ဝန်ဆောင်မှုရပ်ဆိုင်းထားတဲ့ Covid-19 ကာလအတွင်း ယာဥ်မှတ်ပုံတင်သက်တမ်း ကုန်ဆုံးသည့် မော်တော်ယာဥ်များနှင့် ယာဥ်​မောင်းလိုင်စင်များ သတ်မှတ်ကာလအတွင်း နှစ်လဲသက်တမ်းတိုးလာရောက်ဆောင်ရွက်ရမည်

196

 

ရန်ကုန်၊ ​ဇွန် ၃

ဝန်ဆောင်မှုရပ်ဆိုင်းထားတဲ့ Covid-19 ကာလအတွင်း ယာဥ်မှတ်ပုံတင်သက်တမ်း ကုန်ဆုံးသည့်မော်တော်ယာဥ်များနှင့် ယာဥ်​မောင်းလိုင်စင်များကိုသတ်မှတ်ကာလဖြစ်သည့် ဇွန် ၆ ရက်မှ စက်တင်ဘာ ၃ဝ ရက်အထိ နှစ်လဲသက်တမ်းတိုး လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ကညနရုံးများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ဝန်ဆောင်မှုရပ်ဆိုင်းထားသည့်ကာလအတွင်း ယာဥ်မှတ်ပုံတင်သက်တမ်းကုန်ဆုံးခြင်း၊ ယာဥ်မောင်းလိုင်စင် သက်တမ်းကုန်ဆုံးခြင်းများကို သတ်မှတ်ကာလအတွင်း လာရောက်မဆောင်ရွက်ပါက ရက်လွန် ဒဏ်ကြေး ​လျှော့ပေါ့ခွင့်ရမည်မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးဌာနမှ သိရသည်။

“ဆရာတို့အနေနဲ့ ဝန်ဆောင်မှုရပ်ဆိုင်းထားတဲ့ကာလမှာ သက်တမ်းလွန်သွားတဲ့ကားတွေကို ရက်လွန်ဒဏ်ကြေးကင်းလွတ်ခွင့်ပေးထားပါတယ်၊ ရက်လွန်ဒဏ်ကြေးကင်းလွတ်ခွင့်ကို သုံးလဝန်းကျင်အထိပေးထားတာ ဖြစ်လို့ကညနရုံး​တွေ ပြန်လည်ဖွင့်လှစ်ချိန်မှာလည်း အစီးရေကို ပုံမှန်အတိုင်းပဲ တိုးစေချင်ပါတယ်၊ အစီးရေ အများအပြား လာတိုးစရာမလိုအောင် လုံလောက်တဲ့အချိန်ပမာဏကိုလည်းဖြေ​လျှော့ပေးထားပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဥ်ပိုင်ရှင်များအနေဖြင့် မိမိယာဥ်စစ်ဆေးလိုသည့် ရက်များကို ၅.၆.၂၀၂၀ ရက်မှစတင်၍ www.rtad.gov.mm website တွင် Online Booking အနည်းဆုံး တစ်ရက်မှအများဆုံး ရက်သုံးဆယ်အထိ ကြိုတင်ရယူနိုင်မည်ဖြစ်သည်။တိုင်းဒေသကြီးရုံး(ရန်ကုန်)၊ တိုင်းဒေသကြီးရုံးခွဲ(ရွာသာကြီး)၊ အရှေ့ပိုင်းခရိုင်ရုံး၊ အနောက်ပိုင်းခရိုင်ရုံး၊ တောင်ပိုင်းခရိုင်ရုံး၊ မြောက်ပိုင်းခရိုင်ရုံး၊ မန္တလေးတောင်ပိုင်းခရိုင်ရုံးနှင့်မြောက်ပိုင်းခရိုင်ရုံး၊ လုပ်ငန်းလိုင်စင်ရုံးများကို ဇွန် ၈ ရက်မှစက်တင်ဘာ ၃၀ ရက်အထိ ရုံးပိတ်ရက် စနေ့နေ့အချိန်ပိုဆင်း၍လည်းကောင်း၊ ရုံးဖွင့်ရက်များတွင် ပုံမှန်ချိန်ထက်စော၍ နံနက်၈နာရီခွဲမှစပြီးလည်း​ကောင်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ လူစုလူဝေးမဖြစ်စေရန် Online Booking စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ကြိုတင်စုဝေးခြင်းမပြုဘဲ သတ်မှတ်ထားသည့်အချိန်တွင်သာ လာရောက်ဆောင်ရွက်ရမည်ဖြစ်​ကြောင်း သိရသည်။

ရဲထွန်း​ကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here