ဝန်ထမ်းပါမစ်သည် Automobile Policy ၏ ရည်ရွယ်ချက်ကို ထိခိုက်နိုင်ပြီး ကားတပ်ဆင်ထုတ်လုပ်နေသည့် ကုမ္ပဏီများရပ်ဆိုင်းသွားနိုင်ခြင်းကြောင့် ခွင့်မပြုရန် နိုင်ငံတော်အတိုင်ပင်ခံရုံးထံ စာတင်မည် ဟုဆို

336

 

ရန်ကုန်၊ သြဂုတ် ၂၆
ဝန်ထမ်းပါမစ်သည် Automobile Policy ၏ ရည်ရွယ်ချက်ကို ထိခိုက်နိုင်ပြီး ကားတပ်ဆင်ထုတ် လုပ်နေသည့် ကုမ္ပဏီများ ရပ်ဆိုင်း သွားနိုင်ခြင်းကြောင့် ခွင့်မပြုရန်အ တွက် နိုင်ငံတော်အတိုင်ပင်ခံရုံးထံ စာတင်မည်ဖြစ်ကြောင်း Automotive Association of Myanmar ဥက္ကဋ္ဌ ဦးအောင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံဝန် ထမ်းများကို ကားတင်သွင်းပေးရန် စီစဉ်ခြင်းသည် Automobile Policy တွင် ပါဝင်သည့် အခန်း-၃ ကာလရှည်ရည်မှန်းချက် အပိုဒ် (က)နှင့် စာပိုဒ်-၁၃(ခ)၊ စာပိုဒ်-၁၆ (ခ)တို့တွင် ပါဝင်သော ဆောင်ရွက် ချက်များနှင့် ကွဲလွဲနေပြီး ဆန့်ကျင် သလို ဖြစ်နေကြောင်း ထိုပါမစ်များ ကို ခွင့်ပြုပါက လက်ရှိပြည်တွင်း၌ ကားတပ်ဆင်ထုတ်လုပ်နေသည့် ကုမ္ပဏီများနှင့် တပ်ဆင်ထုတ်လုပ် ရန် ပြင်ဆင်နေသည့် ကုမ္ပဏီများ ပြန်ထွက်သွားနိုင်ကြောင်း ကားလုပ်ငန်းရှင်များ၏ သုံးသပ်ချက်များ အရ သိရသည်။

‘‘ဒီရက်ပိုင်းမှာ ဝန်ထမ်းပါမစ် ကို ဘယ်လကစပြီး ခွင့်ပြုမယ်ဆို ပြီး တိတိကျကျမဟုတ်ပေမဲ့ သ တင်းတွေကတော့ တော်တော်လေး ကြားလာရပါတယ်၊ ဝန်ထမ်းပါမစ် ခွင့်ပြုမယ်ဆိုရင် Car Industry တစ်ခုလုံးကို ထိခိုက်မှု ရှိလာနိုင်ပါ တယ်၊ အခုတောင် Brand New Showroom တွေက တစ်လကို Showrom ဖွင့်ပြီး ရောင်းချနိုင်ဖို့ ဒေါ်လာသန်းချီရင်းနှီးထားပြီး လ စဉ်စရိတ်က ကျပ်သိန်းငါးရာကနေ တစ်ထောင်ကြားရှိတယ်၊ တခြား နိုင်ငံတွေမှာ ခွင့်ပြုမထားပေမဲ့ ဒီမှာ Parallel Importer ခွင့်ပြုထားလို့ ဈေးကွက်ယှဉ်ပြိုင်ရတာတွေ မျှတ မှုမရှိ ဖြစ်နေပါတယ်၊ Automobile Policy ကို ယုံကြည်ပြီး လာရောက် ရင်းနှီးမြှုပ်နှံသူတွေက ပေါ်လစီနဲ့ ပြောင်းပြန်ဆောင်ရွက်နေတာတွေ ကြောင့် နောက်ထပ်လာမယ့် ရင်း နှီးမြှုပ်နှံသူတွေကလည်း ယုံကြည် မှုနည်းသွားနိုင်ပါတယ်၊ နိုင်ငံတော် က မူချပြီးဆောင်ရွက်နေတဲ့ Ease of Doing Business Ranking တိုးတက်ရေးအတွက် အနုတ်လက္ခ ဏာတစ်ခုလည်း ဖြစ်ပါတယ်၊ ဒီ လိုခွင့်ပြုချက်က Automobile Policy ရဲ့ ရည်ရွယ်ချက်ကို လွဲမှား မှုတွေ ဖြစ်စေနိုင်တဲ့အတွက် ဒါကို ခွင့်မပြုဖို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ကို စာတင်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်’’ဟု Automotive Association of Myanmar မှ ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောသည်။

AAM အသင်းမှ နိုင်ငံတော် အတိုင်ပင်ခံရုံးထံ စာတင်ပြရာတွင် အချက် သုံးချက်ဖြင့် တင်ပြမည်ဖြစ် ပြီး လတ်တလောအခွန်သက်သာ ခွင့်များပေးထားခြင်း၊ Parallel Importer ပေးထားခြင်း၊ ဝန်ထမ်း ပါမစ်ခွင့်ပြုပေးရန် ရှိသည်ဆိုသည့် အကြောင်းအရာများကြောင့် ဖြစ် ပေါ်လာနိုင်သည့် အခြေအနေများ ကို တင်ပြမည်ဖြစ်ကြောင်း သိရ သည်။
ဆန်းသစ်အောင်

Photo-ဇန်နဝါရီလက ဝန်ထမ်းကားပါမစ်နှင့်ပတ်သက်၍ AAM အသင်းမှ စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့စဉ်

LEAVE A REPLY

Please enter your comment!
Please enter your name here