သကြင်္န်အပြီးတွင် ယာဉ်ပိုင်ရှင်စိတ်ကြိုက် နံပါတ်အလှဝယ်ယူသည့် ကားအစီးရေ လျော့နည်းသွား

606

ရန်ကုန်၊ ဧပြီ

သကြင်္န်အပြီးတွင် ယာဉ်ပိုင်ရှင်စိတ် ကြိုက်နံပါတ်အလှဝယ်ယူသည့် ကားအစီးရေ လျော့နည်းသွားကြောင်း ထောက်ကြန့်ကနဦးမှတ်ပုံတင်ဌာနမှ သိရသည်။

လာမည့်ဇွန်လအတွင်း ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူခွင့် (YVQC) မူဝါဒထုတ်ပြန်ပေးမည် ဟု သတင်းများထွက်ပေါ်လျက်ရှိရာ ထိုအပြောင်းအလဲကို စောင့်ကြည့်နေကြသဖြင့် ကားအရောင်းစင်တာများမှ တင်သွင်းထားသော Consignment ကားများမှာ အရောင်းအဝယ်အေးနေပြီး ကနဦးမှတ်ပုံတင်ပြုလုပ်သည့် ကားအစီးရေလည်း လျော့နည်းသွားကြောင်း သိရသည်။

သကြင်္န်ပွဲတော်ရက်အပြီး အစိုးရရုံးများ ပြန်ဖွင့်ချိန်တွင် ဧပြီ ၁၈ ရက်က ယာဉ်ပိုင်ရှင်စိတ်ကြိုက်နံပါတ် ဝယ်ယူသည့် ယာဉ်တစ်စီးမျှမရှိဘဲ ၁၉ ရက်တွင် ၁၃ စီး၊ ၂ဝ ရက်တွင် ၁ဝ စီးနှင့် ၂၃ ရက်တွင် ၁၂ စီး သာရှိကြောင်း သိရသည်။ ဧပြီလမတိုင်ခင် နံပါတ်အလှရောင်းချမှုတွင် ဇန်နဝါရီလ၌ ၄ဝ၁ စီး၊ ဖေဖော်ဝါရီလ၌ ၄၁၅ စီး၊ မတ်လ တွင် ၂၅၁ စီး၊ ဧပြီ ၁ ရက်မှ ၂၃ ရက်အထိ ၁၆၇ စီးရှိကြောင်း သိရသည်။

ယခုနှစ်အတွင်း ယာဉ်ပိုင်ရှင် စိတ်ကြိုက်နံပါတ်အလှ ရောင်းချမှုမှ ဇန်နဝါရီလ၌ ၄ဝ၁ စီးစာ အတွက် အခွန်ငွေ ၃၆၆၅ သိန်း၊ ဖေဖော်ဝါရီလ၌ ၄၁၅ စီးစာအတွက် အခွန်ငွေ ၃၅၉၇ သိန်း၊ မတ်လ၌ ၂၁၅ စီးစာအတွက် အခွန်ငွေ ၂၃၃၃ သိန်း ကောက်ခံရရှိခဲ့သည်။ ဧပြီ ၁ ရက်မှ ၂၃ ရက်အထိ စိတ် ကြိုက်နံပါတ်ရောင်းချမှုမှလည်း ၁၆၇ စီးစာအတွက် ၁၆၄၉ သိန်း ကောက်ခံရရှိခဲ့ကြောင်း ထောက်ကြန့်ကနဦးမှတ်ပုံတင်ဌာနမှ သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here