သကြင်္န်ကာလအတွင်း ရပ်နားမည့် အဝေးပြေးယာဉ်လိုင်းများ ဧပြီ  ၇ ရက်  နောက်ဆုံးထား စာရင်းပေးရမည်

420

မန္တလေး၊ မတ်

သကြင်္န်ကာလအတွင်း ယာဉ်ပြေးဆွဲမှု ရပ်နားမည့် အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့် ဧပြီ ၇ ရက် နောက်ဆုံးထားစာရင်းပေးရမည်ဖြစ်ကြောင်း ‘မန္တလေး တိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီ’ ဥက္ကြ ဦးအောင်ကျော်လင်းက ပြောသည်။

အဝေးပြေးခရီးသည်တင် ယာဉ်လိုင်းများအနေဖြင့် သကြင်္န်မ တိုင်မီ ဧပြီ ၁၂ ရက်အထိသာ ယာဉ်ပြေးဆွဲကြမည်ဖြစ်ပြီး အများစုမှာ သကြင်္န်ကာလအတွင်းမှ ဧပြီ ၁၈ ရက် အထိ ယာဉ်ပြေးဆွဲမှု ရပ်နားထားကြကြောင်း သိရသည်။ ခရီးသည် အများစုမှာလည်း သကြင်္န် မတိုင်မီနှင့် သကြင်္န်အပြီး နှစ်ဆန်း တစ်ရက်ကျော်မှသာ ခရီးသွားလာမှု အများဆုံးဖြစ်၍ ယင်းအချိန်မှသာ ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲကြကြောင်း သိရသည်။

”သကြင်္န်မတိုင်ခင်နဲ့ သကြင်္န် ပြီး နှစ်ဆန်းတစ်ရက်၊ နှစ်ရက်မှာတော့ ခရီးသွားမှုအများဆုံးပဲ၊ သကြင်္န်တွင်းကတော့ အသွား၊ အလာ နည်းပါတယ်၊ ဒါကြောင့် ခရီးသွား အများဆုံးအချိန် ဖြစ်တဲ့ သကြင်္န်မတိုင်ခင်မှာ ခရီးသည်တွေကို ယာဉ်စီးခ ပိုမတောင်းဖို့နဲ့ ခရီးသွားလုပ်သားပြည်သူတွေ အဆင်ပြေဖို့အတွက် ကားတစ်စီးကို လက်မှတ်ငါးစောင်ချန်ဖို့ ယာဉ်လိုင်းတွေကို မှာထားပါတယ်”ဟု အဝေးပြေး ဥက္ကကြ ပြောသည်။

အဝေးပြေး ခရီးသည်ယာဉ်အသင်းများအနေဖြင့် သကြင်္န်ကာ လ ယာဉ်ပြေးဆွဲမှု ရပ်နားမည်ဆိုပါက အဝေးပြေး ယကကသို့ တရားဝင် စာတင်ရမည်ဖြစ်ပြီး သကြင်္န်  မတိုင်မီ ဧပြီ ၇ ရက် နောက်ဆုံးထား အကြောင်းကြားရမည် ဖြစ်ကြောင်း သိရသည်။

သကြင်္န်ကာလ မတိုင်မီတွင်  မန္တလေးမြို့မှ နေပြည်တော်၊ တောင်ကြီး၊ ရန်ကုန် အစရှိသည့် ဒေသများသို့ ခရီးသွားလာမှု အများဆုံးဖြစ်ပြီး ထိုအချိန်များတွင် လက်မှတ်လိုအပ်မှု အများဆုံးဖြစ်သဖြင့် ခရီးသည်တင်ယာဉ်တစ်စီးလျှင် လက်မှတ်ငါးစောင်ချန်ထားရန် မှာကြားထားပြီး ယာဉ်ထွက်ခွာချိန် သုံးနာရီအလိုမှသာ လက်မှတ်ကို ရောင်းချရန် မှာကြားထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း သိရိမန္တလာ၊ ချမ်းမြရွှေပြည် (ကျွဲဆည်ကန်)၊ ပြည်ကြီးမျက်ရှင်၊ ဒေါနဘွားကားကွင်း အစရှိသည့် ခရီးသည်တင်ကားကြီးကွင်းများ၌ ယာဉ်လိုင်းပေါင်း ငါးရာကျော်နှင့် ယာဉ်အစီးရေ ခြောက်ထောင်ကျော် ခန့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here