ဝက်စ်ဟမ်းတိုက်စစ်မှူး  Andy Carroll   ထံမှ  တန်ဖိုးကြီးနာရီအား  ဆိုင်ကယ်စီး သေနတ်သမား နှစ်ယောက် ဓားပြတိုက်ရန်ကြိုးစားခဲ့မှု  တရားရုံး ကြားနာစစ်ဆေး

482

ယမန်နှစ်က ဝက်စ်ဟမ်းအသင်းမှ တိုက်စစ်မှူး Andy Carroll   ၏ကား မီးပွိုင့်မိနေစဉ် ကားဘေးသို့ ဆိုင်ကယ်စီးလူနှစ်ဦး ရောက်လာပြီး ၎င်း၏ ပေါင် ၂၂,ဝဝဝ တန် နာရီအား သေနတ်ပြ၍ ဓားပြတိုက်ယူရန် ကြိုးစားခဲ့မှုကို တရားရုံးကကြား နာစစ်ဆေးခဲ့ကြောင်း Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်၊ ည ၁၂ နာ ရီ ၁၅ မိနစ်အချိန်ခန့်က Andy Carroll   သည် ဂျစ်ကားဖြင့် လေ့ကျင့်ရေးကွင်းမှ အိမ်သို့ပြန်လာရာ ဆိုင်ကယ်နှစ်စီးနောက်မှ လိုက်လာခဲ့ပြီး လန်ဒန်အရှေ့မြောက်ဘက်၊ Hainnault မြို့၊ Romford လမ်းမတစ်နေရာရှိ မီးပွိုင့်အရောက်တွင် မီးပွိုင့်နီနေချိန်၌ ၎င်း၏ တန်ဖိုးကြီး နာရီအား ဓားပြတိုက်ယူရန် ကြိုးပမ်းခံခဲ့ရခြင်းဖြစ်သည်။ အတိုက်ခံရချိန်တွင် ကားကို ချက်ချင်း ‘ဂ’ ငယ်ကွေ့ ပြန်ကွေ့ကာ လေ့ကျင့်ရေးကွင်းသို့ လမ်းပြောင်းပြန်မောင်းပြေးခဲ့ပြီး လမ်းတစ်လျှောက် ကား ၁ဝ စီးခန့်ကို အရှိန်ပြင်းပြင်း ဝင်တိုက်မိခဲ့ကြောင်း သိရသည်။ ”မီးပွိုင့်မိသွားတော့ ကားရပ်ပြီး ပြတင်းပေါက် မှန်ကို ချလိုက် မိတယ်၊ သူက ကောင်းလိုက်တဲ့ နာရီလို့ပြောတယ်၊ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ် ပေါ့၊ ပြီးတော့ သူက မင်းနာရီ ငါ့ပေး လုပ်တော့တာပဲ၊ သေနတ်နဲ့လည်း ထုတ်ချိန်ထားတယ်၊ ကျွန်တော်လည်း ကြောက်လန့်တကြားနဲ့ လမ်းပြောင်းပြန်ကွေ့ ပြီး မောင်းပြေးတာပေါ့၊ ဒါတောင် ဆိုင်ကယ်သမားနှစ်ယောက်က နောက်ကနေ လိုက်လာသေးတယ်” ဟု Carroll  က တရားရုံး၌ ထွက်ဆိုသည်။

အမှုနှင့်ပတ်သက်၍ သံသယရှိသဖြင့် စစ်ဆေးနိုင်ရန် တရားရုံးသို့ခေါ်ယူထားသော အသက် ၂၂ နှစ်အရွယ်ရှိ Jack O’Brien အဂင်္လန်တိုက်စစ်မှူးထံမှ နာရီအား ဓားပြတိုက်ယူရန် ကြိုးစားခဲ့ခြင်းမရှိဟု ငြင်းဆိုထားကြောင်းသိရသည်။

 

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here