သက်ကြီးယာဉ်မောင်းသူ အများဆုံးရှိသည့်နိုင်ငံမှာ ဗြိတိန်ဖြစ်

500

ကမ္ဘာပေါ်တွင် မော်တော်ကားများ ကို အရွယ်စုံ မောင်းနှင်လျက်ရှိရာ သက်ကြီးယာဉ်မောင်း အများဆုံးရှိ သည့်နိုင်ငံမှာ ဗြိတိန်ဖြစ်သည်ဟု သြဂုတ် ၁ ရက်တွင် dailymail သတင်းစာက ရေးသားဖော်ပြသည်။

ဗြိတိန်အစိုးရ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ယာဉ် မောင်းသူနှင့် ယာဉ်လိုင်စင် အေ ဂျင်စီ(DVLA)မှ ကောက်ယူသော စာရင်းများအရ အင်္ဂလန်၊ စကော့ တလန်နှင့်ဝေးလ်စ်တို့တွင် အသက် ကိုးဆယ်နှင့်အထက် သက်ကြီးယာဉ်မောင်းသူ အရေအတွက်မှာ ၁၁၃,၄၉၂ ဦးအထိ ရှိနေသည်ဟု သိရသည်။

DVLA သည် အဆိုပါစာရင်းကို ၂ဝ၁၉ ခုနှစ်၊ မေလကုန်အထိ ကောက်ယူခဲ့ခြင်းဖြစ်ပြီး မြောက် အိုင်ယာလန်နိုင်ငံကို ထည့်သွင်း တွက်ချက်ထားခြင်း မရှိပေ။ အသက် ကိုးဆယ်နှင့်အထက် သက် ကြီးယာဉ်မောင်း အများဆုံးရှိသည့် မြို့မှာ ဘာမင်ဂမ်ဖြစ်ပြီး ယင်းတစ်မြို့ တည်းမှာပင် ၂,၈၆၉ ဦးအထိ ရှိ သည်။ အသက် ကိုးဆယ်နှင့် အထက်တင်မကဘဲ အသက် တစ်ရာကျော်အရွယ် ရောက်နေသော် လည်း ကားမောင်းနေသူ အရေအ တွက်မှာ ၃၁၉ ဦးအထိ ရှိနေ သည်ဟု DVLA မှကောက်ယူသော စစ်တမ်းအရ သိရသည်။

သက်ကြီးယာဉ်မောင်း ဒုတိ ယအများဆုံးရှိသောမြို့မှာ ဘရိုက် တန်ဖြစ်ကာ ၂,၃၅၇ ဦးရှိပြီး ယင်း ၏နောက်တွင် ဘုန်းမောက်က ၂,၃၁၉ ဦး၊ နောရစ်ချ်က ၂,၂၂ဝ ဦး၊ ပီတာဘရော့က ၂,၂၁၇ ဦး၊ ပို့စ်မောက်က ၂,၁၉၃ ဦးစသဖြင့် အသီးသီး ရပ်တည်လျက်ရှိသည်။ မြို့တော် လန်ဒန်တွင်မူ ဧရိယာ ကျယ်ပြန့်သောကြောင့် ဒေသရှစ်ခု ခွဲ၍ စာရင်းကောက်ယူခဲ့ရာ အ သက် ကိုးဆယ်နှင့်အထက် သက် ကြီးယာဉ်မောင်း အရေအတွက် စုစုပေါင်းမှာ ၃,၄ဝ၈ ဦးနှင့် လီဗာ ပူးလ်တွင် ၁,ဝ၈၃ ဦး၊ မန်ချက် စတာတွင် ၁,ဝ၇၂ ဦး ရှိသည်။

ဗြိတိန်တွင် သက်ကြီးယာဉ် မောင်း အနည်းဆုံးရှိသည့်ဒေသမှာ လန်ဒန်မြို့လယ်ဒေသဖြစ်ပြီး အ သက် ကိုးဆယ်နှင့်အထက် ယာဉ် မောင်းသူအရေအတွက်မှာ ၁၇ ဦး ရှိသည်။ ဗြိတိန်ဘုရင်မကြီး အဲလိ ဇဘက်၏ ကြင်ယာတော် Duke of Edinburgh မင်းသားကြီး ဖိလစ် သည် အသက် ၉၈ နှစ် အရွယ် ရောက်နေပြီ ဖြစ်သော်လည်း ကိုယ်တိုင် ကားမောင်းလေ့ရှိသလို ယခု နှစ်ဆန်းပိုင်းက ယာဉ်မောင်းနေစဉ် မတော်တဆမှုဖြစ်ကာ ဆေးဝါး ကုသမှု ခံယူခဲ့ရဖူးသည်။

Ref: Dailymail

LEAVE A REPLY

Please enter your comment!
Please enter your name here