သက်ကြီးစာပေပညာရှင်များအတွက် ကမ်းလက်များရဲ့ ရသရိပ်

377

ကျွန်တော်တို့ ကမ်းလက်များအဖွဲ့ကို ၂ဝ၁၅ ခုနှစ်၊ ဇူလိုင်လမှာ စတင် ဖွဲ့စည်းခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ဝတ္ဃုတို စတင်ရေးသား နေသူ လူငယ်တွေကို ကျွန်တော်တို့ တတ်စွမ်းသလောက် လက်တွဲခေါ် ယူပေးဖို့ပါပဲ။
အခု ငါးနှစ်ပြည့်ခါနီးကာလကို ပြန်ကြည့်မယ်ဆိုရင် ကမ်းလက်များ စာပေအဖွဲ့ကနေ ကလောင်ရှင် နှစ်ရာလောက်ပေါ်ထွက်ခဲ့ပြီး ဆရာ အမောင်(ပုဂံ)၊ ဆရာ ဟန်သုသော်တို့ရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ဝတ္ဃုတို ပေါင်းချုပ် ၁၄ အုပ် ထုတ်ဝေနိုင်ခဲ့ပါတယ်။ ဒါ့ပြင် ပြင်ပမဂ္ဂဇင်းစာစောင် တွေမှာ အထိုက်အလျောက် နေရာရလာခဲ့တာ တွေ့ရပါတယ်။
စိုး လျှပ်စစ်ဖောင်ဒေးရှင်းရဲ့ စေတနာကြောင့်လည်း ပထမဆု ၁ဝ သိန်းကျပ်၊ ဒုတိယဆု ခုနစ်သိန်းကျပ်နဲ့ တတိယဆု ငါးသိန်းကျပ် ချီးမြှင့် ပေးမယ့် ‘ကမ်းလက်များရသဝတ္ဃတိုပေါင်းချုပ်’ ပြိုင်ပွဲကိုလည်း ကျင်းပ နိုင်ခဲ့ပါတယ်။
အောင်မြင်တယ်လို့ မဆိုရပေမဲ့ အသင့်အတင့် ခရီးရောက်ခဲ့တယ်လို့ တော့ ပြောနိုင်ပါတယ်။ လူငယ်တွေကို လက်တွဲခေါ်ယူမှုအပိုင်းမှာ တာဝန် ကျေသင့်သလောက် ကျေခဲ့တယ်လို့လည်း ခံယူမိပါတယ်။ ဒါပေမဲ့ ကျွန် တော်တို့ ဒီလောက်နဲ့ အားမရနိုင်ပါဘူး။
လူငယ်တွေကို လက်တွဲခေါ်ယူရုံမကဘဲ စာပေလောက သက်ကြီး စာရေးဆရာ၊ ဆရာမကြီးတွေကို တတ်နိုင်သလောက် ဂါရဝပြုဖို့ စဉ်းစား တိုင်ပင်မိကြပါတယ်။
ဒီလိုနဲ့ သက်ကြီးစာရေးဆရာ၊ ဆရာမကြီးတွေကို ကူညီထောက်ပံ့ ဂါရဝပြုနိုင်ဖို့အတွက် ကမ်းလက်များစာပေအဖွဲ့ကို အခြေပြုဖွဲ့စည်းထား တဲ့ ‘ရသအရိပ်စာပေ ပရဟိတအဖွဲ့’ကို ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလမှာ စတင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ လိုအပ်ချက်ရှိနေတဲ့ သက်ကြီးစာရေးဆရာ၊ ဆရာမကြီးတွေကို ရှာဖွေပြီး တစ်လတစ်ဦး နှစ်သိန်းကျပ် ဂါရဝပြု ကန် တော့ခဲ့ပါတယ်။
အဲဒီလို ဂါရဝပြုကန်တော့ရာမှာလည်း ဘယ်ကမ်းလက်အဖွဲ့ဝင်တွေ ကိုမှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ရသလောက်စုပြီး နိုင်သလောက်လှူမယ် ဆိုတဲ့ စနစ်ကို ကျင့်သုံးခဲ့ပါတယ်။
တကယ်တော့ စာရေးဆရာအသိုက်အဝန်းဆိုတာ အများစု လူငယ် ဖြစ်စေ၊ လူကြီးဖြစ်စေ ငွေကြေးချမ်းသာသူတွေ မဟုတ်ကြပါဘူး။ ဒါ ကြောင့် မနိုင်ဝန်ထမ်းတဲ့ အနေအထားမျိုး မဖြစ်အောင်လည်း ကျွန်တော် တို့ အထူးသတိပြုခဲ့ကြပါတယ်။
ဘာပဲပြောပြော ပရဟိတစိတ်အခြေခံရှိသူတွေ ဖြစ်နေလေတော့ တစ်ဦးတစ်ယောက်ကို တစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်၊ ငါးထောင် စသည်ဖြင့် တတ်စွမ်းသမျှ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့အတွက် အခု ဆိုရင် ၂၄ ဦး(၄၈ သိန်း)အထိ လှူဒါန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
လှူဒါန်းခဲ့တဲ့ ဆရာ၊ ဆရာမတွေကတော့ ဆရာဆင်ဖြူကျွန်းအောင် သိန်း(ရန်ကုန်) ၃-၂-၂ဝ၁၈၊ ဆရာမောင်သာပို (မန္တလေး) ၈-၂-၂ဝ၁၈၊ ဆရာဌေးမောင်(ရန်ကုန်) ၁၁-၃-၂ဝ၁၈၊ ဆရာပိုင်စိုးဝေ(မန္တလေး) ၁-၄- ၂ဝ၁၈၊ ဆရာကိုလေးမြတ်(ရန်ကုန်) ၈-၇-၂ဝ၁၈၊ ဆရာသန်လျင်မောင် မောင်ဦး(ရန်ကုန်) ၈-၇-၂ဝ၁၈၊ ဆရာမယဉ်ယဉ်နု(မန္တလေး) ၈-၇- ၂ဝ၁၈၊ ဆရာမကျေးဥ (မန္တလေး) ၁၂-၈၂ဝ၁၈၊ ဆရာညွန့်သစ်(ရန်ကုန်) ၂-၉-၂ဝ၁၈၊ ဆရာသိန်းသန်းထွန်း(တောင်ကြီး) ၇-၁ဝ-၂ဝ၁၈၊ ဆရာ မောင်ခင်မင်(ဓနုဖြူ) ၁-၁၁-၂ဝ၁၈၊ ဆရာမခင်ဆွေဦး(ရန်ကုန်) ၇-၁ဝ-၂ဝ၁၈။
ဆရာမောင်သင်းခိုင် (ပျဉ်းမနား) ၆-၁-၂ဝ၁၉၊ ဆရာကိုကိုလတ် (မန္တလေး) ၂-၂-၂ဝ၁၉၊ ဆရာညိုဝင်း (ရန်ကုန်) ၃-၃-၂ဝ၁၉၊ ဆရာ နတ်မောက်ထွန််းရှိန် (မန္တလေး) ၂ဝ-၃-၂ဝ၁၉၊ ဆရာမင်းသူရိန်(ရန်ကုန်) ၅-၅-၂ဝ၁၉၊ ဆရာစုပြည်မျိုး (ရန်ကုန်) ၁ဝ-၈-၂ဝ၁၉၊ ဆရာမ မရီဝေ (ရန်ကုန်) ၂၇-၁၁-၂ဝ၁၉၊ ဆရာမြသောင်း (မန္တလေး) ၈-၁၂-၂ဝ၁၉။
ဆရာသန်းအောင်-အညာမြေ(ရေစကြို) ၂၅-၁-၂ဝ၂ဝ၊ ဆရာသိုက် ထွန်းသက်(မန္တလေး) ၁၂-၂-၂ဝ၂ဝ၊ ဆရာမ မြို့သာမရာထို (ပြင်ဦး လွင်) ၁၂-၂-၂ဝ၂ဝ၊ ဆရာ ရွေညာသားမြတ်မင်း(ရွေလီ) ၂ဝ-၂-၂ဝ၂ဝ တို့ ဖြစ်ပါတယ်။
တကယ်တော့ ပရဟိတအလုပ်ဆိုတာ အင်မတန်မွန်မြတ်ကောင်း မွန်တဲ့အလုပ် ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ကောင်းမွန်တဲ့ ရည် ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေ ရှိနေပါစေ။ အကောင်းကနေ အဆိုးတွေ ဖြစ်မလာရေးကိုလည်း ကျွန်တော်တို့ အထူးသတိပြုလုပ်ဆောင်နေပါတယ်။
အထူးသဖြင့် ငွေကြေးဆိုင်ရာ အရှုပ်အရှင်းတွေ၊ ပြသနာတွေဖြစ် ပေါ်မလာစေရေးအတွက် ဘဏ်အကောင့်ဖွင့်ပုံကအစ ငွေကြေးထိန်းသိမ်း သုံးစွဲပုံအဆုံး တတ်သိနားလည်တဲ့ ဘဏာရေးမှူးတွေ၊ စာရင်းစစ်တွေနဲ့ လက်တွဲ လုပ်ဆောင်လျက်ရှိပါတယ်။
တကယ် လုပ်ဆောင်လှူဒါန်းတဲ့အဖွဲ့ ဖြစ်နေတာကြောင့် အခုဆိုရင် ဆရာမ ကြူကြူသင်း၊ ဆရာ သန်လျင်မောင်မောင်ဦး၊ ဆရာမ ယဉ်ယဉ်နု (မန္တလေး)၊ ဆရာကိုရိုးကွန့် အစရှိတဲ့ ဆရာ၊ ဆရာမကြီးတွေကိုယ်တိုင် ဒီရသရိပ်အဖွဲ့မှာ ဂုဏ်ထူးဆောင်နာယကကြီးတွေအဖြစ် တာဝန်ယူအား ပေးနေကြပါပြီ။
ကျွန်တော်တို့ လိုအပ်ချက်ရှိနေတဲ့ သက်ကြီးစာရေးဆရာ၊ ဆရာမ ကြီးတွေကို တတ်စွမ်းသလောက် ထောက်ပံ့ခဲ့ပြီးပါပြီ။ နောက်နောင်မှာ လည်း တတ်စွမ်းသမျှ ထောက်ပံ့နေဦးမှာပါ။ အဲဒီအတွက် ကျွန်တော်တို့ ခွန်အားတွေအပြင် ကျွန်တော့်မိတ်ဆွေ စာရေးဆရာ၊ ဆရာမများ၊ စာ ပေချစ်သူတွေရဲ့ ခွန်အားတွေကိုလည်း လိုအပ်မျှော်လင့်နေပါတယ်။
အဲဒီလိုမျှော်လင့်နေတယ်ဆိုလို့ မိတ်ဆွေတွေဆီက သိန်းသောင်း ချီအလှူခံဖို့ မဟုတ်ပါဘူး။ အပေါ်မှာတင်ပြခဲ့သလို ရသလောက်စုပြီး နိုင် သလောက်လှူမယ်ဆိုတဲ့ မူဝါဒအညီ ဝန်ထုပ်ဝန်ပိုးမဖြစ်စေတဲ့ တစ် ထောင်၊ နှစ်ထောင်၊ သုံးထောင်၊ ငါးထောင်အလှူငွေတွေကိုတော့ တကယ့်ကို မျှော်လင့်မိပါတယ်။
တစ်ခုရှိတာကတော့ လူတိုင်းမှာ ငွေကြေးအခက်အခဲရှိတတ်ပါတယ်။ အဲဒီအတွက် ငွေကြေး တစ်ပြားတစ်ချပ်မှ မလှူနိုင်သေးရင်တောင်မှ ဒီပို့စ် လေးကို ှ့မေန ပေးတဲ့နည်းနဲ့ ကုသိုလ်ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါရ စေ။ လိုအပ်ချက်တွေရှိနေတဲ့ ဆရာ၊ ဆရာမကြီးတွေ တွေ့မိမြင်မိရင်လည်း ကျွန်တော်တို့ဆီကို ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံပါရစေ။
လေးစားလျက် မောင်အေးကို(ပေါင်းတလည်)
“ဆရာချစ် ဖုန်းပွတ်နေတာလား”
ဖေ့စ်ဘွတ်ခ်ပေါ်က မောင်အေးကို(ပေါင်းတလည်)တင်ထားသော ပို့စ်ကို စိတ်ဝင်တစားဖတ်နေဆဲ ချွန်ရှုပ်အသံကြောင့် စာဖတ်ပြတ်သွား ခဲ့ရသည်။ တော်သေး၏။ အစအဆုံးဖတ်ပြီးသွားလို့။
“ဖုန်း သီးခြားပွတ်နေတာ မဟုတ်ပါဘူးကွာ၊ ကမ်းလက်များအဖွဲ့ က ဆရာမောင်အေးကို(ပေါင်းတလည်)တင်ထားတဲ့ ပို့စ်ကို စိတ်ဝင်စား လို့ ဖတ်ကြည့်နေတာ”
“ကျွန်တော်လည်း အဲဒီပို့စ်ကိုဖတ်ပြီးလို့ ပြန်ရှယ်ထားလိုက်ပြီးပြီ၊ တကယ် ချီးကျူးစရာကောင်းပါတယ်၊ မွန်မြတ်သန့်ရှင်းတဲ့ စာပေပရဟိတ သမားတွေပဲ”
“ဟုတ်တယ်၊ ရိုးသားတယ်၊ ပွင့်လင်းတယ်၊ တိကျတယ်၊ စည်းလုံး ညီညွတ်တယ်၊ စာပေချစ်စိတ်တစ်ခုတည်းအပေါ် အားယူထားကြတဲ့ ပရဟိတအဖွဲ့ဆိုတော့ ဂုဏ်ယူစရာပါ၊ စာပေချစ်သူ၊ စာပေသမားအားလုံး ပူးပေါင်းပါဝင်သင့်တယ်”
“အဲဒီအကြောင်း နောက်မှဆက်ပြောမယ်၊ အခု ဆရာချစ်အားလုံး အဆင်သင့်ဖြစ်နေပြီလား”
“အင်း အဆင်သင့်ပဲ”
ကမ်းလက်များစာပေအဖွဲ့ကို အခြေပြုဖွဲ့စည်းထားတဲ့ ရသရိပ်စာ ပေပရဟိတအဖွဲ့က ကျွန်တော့်ကိုဂါရဝပြုကန်တော့ရန် စီစဉ်ထားကြောင်း၊ အဖွဲ့ဝင်အားလုံးက သဘောတူဆုံးဖြတ်ထားကြောင်း ၂၂-၂-၂ဝ၂ဝ ရက် နေ့တွင်လာမည်ဖြစ်ကြောင်း၊ ဆရာခိုင်ချစ်အောင်နှင့် ဆရာမောင်ပိုင်(လေး မျက်နှာ)က ကြိုတင်အကြောင်းကြားထားသည်။
သူတို့အကြောင်းကြားကတည်းက ကမ်းလက်များအဖွဲ့နှင့် ပတ် သက်သည့် အချက်အလက်များ၊ ရသရိပ်စာပေ ပရဟိတအဖွဲ့နှင့် ပတ် သက်သည့် အချက်အလက်များကို ကြိုတင်ရှာဖွေလေ့လာထားခဲ့သည်။
စောစောကပင် ကမ်းလက်များအဖွဲ့ ဦးဆောင်သူ ဆရာမောင်အေး ကို(ပေါင်းတလည်)တင်သည့် ပို့စ်ကို လေ့လာဖတ်ရှုခဲ့သေးသည်။ ကျွန် တော်က သူတို့အဖွဲ့၏ ၂၅ ယောက်မြောက် ဂါရဝပြုခံရမည့်သူ (ငွေရတု ရသစာပေသမား)ဖြစ်နေ၏။
ထူးတော့ ထူးခြားနေသည်။ ကျွန်တော်က ငွေရတု ကန်တော့ခံဂါရဝ ပြုခံစာပေသမား။ နေ့က ၂၂-၂-၂ဝ၂ဝ ရက်နေ့ဆိုတော့ နှစ်ငါးလုံး တစ်ပြိုင်နက်တွဲထားသည့် ရက်ထူးရက်မြတ်ဖြစ်နေပြန်သည်။
ငွေရတုနှင့် ရက်ထူး ပူးကပ်သည့်နေ့တွင် သူတို့က ကျွန်တော့်ကို ဂါရဝပြုကြမည်။ ကျွန်တော်က ဂါရဝပြုခံရမည်။
“ဆရာချစ်အိမ်က ကျဉ်းတော့ သူတို့အဖွဲ့လူများရင် အားနာစရာ ဖြစ်ကုန်မယ်”
“ဒါကတော့ကွာ စာရေးဆရာအိမ်ဆိုတာ ဟော်နန်းတစ်ဆောင်လို တော့ ဘယ်ခမ်းနားနို်င်ပါ့မလဲ၊ စာရေးဆရာဆိုတာမျိုးက စာတင်းကုတ် လောက်တောင် ပိုင်ဆိုင်ခွင့်ရဖို့ အနိုင်နိုင်ကြိုးစားထားရတာ”
“ဟိုက်ရှာလပတ်ရည်၊ ဆရာချစ်တောင် ပြဇာတ်မင်းသားတွေလို စကားလုံးလှလှတွေ ပြောတတ်လာပြီ”
ချွန်ရှုပ် စပ်ဖြီးဖြီးဖြင့် စ၏။
“ချွန်ရှုပ်”
ကျွန်တော့် အသံမာသွားသည်။ ချွန်ရှုပ်စကားဆက်မပြောဘဲ ငြိမ်ကျ သွား၏။ မျက်နှာကတော့ ပြုံးစိစိ။
“လာမယ့်သူတွေက ဘယ်လိုစီစဉ်ထားလဲ ဆရာချစ်၊ သူတို့ကားနဲ့ သူတို့လာမှာလေ၊ ကားငှားပြီး သွားကြိုပေးရမှာလား”
“ကားငှားပြီး သွားကြိုစရာတော့ မလိုဘူး၊ သူတို့တွေ ကြည့်မြင်တိုင် ညစျေး စျေးကြီးလမ်းက စိုးသူရလက်ဖက်ရည်ဆိုင်မှာ မနက် ၉ နာရီ အရောက်ဆုံကြဖို့ ချိန်းထားကြတယ်၊ အဲဒီဆုံမှတ်ကို ကိုယ့်အစီအစဉ်နဲ့ ကိုယ် လာကြမယ့်သဘော ရှိတယ်၊ ဆရာခိုင်ချစ်အောင်တို့၊ ဆရာကိုညာ (ကုန်းဇောင်း)တို့ကတော့ ကားပါလာမှာ သေချာတယ်”
“သူတို့ ဆုံပြီးလို့ ဆရာချစ်ဆီလာဖို့ အစီအစဉ်ကရော၊ စျေးကြီးလမ်း နဲ့ ဆရာချစ်အိမ်က နည်းနည်းဝေးတယ်၊ လမ်းလျှောက်လာလို့ မဖြစ်နိုင် ဘူး”
“အဲဒီအတွက်လည်း စီစဉ်ထားပါတယ်၊ သူတို့စုရပ်ဆုံမယ့် စိုးသူရ လက်ဖက်ရည်ဆိုင်မှာ ဆရာဦးကြီးမြင့်၊ ဆရာဇွဲသန့်၊ ဆရာမဒေါ်ယဉ်မေ ဦးတို့က အဆင်သင့်စောင့်ပြီး ကြိုနေကြလိမ့်မယ်၊ ထွန်းထွန်း(ဒေးဒရဲ) လည်း လာလိမ့်မယ်၊ သူတို့လူစုံတာနဲ့ ကားတွေငှားပြီး လာကြလိမ့်မယ်”
“ကားတစ်စီးတည်း ရပါ့မလား”
“ဒါကတော့ ဒေါ်ယဉ်မေဦးတို့၊ ကိုဇွဲသန့်တို့ လူအခြေအေနြကည့် ြပီး စီစဉ်ပါလိမ့်မယ်”
ဆက်လက်ေဖာ်ြပပါမည်

LEAVE A REPLY

Please enter your comment!
Please enter your name here