သက်တမ်းတိုးပြုလုပ်မည့် လုပ်ငန်းသုံးယာဉ်များတွင် ရောင်ပြန်စတစ်ကာကပ်ခြင်း စတင်ဆောင်ရွက်

379

ရန်ကုန်၊ စက်တင်ဘာ

စက်တင်ဘာ ၂ ရက်မှစ၍ သက် တမ်းတိုးပြုလုပ်မည့် လုပ်ငန်းသုံး ယာဉ်များတွင် ရောင်ပြန်စတစ် ကာကပ်ခြင်းကို စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း ကုန်းလမ်းပို့ ဆောင်ရေးညွန်ကြားမှု ဦးစီးဌာန၊ မြင်သာကညနရုံးမှ သိရသည်။

ရောင်ပြန်ပြားများသည် ည အချိန်ယာဉ်မောင်းနေစဉ်နှင့် ယာဉ် ရပ်နားထားချိန်များတွင် ယာဉ် တိုက်ခိုက်မှု အန္တရာယ်မှ ကင်းဝေး ရန် ကြိုတင်အချက်ပြ ညွန်ပြသည့် ပစ္စည်းဖြစ်၍ မော်တော်ယာဉ်များ တွင် တပ်ဆင်ရန် လိုအပ်ခြင်း ဖြစ် သည်။

‘‘မော်တော်ယာဉ်တွေမှာ ရောင်ပြန်ပြားတွေ တပ်ဆင်မထား ရင်၊ တပ်ဆင်ထားသော်လည်း အရည်အသွေးမပြည့်မီတဲ့ ရောင် ပြန်ပြားဖြစ်နေမယ်ဆိုရင် ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်း ရှင်းရေး(Road Safety) ကို ထိ ခိုက်စေပါတယ်၊ မော်တော်ယာဉ် တွေမှာ ရောင်ပြန်တပ်ဆင်ရတဲ့ အဓိက ရည်ရွယ်ချက်က Road Safety အတွက် အထောက်အကူ ပြုစေမယ့်အပြင် ယာဉ်အသုံးပြု သူ၊ လမ်းအသုံးပြုသူတွေအတွက် လည်း အကျိုးကျေးဇူးကောင်းများ ရရှိစေတဲ့အတွက် ရောင်ပြန်ပြား တွေ တပ်ဆင်ဖို့ လိုအပ်တာ ဖြစ် ပါတယ်’’ဟု ကုန်းလမ်းပို့ဆောင် ရေးညွန်ကြားမှုဦးစီးဌာန၊ မြင်သာ ကညနမှ တိုင်းဦးစီးမှူး ဦးလျန်ကျင့် မန်က ဆိုသည်။

တပ်ဆင်ရမည့် မော်တော် ယာဉ်အမျိုးအစားအလိုက် စျေးနှုန်း သတ်မှတ်ရာ၌ Type-A အုပ် စုတွင် ပါဝင်သည့် တင်အား တစ် တန် အထက်ဗန်၊ လိုက်ထရပ်နှင့် လယ်ယာသုံးထရပ်ယာဉ်များ၊ ထ ရပ်နှင့် ကုန်တင်ဝန်လေးယာဉ်များ အတွက် ကျပ် ခြောက်ထောင်၊ Type-B အုပ်စုတွင် ပါဝင်သည့် တင်အား တစ်တန်အထိဗန်၊ လိုက် ထရပ်နှင့် လယ်ယာသုံး ထရပ်ယာဉ် များ၊ ပစ်ကပ်ယာဉ်များအတွက်  ကျပ်သုံးထောင်၊ Type-C အုပ်စု တွင် ပါဝင်သည့် မိုက်ခရိုဘတ်စ်၊ မီနီဘတ်စ်နှင့် ဘတ်စ်အမျိုးအစား ခရီးသည် တင်ယာဉ်များ အခြား အုပ်စုဝင်မှ လူနာတင်ယာဉ်၊ နိဗ္ဗာန် ယာဉ်များ၊ ဘေးတန်းခုံဖြင့် ခရီး သည်တင် ပြေးဆွဲနေသည့် ပစ်ကပ်၊ လိုက်ထရပ်၊ ထရပ်ယာဉ်များအတွက် ကျပ်ခုနစ်ထောင်၊ Type-D အုပ်စု တွင်ပါဝင်သည့် သုံးဘီး၊ သုံးဘီး ဆိုင်ကယ်များနှင့် ထော်လာဂျီအုပ်စု ဝင်ယာဉ်များအတွက် ကျပ်နှစ်ထောင်၊ Type-E အုပ်စုတွင် ပါဝင်သည့် မော်တော်ဆိုင်ကယ်များအတွက် ငါး ရာကျပ် သတ်မှတ်ထားကြောင်း သိရသည်။     

  ရဲထွန်းေကျာ်

LEAVE A REPLY

Please enter your comment!
Please enter your name here