သကြင်္န်ကာလအတွင်း  သတ်မှတ်ယာဉ်စီးခနှုန်းထားထက် ပိုမိုကောက်ခံသည့် အဝေးပြေးယာဉ်လိုင်းများကိုထိ ရောက်သည့် အရေးယူမှုပြုလုပ်နိုင်ရန် စီစဉ်    

423

ရန်ကုန်၊ မတ်

သကြင်္န်ကာလအတွင်း အဝေးပြေးယာဉ်စီးခလက်မှတ်များကို သတ်မှတ်နှုန်းထားထက် စျေးနှုန်းပို၍ရောင်းချခြင်းအား ထိရောက်သည့် အရေးယူမှု ပြုလုပ်နိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှသိရသည်။

ခရီးသွားအများဆုံးကာလ ဖြစ်သည့် သကြင်္န်မတိုင်မီကာလ များနှင့် သကြင်္န်ကာလအတွင်း၌ အဝေးပြေးယာဉ်စီးခကို  သတ်မှတ် နှုန်းထားထက် ပိုမိုရောင်းချခြင်းရှိလျှင် ထိရောက်သည့်အရေးယူမှု ပြုလုပ်နိုင်ရန်အတွက် YRTA မှ တာဝန်ရှိသူများနှင့် ယာဉ်လိုင်းပိုင်ရှင်များ ဆွေးနွေးညှိနှိုင်းမှုပြုလုပ်နေကြောင်း သိရသည်။

”သကြင်္န်ရုံးပိတ်ရက်ကာလ အတွင်းမှာ အဝေးပြေးယာဉ်စီးခ တိုးကောက်တာတွေကို အရင်က ဒဏ်ငွေငါးသောင်းဒဏ်ရိုက်အရေးယူတယ်၊အခုပိုပြီးထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ဖို့ဆွေးနွေးနေပါတယ်၊ နောက်ပြီး ပြီးခဲ့တဲ့နှစ်က အောင်မဂင်္လာအဝေးပြေးမှာ ဖြစ်ပွားခဲ့တဲ့ကုမ္ပဏီနဲ့ယာဉ်လိုင်း မရှိဘဲနဲ့ လက်မှတ်တွေရောင်းပြီး တကယ်လည်းသွားစီးရောကားမရှိတာမျိုးတွေ ဒီနှစ်မှာလုံးဝအဖြစ်ခံ မှာ မဟုတ်ပါဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

ယခင်မထသ(အဝေးပြေး) လက်ထက်တွင် သကြင်္န်ကာလအ တွင်း အဝေးပြေးယာဉ်စီးခလက် မှတ်စျေးနှုန်း ပိုမိုရောင်းချခြင်းအတွက် ချက်ချင်းစိုက်ထုတ်လျော် ပေးခြင်းများ ပြုလုပ်ခဲ့သလိုရောင်းချခဲ့သည့် ယာဉ်လိုင်းများကိုလည်း  ဒဏ်ငွေငါးသောင်း ဒဏ်ရိုက်အရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရ သည်။

အောင်မဂင်္လာအဝေးပြေးဝင်းအတွင်းတွင် ရန်ကုန် အခြေပြု ပြေးဆွဲနေသည့် ယာဉ်လိုင်း ၁၁၆ လိုင်းတွင် ယာဉ်အစီး ၁၇၆၅ စီး ရှိပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး များကို အခြေပြု၍ ရန်ကုန်တိုင်းဒေသကြီးကို ပြေးဆွဲနေသည့် ယာဉ်လိုင်း ၁၃၁ လိုင်းတွင် ယာဉ်အစီး ၁၉၂၂ စီး ရှိကြောင်း သိရသည်။

ဒဂုံဧရာအဝေးပြေးဝင်းအတွင်းရန်ကုန်အခြေပြုပြေးဆွဲနေ သည့် ယာဉ်လိုင်း ၄၃ လိုင်းတွင် ယာဉ်အစီး ၄၂၃ စီးရှိပြီး ပြည်နယ် နှင့် တိုင်းဒေသကြီးအခြေပြု၍ ရန် ကုန်တိုင်းဒေသကြီးကိုပြေးဆွဲနေသည့်ယာဉ်လိုင်း ၇ဝ ကျော်တွင် ယာဉ် ၅၁၁ စီးရှိကြောင်းသိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here