ဝင်ငွေခွန်လျှော့ချလိုက်ခြင်းကြောင့် ဝယ်လိုအား ပိုများသွားသည့် Brand New ကားများနှင့် စျေးအနည်းငယ် ပြန်ဆင်းဖွယ်ရှိသည့် ညာမောင်းကားစျေးကွက်

1017
Page(Test)

အောက်တိုဘာ ၁ ရက်မှစ၍ စည်းကြပ်မှုမှ လွတ်ကင်းနေသော အခွန်နှုန်း ထားများကို လျှော့ချကောက်ခံခဲ့ခြင်းကြောင့် ယခင် ကျပ်သိန်း သုံးရာတန် Brand New ကားတစ်စီးကို ဝင်ငွေခွန် ကျပ် ၄၅ သိန်း ပေးဆောင်ခဲ့ရာမှ ယခုအခါ ကိုးသိန်းဝန်းကျင်သာ ကျသင့်မည်ဖြစ်ရာ ကားသစ်စျေးကွက်မှာ လည်း ပိုမိုအားကောင်းလာသည်။ ကားသစ်စျေးကွက်တွင် ဝင်ငွေခွန်နှင့် ကညနမှတ်ပုံတင်ကြေးသာ ပေးဆောင်ရသော ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်သည့် SKD ကားစျေးကွက်မှာ ပို၍အားကောင်းလာဖွယ် ရှိနေ သည်။ CBU ဖြင့် တင်သွင်းသော Brand New ကားများမှာလည်း ဝင်ငွေခွန် သက်သာသွားသောကြောင့် ယခင်ထက် စျေးများကျဆင်းသွား မည် ဖြစ်သည်။ ဝင်ငွေခွန်သက်သာသွားခြင်းနှင့်အတူ အခြားသူနာမည်ဖြင့် ငွေဖြူခံပေးခြင်း၊ အောင်ဘာလေထီလက်မှတ် ဝယ်ယူ၍ ငွေဖြူပြခြင်းများ လည်း လျော့နည်းသွားမည် ဖြစ်သည်။ ထို့ပြင် တန်ဖိုးကြီးကားများကို ကုမ္ပဏီအမည်ပေါက်ဖြင့် ဝယ်ယူမှုများလည်း နည်းပါးသွားမည် ဖြစ်သည်။ မြညေိ နြတ ကားသစ်များ စျေးကျသွားခြင်းကြောင့်လည်း နံပါတ်ထွက်ပြီး သား ညာမောင်းကားအချို့မှာ စျေးများ အထိုက်အလျောက် ပြန်ကျသွား ခဲ့သည်။

”အခုအချိန်မှာ ကားဝယ်မယ့်သူတချို့က ဝင်ငွေခွန်လျှော့ပေးတဲ့ အပေါ် စျေးပြန်ကျသွားမလားဆိုပြီး စောင့်ကြည့်နေတဲ့အတွက် ညာ မောင်းကားတွေ အဝယ်အေးနေပါတယ်၊ ဂျပန်ကားဟောင်းတွေ စျေးက လည်း ဖြစ်သင့်တဲ့စျေးကို ပြန်ရောက်သွားနိုင်ပေမဲ့ သိသိသာသာ ကျ သွားဖို့တော့ မရှိနိုင်ပါဘူး၊ စတိနံပါတ် အမြင့်ကားတွေဆိုရင် အဝယ် တော်တော်လေး အေးပါတယ်၊ ဝင်ငွေခွန် သက်သာသွားတဲ့အတွက် ကားဟောင်းတွေထက် SKD ကားတွေ အရောင်းအဝယ် ပိုဖြစ်လာတာ တွေ့ရပါတယ်”ဟုRIXS Group မှ မန်နေဂျင်းဒါရိုက်တာ ကိုအောင်မျိုးသူ က ဆိုသည်။

အရောင်းအဝယ်အေးနေခြင်းကြောင့် လက်ရှိ ကားစျေးကွက်အတွင်း နံပါတ်ထွက်ပြီးသား ဂျပန်ညာမောင်းကားများကို ကျပ် ငါးသိန်းမှ ၁ဝ သိန်းကြား စျေးချရောင်းနေကြသည်။ စျေးကွက်အတွင်း Mazda Demio ၂ဝဝ၈ မိုဒယ်ကို ကျပ်သိန်း ၁၆ဝ ဝန်းကျင်၊ Toyota Vitz ၂ဝ၁၁ မိုဒယ်ကို ကျပ်သိန်း ၁၈ဝ ဝန်းကျင်၊ Toyota Probox ၂ဝဝ၇၊ ၂ဝဝ၈ မိုဒယ်ကို ကျပ်သိန်း ၁၆၃ ဝန်းကျင်၊ Honda Fit ၂ဝဝ၈ မိုဒယ်(အဖြူရောင်) ကျပ်သိန်း ၁၈ဝ ဝန်းကျင်တို့တွင် အရောင်းအဝယ် ဖြစ်နေသည်။တက္ကစီများထဲတွင် နယ်လိုင်စင် Toyota Probox ၊ Toyota Fielder ၊ Nissan AD Van တို့ အဝယ်အေးသောကြောင့် စျေးများ ပြန်ဆင်းသွားခဲ့ သည်။ သို့သော် ညာမောင်းကားတင်သွင်းမှု ပိတ်ထားခြင်းနှင့် ရန်ကုန် လိုင်စင်ဖြင့် ဖရီးပါမစ်ကား ဝယ်ယူအသုံးပြုခွင့်မရသောကြောင့် ဂျပန်ညာ မောင်းကားများမှာ စျေးနှုန်းသိသိသာသာ ကျဆင်းသွားဖွယ်မရှိဟု ကား လုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။ Brand New ကားစျေးကွက် တဖြည်းဖြည်း အားကောင်းလာခြင်းနှင့် စျေးနှုန်းကျသွားသည့် အရှိန် ကြောင့် တောက်လျှောက်မြင့်တက်နေသော ကားဟောင်းစျေးများလည်း တန့်သွားခဲ့သည်။

”ဒီရက်ပိုင်းမှာ ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်ပါတယ်၊ စျေးကွက် အကြိုက်ဖြစ်တဲ့ Fit ၊ Fit Shuttle ၊ Axio ၊ Vitz ၊ Probox ၊ Fit GK3 စတဲ့ကားတွေတောင် စျေးချရောင်းကြပေမဲ့ အရောင်းအဝယ်ဖြစ်တာ နည်းပါတယ်၊ ထင်ထားသလောက် အဝယ်မဆင်းသေးပါဘူး၊ ဖောက်စွပ် ကားတွေကို နှစ် နှစ်ဆယ် စလစ်ထုတ်ပေးမယ်ဆိုပြီး ကြေညာထားပေမဲ့ စျေးကွက်ထဲကို စလစ်တွေရောက်ဖို့ ကြာဦးမှာပါ၊ ဒါကြောင့်လည်း အခု အချိန်မှာ စလစ်စျေးက မငြိမ်ပါဘူး”ဟု Soueast Smart Road မှ မန်နေဂျင်းဒါရိုက်တာ ကိုစိုင်းက ဆိုသည်။

ဝင်ငွေခွန်ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ကားစျေးကွက်ကို စောင့်ကြည့်နေကြသဖြင့် အရောင်းအဝယ်များ ခဏတာ အေးစက်နေဦး မည် ဖြစ်သည်။ အပြင်အဝယ်များအနေဖြင့် ကားစျေးများ ကျသွားမည် အထင်ဖြင့် မဝယ်သေးဘဲ စောင့်ကြည့်နေကြသလို ရောင်းမည့်သူများ ကလည်း တက်စျေးဖြင့် မိထားသောကြောင့် စျေးချမရောင်းဘဲ စျေးနှုန်း များ တည်ငြိမ်သည့်အချိန်ကို စောင့်နေကြသည်။ စျေးကွက်အေးနေသည့် အချိန်တွင် နံပါတ်ထွက်ပြီးသား ရန်ကုန်လိုင်စင် ၁၃ဝဝ စီစီ ရောင်းကား များကို ယခင်တက်စျေးမှ ပြန်ချရောင်းသော်လည်း အရောင်းအဝယ်အဖြစ် နည်းနေသည်။

”ဒီရက်ပိုင်းမှာ ၁၃ဝဝ စီစီ နံပါတ်ထွက်ပြီးသား ညာမောင်းတွေလည်း အဝယ်အေးနေပါတယ်၊ နယ်အဝယ်ရော ရန်ကုန်အဝယ်ပါ အဆင်းနည်း ပါတယ်၊ အခွန်ဥပဒေအသစ်မှာ ဝင်ငွေခွန်ဖြေလျှော့ပေးလိုက်တဲ့အတွက် ညာမောင်းကားတွေရဲ့စျေးက ငါးသိန်းကနေ ၁ဝ သိန်းကြား ပြန်ဆင်း သွားပါတယ်၊ တချို့ကလည်း ငွေပြန်ဖော်ဖို့အတွက် စျေးလျှော့ပြီး ရောင်း ချင်ပေမဲ့လည်း ဝယ်တဲ့အချိန်တုန်းက တက်စျေးမိထားတဲ့အတွက် အများ ကြီး ချမရောင်းနိုင်ကြပါဘူး”ဟု ကားဝယ်/ရောင်း ကိုတင်အောင်က ပြောသည်။

ကညနမှ ယာဉ်မှတ်ပုံတင် ဖျက်သိမ်းပြီး သိမ်းဆည်းခဲ့သည့် ဖောက် စွပ်ကားများနှင့် ထပ်မံစစ်ဆေးတွေ့ရှိသည့် ဖောက်စွပ်ကားများကို ယာဉ် အမျိုးအစားအပေါ်မူတည်ပြီး စလစ်ထုတ်ပေးမည်ဖြစ်ရာ ကားဟောင်း စလစ်စျေးကွက်လည်း အပြောင်းအလဲရှိလာမည် ဖြစ်သည်။ ဇူလိုင်လနှင့် သြဂုတ်လများက ကျပ်သိန်း ၁၄ဝ ကျော်အထိ မြင့်တက်သွားခဲ့သော ရန်ကုန်လိုင်စင်နှစ် နှစ်ဆယ်စလစ်စျေးများမှာ ပြန်လည်ကျဆင်းသွား မည်ဖြစ်ပြီး ထွက်ရှိလာမည့် စလစ်စောင်ရေအပေါ်မူတည်ကာ ကျပ်သိန်း ၁၂ဝ ဝန်းကျင်အထိ ကျဆင်းသွားဖွယ်ရှိကြောင်း ကားလုပ်ငန်းရှင်များက ခန့်မှန်းထားြကသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here