ဝင်ငွေခွန်များ လျှော့ပေါ့ပေးနိုင်သည့် အခြေအနေကြောင့် စျေးအနည်းငယ် ပြန်ဆင်းသွားသည့် ကားစျေးကွက်

1452
Page(Test)

နယ်ဒေသအချို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် လမ်းများပြန် လည်ပြုပြင်မှုများ ပြုလုပ်နေသဖြင့် နယ်အဝယ်အဆင်းနည်းနေပြီး ဝင်ငွေ ခွန်ဖြေလျှော့ပေးမှုအပေါ် စောင့်ကြည့်နေကြ၍လည်း ကားအရောင်းအဝယ် က ဆက်ပြီးအေးနေသည်။ ၁၃ဝဝ စီစီကားများနှင့်အတူ ရန်ကုန်လိုင်စင် ရရှိသည့် SKD ကားများလည်း အရောင်းအဝယ် ပြန်အေးသွားသည်။ စျေးကွက်အေးနေသည့်အချိန်တွင် နံပါတ်ထွက်ပြီးသား ရန်ကုန်လိုင်စင် ၁၃ဝဝ စီစီ ရောင်းကားများကို ယခင်တက်စျေးမှ ပြန်ချရောင်းသော်လည်း အရောင်းအဝယ်အဖြစ် နည်းနေသည်။ အင်ဂျင်ပါဝါအမြင့်ကားများ သိသိ သာသာ အဝယ်အေးသွားပြီး အမေးများသည့် Kluger ၊ Vanguard ၊ CR-V ၊ Harrier ၊ Land Cruiser စသည့် ကားများပင် အဝယ်ပျောက် နေသည်။ အဝယ်အဆင်းနည်းနေသောကြောင့် ရန်ကုန်လိုင်စင်ရရှိပြီး အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်သည့် ပြည်တွင်းထုတ် SKD ကားများ အဝယ်အေးနေသလို Consignment လက်ကျန်ကားများနှင့် CBU ဖြင့် တင်သွင်းထားသော Brand New ကားများလည်း အရောင်းအဝယ် အေးနေသည်ကို တွေ့ရသည်။ ကားအရောင်းအဝယ်များ အေးနေခြင်း ကြောင့်လည်း ယာဉ်အို၊ ယာဉ်ဟောင်းစလစ်စျေး အနည်းငယ်ပြန်တက် သွားကြောင်း သိရသည်။

‘‘နယ်အဝယ်ဆင်းတာ နည်းပါတယ်၊ ဝါတွင်းကာလဖြစ်ပြီး ဒီရက်ပိုင်းမှာ မိုးများတဲ့အတွက် အဝယ်တွေ သိပ်မဆင်းကြဘူး။ အခုချိန်မှာ ကားဝယ်မယ့်သူတချို့ကလည်း ဝင်ငွေခွန်လျှော့ပေးမယ့် အခြေအနေကို စောင့်ကြည့်နေတဲ့အတွက် ညာမောင်းကားရော SKD ဘယ်မောင်းကား တွေပါ အဝယ်အေးနေပါတယ်၊ ရာသီဥတုမကောင်းတ့ဲအတွက်လည်း နယ်အဝယ်တွေက အရင်လလောက် မဆင်းတော့ဘူး၊ ဂျပန်ကားဟောင်း တွေစျေးကလည်း ရှိသင့်တဲ့ စျေးအတိုင်းအတာထက် မြင့်တက်နေတဲ့ အတွက် ကျပ်သိန်း နှစ်ရာအောက် နံပါတ်ထွက်ပြီးသား ကားတွေလောက်ပဲ အရောင်းအဝယ် ဖြစ်ပါတယ်၊ စတိနံပါတ်အမြင့်ကားတွေဆိုရင် အဝယ် တော်တော်လေး အေးပါတယ်၊ နောက်ပိုင်း ဝင်ငွေခွန် ၃ ရာခိုင်နှုန်း ဖြစ် သွားမယ်ဆိုရင် ကားဟောင်းစျေးလည်း အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားပါမယ်၊ ဝင်ငွေခွန်သက်သာသွားရင်တော့ ကားဟောင်းထက် ပြည်တွင်းထုတ် SKD ကားတွေ ပိုပြီး အရောင်းအဝယ် ဖြစ်လာနိုင်ပါတယ်’’ဟု ‘Hyper Auto ’မှ ဒါရိုက်တာ ကိုပြည့်စုံအောင်က ဆိုသည်။

အရောင်းအဝယ်အေးနေခြင်းကြောင့် လက်ရှိကားစျေးကွက်အတွင်း နံပါတ်ထွက်ပြီးသား ညာမောင်းကားများကို ငါးသိန်းမှ ၁ဝ သိန်းကြား စျေးချရောင်းနေကြသည်။ စျေးကွက်အတွင်း Mazda Demio ၂ဝဝ၈ မိုဒယ်ကို ကျပ် ၁၆၃ သိန်းဝန်းကျင်၊ Toyota Vitz ၂ဝ၁၁ မိုဒယ်ကို ကျပ် ၁၈၂ သိန်းဝန်းကျင်၊ Toyota Probox ၂ဝဝ၇၊ ၂ဝဝ၈ မိုဒယ်ကို ကျပ် ၁၆ဝ သိန်းဝန်းကျင်၊ Honda Fit  ၂ဝဝ၈ မိုဒယ်(အဖြူရောင်) ကျပ် ၁၈၃ သိန်းဝန်းကျင်တို့တွင် အရောင်းအဝယ် ပိုဖြစ်ကြောင်း သိရသည်။ ထို့ပြင် အမြင့်ကားစျေးကွက်တွင်လည်း Toyota Crown ၂ဝဝ၄ မိုဒယ်ကို ကျပ်သိန်း လေးရာဝန်းကျင်၊ Honda CR-V  ၂ဝဝ၆ မိုဒယ်ကို ကျပ်သိန်း ၃၉ဝ ဝန်းကျင်၊ Toyota Kluger ၂ဝဝ၆ မိုဒယ်ကို ကျပ်သိန်း ၄၉ဝ ဝန်းကျင်၊ Toyota Alphard ၂ဝဝ၄ မိုဒယ်ကို ကျပ်သိန်း ၅၁ဝ ဝန်းကျင် နှင့် Toyota Vanguard ၂ဝ၁ဝ မိုဒယ်ကို ကျပ်သိန်း ၆၅ဝ ဝန်းကျင် ပေါက်စျေးရှိကြောင်း သိရသည်။ တက္ကစီယာဉ်များတွင် နယ်လိုင်စင် Toyota Probox ၊  Toyota Fielder ၊ Nissan AD Van တို့ အဝယ် အေးသောကြောင့် စျေးများပြန်ကျလာကြောင်း သိရသည်။

‘‘ဒီရက်ပိုင်းမှာ အရောင်းအဝယ်တွေ မကောင်းပါဘူး၊ စျေးကွက် အကြိုက်ဖြစ်တဲ့ Fit ၊ Fit Shuttle ၊ Toyota Axio ၊ Toyota Vitz ၊ Toyota Probox ၊ Honda Fit GK3 တွေတောင် စျေးချရောင်းကြပေမဲ့ အရောင်းအဝယ်ဖြစ်တာ နည်းတယ်၊ ထင်ထားသလောက် အဝယ်မဆင်းတဲ့အတွက် SKD တွေလည်း အဝယ်နည်းနည်း အေးနေပါ တယ်၊ SKD ကားတွေမှာ ငွေဖြူပြနိုင်တဲ့သူတွေကျတော့ ဝယ်ကြတယ်၊ ဝင်ငွေခွန်ဆောင်ရမယ့်သူတွေကျတော့ အခွန်ဥပဒေအသစ်ကို စောင့်နေကြတဲ့သူ များတယ်၊ စျေးကွက်ထဲမှာ Consignment လက်ကျန်ကား နည်းသွားတဲ့အတွက် စလစ်ဝယ်လိုအားလည်း နည်းသွားပြီး ရန်ကုန်လိုင် စင်အမည်ပေါက် စလစ်စျေးက ကျပ်သိန်း ၁၄ဝ အောက်ပြန်ဆင်းသွားတာ တွေ့ရပါတယ်’’ဟု ‘Soueast Smart Road’မှ မန်နေဂျင်းဒါရိုက်တာ ကိုစိုင်းက ဆိုသည်။

စျေးကွက်အတွင်း၌ အပ်ကားရှားပါးနေခြင်းနှင့် လူစီးစလစ်ထုတ်ပေး မည့် ၂ဝဝ၃ မိုဒယ်အောက်ဘတ်စ်များမှာ စျေးကွက်အတွင်း ဝင်မလာ သေးသောကြောင့် နှစ် နှစ်ဆယ်အမည်ပေါက်စလစ်စျေးမှာ အမြင့်စျေး တွင် တန့်နေသည်။

‘‘ဒီရက်ပိုင်း ကားသစ်ရော ကားအဟောင်းပါ အဝယ်အေးနေပါတယ်၊ မိုးများတဲ့အတွက် နယ်ရော ရန်ကုန်ပါ အဝယ်အဆင်းနည်းပါတယ်၊ အခွန်ဥပဒေအသစ်မှာ ဝင်ငွေခွန်ဖြေလျှော့ပေးရင် ညာမောင်းကားစျေးက အနည်းဆုံး ငါးသိန်းကနေ ၁ဝ သိန်းအထိ ပြန်ဆင်းသွားနိုင်ပါတယ်၊ တချို့ကလည်း ငွေပြန်ဖော်ဖို့အတွက် စျေးလျှော့ပြီး ရောင်းချင်ပေမဲ့လည်း ဝယ်တဲ့အချိန်တုန်းက တက်စျေးမိထားတဲ့အတွက် အများကြီး ချမရောင်း နိုင်ကြပါဘူး၊ ဒီရက်ပိုင်း ၁၃ဝဝ စီစီထဲကတောင် တစ်စီးစ နှစ်စီးစပဲ ရောင်းရပါတယ်’’ဟု ကိုတင်အောင်က ပြောသည်။

စျေးကွက်အေးနေပြီး စလစ်ဝယ်လိုအား နည်းနေချိန်တွင်  ရန်ကုန် လိုင်စင်သက်တမ်း နှစ် နှစ်ဆယ်အမည်ပေါက်စလစ်သည် ကျပ် ၁၃၉ သိန်းဝန်းကျင်၊ တိုက်ကြေစလစ်သည် ကျပ် ၁၂၆ သိန်းဝန်းကျင် ပေါက် စျေးရှိကြောင်း ကားေစျးကွက်အတွင်းမှ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here