သကြင်္န်ပိတ်ရက်အတွင်း  ယာဉ်စီးခတိုးမြှင့့််ယူသည့်ယာဉ်လိုင်းများကို  ယကကဥပဒေဖြင့် အရေးယူမည်

394

မန္တလေး၊ မတ်

ယခုနှစ် သကြင်္န်ကာလ ရုံးပိတ်ရက်အဖြစ် ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ ရုံးပိတ်ရက် ငါးရက် သတ်မှတ်ထားရာ ခရီးသွားလာမှုအခြေအနေ စောင့်ကြည့်နေပြီး ပြေးဆွဲသည့် ယာဉ်လိုင်းများကိုလည်း ယာဉ်စီးခနှုန်းထား တိုးမြှင့်ပါက ယကကဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ‘အဝေးပြေးယာဉ်လုပ်သားများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ’ ဥက္ကဌ ဦးအောင်ကျော်လင်းက ပြောသည်။

”ဒီနှစ်က ဘယ်လိုဖြစ်မလဲမသိသေးဘူး၊ ဒီနှစ်ရဲ့ပုံစံက စောင့်ကြည့်ပြီး စံယူရမယ့်ပုံစံဖြစ်နေတယ်၊ ပိတ်ရက်နည်းသွားတော့ ပြန်ချင်လား၊ မပြန်ချင်လားဆိုတာ မှန်းလို့မရဘူး၊ အရင်နှစ်တွေက ရုံးပိတ်ရက် ၁ဝရက်ပိတ်တာဆိုတော့ ဝန်ကြီးရဲ့ ညွှန်ကြားချက်အတိုင်း အဝေးပြေးကကားတွေတောင် ထုတ်ပြီးတော့ ဆွဲပေးတာရှိတယ်၊ ဒီနှစ်က ပိတ်ရက်နည်းတော့ ဘာဖြစ်မယ်ဆိုတာ မသိသေးဘူး”ဟု ဥက္ကဌ ဦးအောင်ကျော်လင်းက ဆိုသည်။

သကြင်္န်ကာလ ရုံးပိတ်ရက်နှင့် အကြိုကာလများတွင် အဝေးပြေး ခရီးသည်ယာဉ်စီးခနှုန်းထားများ ပိုမိုတောင်းခံပါက ဒဏ်ကြေးငွေ ကျပ်ငါးသောင်း ပေးဆောင်ရမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး လုပ်ငန်းကော်မတီမှ သိရသည်။

”ကားကွင်းပြင်ပမှာ သူတို့အချင်းချင်း ကြိုက်ရောင်း၊ ကြိုက်ဝယ် လုပ်ကြတဲ့ကိစ္စမှာတော့ အဝေးပြေးအနေနဲ့မဆိုင်ဘူး၊ ဂိတ်က ပိုရောင်းတယ်ဆိုရင်တော့ ဂိတ်ကို အရေးယူပေးမယ်၊ ဥပမာ- ဂိတ်က ၁ဝ,၅ဝဝ တန် လက်မှတ်ကို ၁၈,ဝဝဝ ရောင်းပါတယ်ဆိုရင်တော့ အရေးယူပေးမယ်၊ လက်မှတ်ဝယ်ထားပြီး အရေး ကြီးတဲ့သူက စျေးပိုပေးပြီးဝယ်ရင် တော့ ဘယ်သူ့ကို ဒဏ်သွားရိုက်ရမလဲ”ဟု မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်သားများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ ဦးအောင်ကျော်လင်းက ဆက်လက် ပြောသည်။

အဆိုပါကာလအတွင်း ယာဉ်ပြေးဆွဲမှု ရပ်ဆိုင်းမည်ဆိုပါကလည်း အဝေးပြေး ယကကသို့ ကြို တင် အကြောင်းကြားရမည် ဖြစ်ပြီး ပြေးဆွဲမည့်ယာဉ်များအနေဖြင့်  လည်း ထိုင်ခုံငါးနေရာ ချန်ထားရမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ အ ဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ လက်အောက်၌ ယာဉ်အသင်းပေါင်း ၅ဝ၆ သင်းရှိပြီး ယာဉ်အစီးရေ ခြောက်ထောင်ကျော်ပြေးဆွဲလျက် ရှိကြောင်း ယကကဌာနစာရင်းများ အရ သိရသည်။

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here