သကြင်္န်ရေပက်ခံလည်မည့် ဆိုင်ကယ်များ ပလပ်ခေါင်းနှင့်သော့အုံထဲသို့ ရေမဝင်ရောက်စေရန် ကြိုတင်ကာကွယ်မှုလုပ်ဆောင်ပြီးမှ စီးနင်းသင့်

624

မန္တလေး၊မတ်

မြန်မာတစ်နိုင်ငံလုံးတွင် လာမည့် ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အတွင်း ကျင်းပမည့် မဟာသကြင်္န်ပွဲတော် ကာလအတွင်း ရေပက်ခံလည်မည့် ဆိုင်ကယ်များအနေဖြင့် ပလပ်ခေါင်းနှင့်သော့အုံထဲသို့ ရေဝင်ရောက်မှုမရှိစေရန် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ပြီးမှသာစီးနင်းသင့်ကြောင်း ဝါရင့်ဝပ်ရှော့ဆရာများက အကြံပြုပြောကြားသည်။

”သကြင်္န်ရေပက်ခံလည်တဲ့ တစ်ချို့ဆိုင်ကယ်တွေစီးနေရင်းနဲ့ ထိုးရပ်တာတွေရှိတယ်၊အဲဒီလိုထိုးရပ်တာကလည်း ပလပ်ခေါင်းထဲ၊ ဆော့ကက်ထဲ၊ သော့အုံ စတဲ့အစိတ်အပိုင်းတစ်ခုခုမှာ ရေဝင်သွားလို့ဖြစ်တာများတယ်၊ အဲဒီလိုမဖြစ်အောင်ဆိုရင် ကြိုတင်ကာကွယ်မှု လုပ်ဆောင်ပြီးမှ လည်ပတ်သင့်တယ်၊တော်ကြာစီးနေရင်းလမ်းမှာ ရုတ်တရက်ထိုးရပ်လိုက်လို့ နောက်က ကပ်ပါလာတဲ့ယာဉ်တွေ အရှိန်မထိန်းနိုင်ဘူးဆိုရင် ဝင်တိုက်ခံရနိုင်တယ်”ဟု မန္တလေးမြို့ခံဝါရင့်ဝပ်ရှော့ဆရာတစ်ဦးက အကြံပြုပြောကြားသည်။

ထိုသို့ ရေပက်ခံလည်ရင်းဆိုင်ကယ်ထိုးရပ်ခြင်းမရှိစေရန် ဆိုင်ကယ်ပလပ်ခေါင်းအား အမဲဆီသုတ်လိမ်းထားခြင်း(သို့)ပလပ်စတစ်ဖြင့်ပတ်စီးထားခြင်း၊ဆော့ကက်များနှင့် သော့အုံကိုလည်း ကျွတ်ကျွတ်အိတ်ဖြင့် ဖုံးအုပ်ကာ ကွယ်ခြင်းမျိုးတို့ ကြိုတင်လုပ်ဆောင်ထားသင့်ပြီး အိတ်ဇောပိုက် နှင့် အင်ဂျင် Over ပိုက်ရေဝင်စေနိုင်မည့် ရေတောထဲသို့ ဖြတ်သန်းစီးနင်းခြင်းမျိုးမပြုလုပ်ရန် အထူးလိုအပ်ကြောင်း၎င်းတို့ကထပ်မံအကြံပြုသည်။

”ဆိုင်ကယ်စီးတာကြာရင် အင်ဂျင်ပူလာတော့ အင်ဂျင်ကို ရေထိနိုင်မယ့် ရေတောထဲ အိတ်ဇောပိုက်ထိရေရောက်တဲ့ ရေတောထဲ ဖြတ်သွားမယ်ဆိုရင် အင်ဂျင်ထဲ ဂီယာဘောက်ထဲ ရေဝင်တာတွေ ဖြစ်နိုင်တယ်၊ အဓိက က တော့အင်ဂျင် Over ပိုက်ပေါ့၊ အင်ဂျင် Over ပိုက်က အောက်မှာတွဲလောင်းချထားတာဖြစ်တဲ့အတွက် အင်ဂျင်ကို ရေထိနေမယ်၊ အင်ဂျင်ကလည်းပူနေမယ်ဆိုရင် အဲဒီ Over ပိုက်ကနေ ရေကိုစုပ်ယူနိုင်တယ်၊ အဲဒီလိုဖြစ်ရင် အင်ဂျင်ထဲရေဝင်ပြီးထိုးရပ်တာတွေလည်းရှိတယ်၊လမ်းပေါ် ရေများတဲ့နေရာတွေ မသွားမိဖို့လိုတယ်” ဟုမန္တလေးမြို့ ရွှေနဒီ EFI ဆိုင်ကယ် Service Center မှ ကိုဇော်ဝင်းကလည်း အကြံပြုသည်။

ထို့ပြင် EFI နည်းပညာဖြင့် ထုတ်လုပ်ထားသောထိုင်း Click, Scoopy i စီးသူများအနေဖြင့်လည်း ဂီယာဝိုင်ထည့်သည့်နေရာမှာအိတ်ဇောပိုက်အောက်ခြေနားတွင်ရှိ သည့်အတွက် အိတ်ဇောပိုက်ထိ ရေရောက်ရှိနိုင်သော လမ်းပေါ်များတွင် မစီးနင်းရန်လည်းအထူးလိုအပ်ကြောင်း မန္တလေးမြို့ခံဝါရင့်ဝပ်ရှော့ဆရာများက ထပ်မံအကြံပြုထားကြသည်။

ကျော်ကျော်အောင်(ကလေးမြို့)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here