ စက်ထိုးရပ်သွားခြင်းသည် မကောင်းသောလက္ခဏာ ဖြစ်သည်။ ရောဂါအကြောင်းရင်းကို တွေ့အောင်ရှာဖွေစစ်ဆေးခြင်းမလုပ် ဘဲ စက်ပြန်နှိုးပြီး အတင်းမောင်းလျှင် ပျက်စီးဆုံးရှုံးမှု ပို၍ကြီးမားမည်။ ကုန်ကျစရိတ်လည်း ပိုများမည်။
သတိပေးမီးလင်းခြင်း (Warning Lights)
ကားဒတ်ချ်ဘုတ် Instrument Cluster တွင် မီတာဒိုင်ခွက်များနှင့် သတိပေးမီး(Warning Lights)များသည် ယာဉ်မောင်းသူတစ်ဦးအတွက် အထောက်အကူပေးနိုင်သော သတိပေးကိရိယာပစ္စည်းများ ဖြစ်သည်။ ကား သော့ဖွင့်လိုက်လျှင် ဒတ်ချ်ဘုတ်တွင် မီးများလင်းလာသည်။ ကားစက်နှိုး လိုက်ပြီး ခဏကြာလျှင် မီးလင်းနေသော Warning Lights များ ပျောက် သွားသည်။ အကယ်၍ Warning Lights တစ်ခုခုသည် ငြိမ်းမသွားဘဲ ဆက်လက်မီးလင်းနေလျှင် ပြသနာတစ်ခုရှိနေကြောင်း အချက်ပြသော သဘော ဖြစ်သည်။
Warning Lights မီးလင်းနေလျှင် ယာဉ်မောင်းတိုင်း သတိပြုသင့် သည်။ အင်ဂျင်ဝိုင်မီးလား၊ ဘက်ထရီချာဂျင်မီးလား၊ Engine Check မီးလား၊ တာယာ Pressure မီးလား၊ ABS ဘရိတ်မီးလားစသည်ဖြင့် စစ်ဆေးသင့်သည်။ သတိပေးမီးလင်းနေခြင်းသည် သင့်ကားတွင် ချွတ် ယွင်းချက် ပြစ်ချက်ပြသနာ တစ်ခုခုရှိနေကြောင်းပြောနေသော အဓိပ္ပာယ် ဖြစ်သည်။
ဆီတစ်ဂါလန် ရရှိမိုင်နှုန်း(mpg)နည်းလာခြင်း
ဓာတ်ဆီဆိုင်တွင် ဆီထပ်ဖြည့်ရသည့်အကြိမ် များလာသည်ဟု သံသယဝင်နေသည်။ အလားတူ ခရီးစဉ်တစ်ခုအတွက် ယခင်က အသုံး ပြုရသော ဆီဂါလန်ထက် ယခုပိုမိုသုံးနေရသည်။ သင့်ကား ဆီစားများ နေပြီလား။ ဆီစားများနေခြင်း၊ ဆီပိုသုံးနေရခြင်းသည် ချွတ်ယွင်းချက် ပြသနာတစ်ခု ဖြစ်သည်။ နေ့စဉ် ငွေယိုပေါက်ဖြစ်နေသော ပြသနာဖြစ် သည်။ အဘယ်ကြောင့် Fuel Mileage ကျသွားရသနည်း။ ယခင်က ဆီတစ်ဂါလန် မိုင် သုံးဆယ်ခန့်ရသည်။ ယခု ၂၅ မိုင်ပင် မရတော့။ အကြောင်းတစ်ခုခုကြောင့် ရှိမည်။ သင် ယုံကြည်စိတ်ချရသော မက္ကင်းနစ် ဆရာတစ်ဦးထံ ပြသပြီး သင့်ကားကို ကျူးနင်းလုပ်ပါ။
အင်ဂျင်ပါဝါ ကျနေခြင်း၊ အထနှေးနေခြင်း
ခါတိုင်းနှင့်မတူဘဲ အရုန်းအဆွဲမကောင်းခြင်း၊ လီဗာနင်း၍ စက်ရှိန် မြှင့်လိုက်လျှင် ချက်ချင်းတက်မလာဘဲ အင်ဂျင်အထနှေးနေခြင်း၊ ကုန်း တက်လမ်းများတွင် မရုန်းနိုင်ခြင်းစသော ချွတ်ယွင်းချက်များသည် အင် ဂျင် Performance ပိုင်းဆိုင်ရာတွင် အားနည်းချက် ပြသနာတစ်ခုခုရှိနေ၍ ဖြစ်သည်။ ဆီစစ်ဘူး ပိတ်နေသလား၊ Injector မကောင်းတာလား၊ ပလပ် မခုတ်တာလား၊ မီးမမှန်တာလား၊ ဆင်ဆာတွေမမှန်တာလား စသဖြင့် စစ်ဆေးဖို့ လိုသည်။
အခြားဆူညံသံများ (Other UnexplainedNoises)
အပြစ်ကင်းစင်သော ကားကောင်းတစ်စီးသည် မည်သည့်အသံမျှ မထွက်ရပါ။ ထူးခြားသော အသံတစ်ခုခုဖြစ်လျှင် တစ်ခုခုမှားနေ၍ ဖြစ် မည်။ ပါဝါစတီယာရင် ချိုးကွေ့လျှင် အသံထွက်တာလား၊ ပန်ကာကြိုး ချောင်လို့ တကျွီကျွီအသံထွက်သလား။ ဒူးဆစ် ခေါ် CV Joint က ကား ကွေ့လိုက်လျှင် အသံမြည်သလား။ နောက်ဆွဲကားများ(Rear Drive) ဂီယာဘောက် အသံမြည်သလား၊ ဂျွိုင်းခါသလား၊ ဂျွိုင်းသံထွက်လား သလား၊ Hub ဘောလ်အသံ ထွက်သလား၊ အောက်ပိုင်း ဘောလ်ဂျိုင်း ချောင်နေသလား၊ တာယာတုန်ခါနေသလား စသည်ဖြင့် မူမမှန်သော ထူးခြားသည့်မြည်သံများကို စစ်ဆေးပါ၊ အပြစ်ရှာပါ။ အချို့သော လူငယ် များသည် ကားစက်သံတည်ငြိမ်၍ အသံတိတ်ဆိတ်နေသည်ကို မကြိုက် သည့်အတွက် ပါဝါအိပ်ဇောဘူးတပ်ပြီး မောင်းသည်။ တဗြူးဗြူး၊ တဗြဲဗြဲ နှင့် လမ်းပေါ်တွင် ဆူညံနေသည်။ လီဗာနင်းလိုက်လျှင် ဝေါခနဲ အသံ ကျယ် မြည်တက်လာမှ ကြိုက်သည်။ လမ်းပေါ်မှ ခရီးသွားများနှင့် အခြား ကားများကို အသံဖြင့် ဖြဲခြောက်သည်။ ပါဝါအိပ်ဇောသံ ဆူညံနေလျှင် ပတ်ဝန်းကျင်တစ်ခုလုံးကို ထိခိုက်စေရုံသာမက မိမိကားမှ ထူးခြားသော မှုမမှန်သည့်အသံများကို မကြားနိုင်၊ မသိနိုင်၍ အန္တရာယ်ဖြစ်နိုင်သည်။
ဂီယာပြောင်းလဲမှု ကြမ်းတမ်းခြင်း
Manual ဂီယာများ ဂီယာထိုးရခက်ခဲခြင်း၊ ဂီယာထိုးရ ကြမ်းတမ်း ခြင်းပြသနာများသည် ကလပ်နှင့် ဂီယာဘောက်စ် ပြသနာဖြစ်သည်။ ကလပ်ကျနေသလား၊ ကလပ်ဝါရှာ ပေါက်နေသလား၊ ဆီယိုနေသလား၊ ကလပ်အုံ မကောင်းတာလား၊ ကလပ်ပလိတ် စပရင်ကျိုးပဲ့နေ၍ ဖလိုင်း ဝှီးနှင့် ကလပ်ပလိတ်ကြား ညပ်နေသလား။ ဂီယာဘောက်စ် ဆင်ခရို နိုက်ဇာ မကောင်း၍လား၊ ဂီယာဝိုင် လျော့နည်းနေသလား။ အော်တိုဂီယာ များ အသံမြည်ပြီး ကားမဆွဲလျှင် အော်တိုဂီယာပါဝါဆီ လျော့နေသလား၊ ဆီမကောင်းတာလား၊ တော့ကွန်ဗက်တာ မကောင်းတာလား အပြစ်တစ် ခုခုရှိနိုင်သည်။ ကျွမ်းကျင်သော ဝပ်ရှော့တွင်ပြသရမည်။ ကျူးနင်းလုပ်ရမည်။
ဘရိတ် အသံမြည်နေသည် (Noisy Brakes)
ဘရိတ်နင်းလိုက်လှျင် မြည်သံထွက်ခြင်း၊ တုန်ခါခြင်းများသည် မ ကောင်းသော လက္ခဏာ ဖြစ်သည်။ တစ်ခါတစ်ရံ ဘရိတ်နင်းရသည်မှာ မာတောင့်နေခြင်း၊ လေပူဖောင်းနင်းသလို ပျော့လွန်းနေခြင်းများလည်း ဘရိတ်မူမမှန်သော ပြသနာများဖြစ်သည်။ ဘရိတ်ဆီ မကြာခဏ လျော့ နေခြင်း၊ ဘရိတ်ဆီ ယိုစိမ့်နေခြင်းများသည်လည်း ဘရိတ်ဝါရှာ၊ ဘရိတ် ပိုက်များ မလုံတော့သည့်ပြသနာများ ဖြစ်သည်။ ဘရိတ်သည် ကား တစ်စီးလုံးတွင် အရေးအကြီးဆုံး Safety အစိတ်အပိုင်းဖြစ်သည်။ ဘရိတ် ပြသနာဖြစ်လှျင် အချိန်ရွေ့ဆိုင်းမနေဘဲ အမြန်ဆုံးပြုပြင်သင့်သည်။
တုန်ခါမှုဖြစ်ခြင်း (Vlbration)
ကားမောင်းနေစဉ် အမြန်နှုန်းတစ်ခုရောက်လျှင် ရုတ်တရက် တုန် ခါမှု ဖြစ်လာသည်။ ကားတစ်စီးလုံး တုန်ခါမှုကို ခံစားရသည်။ အသံမြည် လာသည်။ အောက်ပိုင်းချောင်၍ စတီယာရင် ခါသလား၊ ကားဘီးများ Balance အောက်နေသလား၊ တာယာ လိမ်နေသလား၊ ဘီးခွေလိမ် တွန့်နေသလား၊ ဂျွိုင်းဘောလ်စားပြီး ခါနေသလား၊ ခါးဆွဲဘောလ် စား သလား၊ ဂျွိုင်းနက်(Nuts)များ ချောင်နေသလား စစ်ဆေးဖို့လိုပါသည်။ တုန်ခါမှုများသည် အရှိန်ပြင်းမောင်းနေသော ကားတစ်စီးအတွက် အလွန် အန္တရာယ်များပါသည်။
အထက်တွင် ဖော်ပြခဲ့သော ချွတ်ယွင်းချက်၊ ပြစ်ချက်၊ အားနည်း ချက်ပြသနာများသည် ကားတစ်စီးကို ကျူးနင်းလုပ်ရန် လိုအပ်နေသော ရှေ့ပြေးနိမိတ်ပြ လက္ခဏာများဖြစ်ပါသည်။ ကားတစ်စီးကို အချိန်မှန် ပုံမှန် ထိန်းသိမ်းနေသော်လည်း တစ်ခါတစ်ရံတွင် မထင်မှတ်သောအချိန် မျှော်လင့်မထားသော နေရာတစ်ခုခု၌ ပြသနာ ပေါ်လာတတ်ပါသည်။ ကားတစ်စီးကို ပုံမှန်ထိန်းသိမ်းခြင်းသည် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း တစ်ဦး ဆောင်ရွက်ရသော သာမန် Maintenance ဖြစ်ပါသည်။ ကား တစ်စီးလုံးကို ခြုံငုံပြီး ကျူးနင်းလုပ်ခြင်းသည် ကျွမ်းကျင်မှု လိုအပ်သော ပစ္စည်းကိရိယာ စုံလင်မှလုပ်နိုင်သည့် ပြုပြင်ထိန်းသိမ်းခြင်းြဖစ်၍ မိမိ ကားလုိအပ်ချက်နှင့်အညီ ကျွမ်းကျင်ေသာ ဝပ်ေရှာ့ြကီးများ၌ ြပသ ြပုြပင် သင့်ပါေြကာင်း အြကံြပုအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here