သကြင်္န်ရက်များအတွင်း  ၂၆ လမ်း၊   ၆၆ လမ်းမှ  ၇၈ လမ်းမအထိ ယာဉ်ဝင်ခွင့် ကန့်သတ်မည်

441

မန္တလေး၊ မတ်

မန္တလေး ကျုံးတောင်ဘက် လမ်းမကြီး ၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈ လမ်းမအထိကို သကြင်္န်ပွဲတော်ကာလဖြစ်သည့် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ယာဉ်ဝင်ခွင့်ကန့်သတ်သွားမည်ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

သကြင်္န်ပွဲတော်ကာလအတွင်း အဆိုပါ ၂၆ လမ်းကြီးတွင် လမ်းလျှောက်သကြင်္န် ဆင်နွှဲမည်ဖြစ်ရာ နေ့စဉ် နံနက် ခြောက်နာရီမှ ညနေ ခြောက်နာရီအထိ အနှေးယာဉ်၊ စက်ဘီး၊ ဆိုင်ကယ်၊ ကားများ ဝင်/ထွက် သွားလာခွင့်မပြုကြောင်း သိရသည်။ ထို့ပြင် သကြင်္န်ပွဲတော်ကာလအတွင်း ကျုံးပတ်လည် လမ်းမကြီးများပေါ်တွင် မော်တော်ယာဉ်များဖြင့် စျေးရောင်းချခြင်းများလည်း မပြုလုပ်ရန်နှင့် တွေ့ရှိပါကမန္တလေးမြို့တော် စည်ပင်သာယာမှ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တော် စည်ပင်နယ်နိမိတ်အတွင်းရှိ ၆၆ လမ်း (ကျုံးအရှေ့ဘက်ခြမ်း) ၁၂ လမ်းမှ ၂၆ လမ်းအတွင်း၊ ၁၂ လမ်း(ကျုံး မြောက်ဘက်ခြမ်း) ၆၆ လမ်းမှ လမ်း ၈ဝ အတွင်းရှိ ပလက်ဖောင်း၊ လမ်းလယ်ကျွန်း၊ ရေမြောင်း၊ လမ်း မြေနှင့် လမ်းဘေးများတွင် မော်တော်ယာဉ်၊ အနှေးယာဉ်၊ တွန်းလှည်းများဖြင့် ရောင်းချခြင်း၊ ဆိုင်ခင်းရောင်းချခြင်းများ မပြုလုပ်ရန် နှင့် တွေ့ရှိပါက မန္တလေးမြို့တော် စည်ပင်သာယာဥပဒေ ပုဒ်မ (၁၁၂)အရ ဒဏ်ငွေ ကျပ်တစ်သောင်းမှ ကျပ်ငါးသောင်းအထိ ဒဏ်ရိုက် အရေးယူသွားမည်ဟု သိရသည်။

ထို့ပြင် ကျုံးတောင်ဘက် ၂၆ လမ်းနှင့် ၂၇ လမ်းကြား လမ်းနယ်နိမိတ်မှာလည်း သကြင်္န်ကာလအတွင်း ယာဉ်ကြောရှုပ်ထွေးမှုအများ ဆုံး လမ်းကြားဖြစ်သဖြင့် စျေးရောင်းချခြင်းမပြုရန် မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီမှ တားမြစ်ထားသည်။

”စည်ပင်ဥပဒေရဲ့ ဒဏ်ငွေက တစ်သောင်းကနေ ငါးသောင်းဆိုတော့ တချို့ဆိုင်တွေက သကြင်္န်အတွင်း တစ်ရက်အမြတ်က ဒီထက်မကတော့ ဒဏ်ငွေကိုဂရုမစိုက်ဘဲ ရောင်းနိုင်တာတွေလည်း ရှိတယ်၊ ဒါကြောင့် ယာဉ်ကြောရှုပ်ထွေးမှုအတွက် ဒဏ်ငွေအပြင် တခြားကောင်းတဲ့အကြံတွေကိုလည်း စဉ်းစားသင့်ပါတယ်”ဟု ချမ်းအေးသာစံမြို့နယ်မှ မန္တလေးမြို့ခံတစ်ဦးက ၎င်းအမြင်ကို ပြောသည်။

မန္တလေးမြို့ ကျုံးတောင်ဘက် လမ်းမကြီး၌ လမ်းလျှောက်သကြင်္န် ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၆ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here