ဝင်ငွေခွန်နှုန်းထား ဖြေလျှော့ပေးလိုက်သောကြောင့် နှစ်လအတွင်း ကားအစီး ၁,၈ဝဝ ကျော် ဝင်ငွေခွန်စည်းကြပ်

660

ရန်ကုန်၊ ဒီဇင်ဘာ
ဝင်ငွေခွန်နှုန်းထား ဖြေလျှော့ပေး လိုက်သောကြောင့် နှစ်လအတွင်း ကားအစီး ၁,၈ဝဝ ကျော် ဝင်ငွေခွန် စည်းကြပ်ခ့ဲပြီး ကုမ္ပဏီလိုင်စင်ဖြင့် အစီး ၄၇ဝ ကျော်ပါဝင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

၂ဝ၁၉-၂ဝ၂ဝ ဘဏာနှစ် အောက်တိုဘာ ၁ ရက်မှစ၍ ပြည် ပမှတင်သွင်းသည့် မော်တော်ယာဉ် များနှင့် ပြည်တွင်းထုတ်မော်တော် ယာဉ်များကို ဝင်ငွေခွန်နှုန်းထားများ ဖြေလျှော့ကောက်ခံခဲ့သည်။ ထိုသို့ ဝင်ငွေခွန်နှုန်းထားများ ဖြေလျှော့ ပေးလိုက်သဖြင့် ကားအသစ်များ ဝယ်လိုအား ပိုမြင့်တက်သွားပြီး အောက်တိုဘာ ၁ ရက်မှ နိုဝင် ဘာလကုန်အထိ တစ်ဦးချင်း အစီ အစဉ်ဖြင့် ၁,၄၂၁ စီးနှင့် ကုမ္ပဏီ ပါမစ်ဖြင့် ၄၇၂ စီးအတွက် ဝင်ငွေ ခွန်ကောက်ခံရာ ကျပ်သန်းပေါင်း ၁,၆၁၇ ဒသမ ၄ သန်း ကျော်ရရှိခဲ့ ကြောင်း သိရသည်။

‘‘ဒီနှစ် အောက်တိုဘာ ၁ ရက်ကစပြီး ကျပ်သိန်းတစ်ထောင် အောက်ကားတွေကို ၃ ရာခိုင် နှုန်းအထိ လျှော့ချကောက်ခံခဲ့ပါ တယ်၊ ဒါ့ကြောင့် နှစ်လအတွင်းမှာ ဝင်ငွေခွန် လာရောက်ပေးဆောင် တဲ့ကား အစီး ၁,၈ဝဝ ကျော်ရှိပြီး ဒီထဲမှာ ကုမ္ပဏီပါမစ်နဲ့ အစီး ၄၇ဝ ကျော် ပါဝင်ပါတယ်’’ဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် မော်တော်ယာဉ် များကို ဝင်ငွေခွန်ကောက်ခံရာတွင် ကျပ်သိန်းတစ်ထောင်အထိကို ၃ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင် အထက်မှ ကျပ်သိန်း သုံးထောင် အထိ ကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း သုံးထောင်အထက်မှ ကျပ်သိန်းတစ် သောင်းအထိကို ၁ဝ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်သောင်းအထက်မှ ကျပ်သိန်းသုံးသောင်းအထိကို ၁၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်းသုံးသောင်း အထက်ကို ၃ဝ ရာခိုင်နှုန်းဖြင့် ကောက်ခံပေးလျက်ရှိကြောင်း သိ ရသည်။
ဆန်းသစ်ေအာင်

LEAVE A REPLY

Please enter your comment!
Please enter your name here