သကြင်္န်ပွဲတော်ကာလနီးလာသဖြင့်  ၆၆ဝ စီစီ  မီနီထရပ်များ အရောင်းအဝယ်ပြန်ဖြစ်လာ

829

ရန်ကုန်၊ မတ်

သကြင်္န်ပွဲတော်ကာလ နီးလာသဖြင့် ၆၆ဝ စီစီ မီနီထရပ်များ အရောင်းအဝယ် ပြန်ဖြစ်လာကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်၊

မတ်လအတွင်း ကားအရောင်းအဝယ်များ အေးစက်နေသော်လည်း သကြင်္န်ပွဲတော်ကာလနီးလာသဖြင့် ၁၃ဝဝ စီစီ ကားများနှင့် ၆၆ဝ စီစီ မီနီထရပ်များ အဝယ်ပြန်လိုက်လာသည်။ လာမည့် ဘတ်ဂျက်နှစ်အတွက် အခွန်အကောက်ဥပဒေ အပြောင်းအလဲတွင် ၁၅ဝ၁ စီစီမှ ၂ဝဝဝ စီစီကြား လူစီးကားများကို အထူးကုန်စည်ခွန် လျှော့ချပေးရာ အင်ဂျင်ပါဝါအနိမ့်ကားများ၏ စျေးကွက်ကို ပြောင်းလဲမှုမရှိ၍ ၁၃ဝဝ စီစီကားများနှင့် ၆၆ဝ စီစီ မီနီထရပ်များမှာ ပုံမှန်အတိုင်းအရောင်းအဝယ်ပြန်လိုက်လာခြင်း ဖြစ်ကြောင်းသိရသည်။

”ဝင်ငွေခွန်တွေ လျှော့ချပေးမှာ မဟုတ်တော့တဲ့အတွက် သိန်းနှစ်ရာအောက် ၁၃ဝဝ စီစီကားတွေ အရောင်းအဝယ် ပြန်ဖြစ်လာပါတယ်၊ နောက်ပြီး သကြင်္န်ကာလ နီးလာတဲ့အတွက်လည်း ၆၆ဝ စီစီ မီနီထရပ်လေးတွေ အဝယ်လိုက်လာပါတယ်၊ ရန်ကုန်လိုင်စင် ပြန်ဖွင့်ပေးဖို့ကိစ္စ ထူးခြားမလာသေးတဲ့အတွက် ရန်ကုန်လိုင်စင် နံပါတ်ထွက်ပြီးသားကားတွေပဲ အဓိက အရောင်းအဝယ်ဖြစ်ပါတယ်”ဟု ကားဝယ်/ရောင်း တစ်ဦးဖြစ်သူ ကိုအောင်ဇော်က ဆိုသည်။

၆၆ဝ စီစီ မီနီထရပ်များ အရောင်းအဝယ် ပြန်ဖြစ်လာရာ Daihatsu Hijet ၂ဝဝ၆/၂ဝဝ၇ မို ဒယ်(AC ၊ PS ၊ 2WD ၊ Auto)သည် အက္ခရာအပေါ် မူတည်ပြီး ကျပ်သိန်းတစ်ရာမှ ၁၁ဝ ကြား၊ Manual သည် ကျပ်သိန်း ကိုးဆယ်မှ ၉၅ သိန်းကြား၊ Suzuki Carry Truck ၂ဝဝ၅/၂ဝဝ၆မိုဒယ် (AC ၊ PS ၊ 2WD ၊ Auto) သည် အက္ခရာအပေါ်မူတည်ပြီး ကျပ် ၇၅ သိန်းမှ ရှစ်ဆယ်ကြား၊ Manual ကျပ် ၆၅ သိန်းမှ ခုနစ်ဆယ်ကြား၊ Honda Acty ၊ Subaru Sambar  ၂ဝဝ၅/၂ဝဝ၆ မိုဒယ်(AC ၊ PS ၊ 2WD ၊ Auto) သည် အက္ခရာအပေါ်မူတည်ပြီး ကျပ် ၇၆ သိန်း ဝန်းကျင်၊ Manual ကျပ်သိန်း ခြောက်ဆယ်ဝန်းကျင်၊ Mini Cab ၂ဝဝ၅/၂ဝဝ၆ မိုဒယ်(AC ၊ PS ၊ 2WD ၊ Auto) သည် အက္ခရာအပေါ် မူတည်ပြီး ကျပ် ၈၅ သိန်းဝန်းကျင်၊ Manual ကျပ် ၇၅ သိန်းဝန်းကျင် ရှိကြောင်း သိရသည်။

ကိုရဲ

LEAVE A REPLY

Please enter your comment!
Please enter your name here