သက်တမ်း ၄၁ နှစ်ရှိ Ford ကားဖြင့် ကားမောင်းပြိုင်ပွဲပါဝင်ဆင်နွှဲနေချိန် ကားတိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ    ပြိုင်ပွဲဝင်နှစ်ဦးစလုံး သေဆုံး

540

အဂင်္လန်နိုင်ငံ၊ Hampshire နယ် ရှိ စစ်အခြေစိုက် စခန်းတစ်ခု၌ ကျင်းပသည့် သီးသန့် ကားပြိုင်ပွဲ တစ်ခုတွင် သက်တမ်း ၄၁ နှစ်ရှိ ကားတစ်စီးဖြင့် ပါဝင် ယှဉ်ပြိုင် ခဲ့သူနှစ်ဦး ယာဉ်မတော်တဆမှု ဖြင့် သေဆုံးခဲ့ရကြောင်း Daily Mail သတင်း ဌာနက ရေးသားဖော်ပြခဲ့သည်။

 

အတွေ့အကြုံ ရင့်ကျက်သည့် ယာဉ်မောင်းသမားများဖြစ်သော အိုင်ယာလန်နိုင်ငံမှ ပြိုင်ပွဲဝင် Shawn Rayner နှင့် လမ်းပြ Steve Dear တို့နှစ်ဦးသည် အဂင်္လန်နိုင်ငံတောင်ပိုင်း၊ Basingstoke မြို့၌ ကျင်းပလျက်ရှိသည့် ကားမောင်းပြိုင်ပွဲတစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ရင်း ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပွားရ သည့် အကြောင်းအရာအသေးစိတ်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်က ကျင်းပခဲ့သောပြိုင်ပွဲတွင် Shawn Rayner တို့နှစ်ဦးသည် သက်တမ်း ၄၁ နှစ်ရှိပြီဖြစ်သော Ford Escort RS 2000 ကားအမျိုးအစားဖြင့် ပြိုင်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။

 

လတ်တလောတွင် Hampshire ရဲတပ်ဖွဲ့က ပြိုင်ပွဲစီစဉ်သည့် Sutton and Cheam Motor Club နှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုအတွက် လိုအပ်သည့်အကူအညီများ ပေးလျက် ရှိသည်။ ယာဉ်မတော်တဆမှု ကြောင့် အသက်ဆုံးရှုံးသွားသည့် ပြိုင်ပွဲဝင် Shawn Rayner နှင့် လမ်းပြ Steve Dear တို့ နှစ်ဦးစလုံးအတွက် ဝမ်းနည်းကြေကွဲကြောင်း MSA(Motor Sport Association) က ကြေညာခဲ့ သည်။ Basingstoke မြို့ မြောက်ပိုင်းရှိ အလုံပိတ်ထားသော စစ်စခန်းဝင်းထဲတွင် ကျင်းပသည့် အဆိုပါ Single-track Loco 2 ကားမောင်းပြိုင်ပွဲအား အဆင့်ရှစ်ဆင့်ခွဲကာ ကျင်းပခြင်းဖြစ်ပြီး ထုတ်ပြန်ထားသည့် အကြိုပြိုင်ပွဲဝင် စာရင်းအရ ပြိုင်ပွဲဝင်သူ ၃၃ ဦး ရှိကြောင်း သိရသည်။

 

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here