ဂျာမနီနိုင်ငံ၏ နာမည်ကျော် ကား ကုမ္ပဏီ Volkswagen မှ ထုတ်လုပ်သော ကားမိုဒယ်အချို့တွင် လျှပ် စစ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက် ကြောင့် ကားအစီးရေ ခြောက်သိန်း ကျော်ကို ပြန်လည်သိမ်းဆည်းသွား မည်ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်တွင် business insider ဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။
ပြန်လည် သိမ်းဆည်းမည့် ကားအရေအတွက် အတိအကျမှာ ၆၇၉,ဝဝဝ စီးဖြစ်ပြီး အမေရိကန် ပြည်ထောင်စုတွင် ရောင်းချထား သော ကားများဖြစ်သည်။
လျှပ်စစ်ပိုင်းဆိုင်ရာ ချွတ်ယွင်း မှုကြောင့် Volkswagen ထုတ် ကားမိုဒယ်အချို့မှာ စက်သတ်ကာ ရပ်နားထားစဉ် လိမ့်သွားခြင်း၊ အ လိုလို မောင်းထွက်သွားခြင်းမျိုး ဖြစ်ပေါ်လျက်ရှိသည်။ ပြန်လည် သိမ်းဆည်းမည့် ကားများမှာ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အတွင်းထုတ် လုပ်ထားသော Jetta ၊ Beetle ၊ Beetle Convertible ၊ Golf ၊ Golf Sportwagen ၊ GTI မိုဒယ် များဖြစ်သည်။ အရေအတွက်အများ ဆုံး သိမ်းဆည်းရမည့် မိုဒယ်မှာ ၂ဝ၁၁ မှ ၂ဝ၁၈ ခုနှစ်အတွင်း ထုတ်လုပ်ထားသော Jetta ဖြစ်ပြီး အစီးရေ ၅၄၁,၃၇၆ စီးဖြစ်ကာ ဒုတိယအများဆုံး သိမ်းဆည်းမည့် မိုဒယ်မှာ ၂ဝ၁၂ မှ ၂ဝ၁၉ ခုနှစ်အ တွင်း ထုတ်လုပ်ထားသော Beetle ၆၅,၇၂၇ စီး ဖြစ်သည်။
၂ဝ၁၂ မှ ၂ဝ၁၉ ခုနှစ်အတွင်း ထုတ်လုပ်ထားသော Beetle Convertible အစီးရေ ၂၈,၇၄၇ စီး၊ ၂ဝ၁၅ မှ ၂ဝ၁၉ ခုနှစ်အတွင်း ထုတ်လုပ်ထားသော GTI အစီးရေ ၁၈,၂၇၈ စီး၊ ၂ဝ၁၇ မှ ၂ဝ၁၉ ခုနှစ် အတွင်း ထုတ်လုပ်ထားသော Golf Sportwagen အစီးရေ ၁၄,၅၁၈ စီး၊ ၂ဝ၁၅ မှ ၂ဝ၁၆ ခုနှစ်အတွင်း ထုတ်လုပ်ထားသော Golf အစီးရေ ၅,၅၃၄ စီး၊ ၂ဝ၁၈ မှ ၂ဝ၁၉ ခုနှစ် အတွင်းထုတ် လုပ်ထားသော Golf အစီးရေ ၁,၈ ၄၇ စီးတို့ကို ပြန်လည် သိမ်းဆည်းသွားမည် ဖြစ်သည်။ Volkswagen ကုမ္ပဏီ၏ ပြောခွင့်ရ ပုဂ္ဂိုလ်က လျှပ်စစ်ပိုင်းဆိုင်ရာချွတ်ယွင်းမှုကြောင့် ဖြစ်ပေါ်သော မတော်တဆမှုများတွင် လူသေဆုံးမှု မရှိသလို ထိခိုက်ဒဏ်ရာရရှိမှုလည်းမရှိကြောင်း အတည်ပြုပြောကြားသည်။
Volkswagen ကုမ္ပဏီက ချွတ်ယွင်းချက်များ ရှိနေသောကား များကို ပိုင်ဆိုင်ထားသည့် ယာဉ် ပိုင်ရှင်များအနေဖြင့် ဒေသဆိုင်ရာ ကုမ္ပဏီများထံ အသိပေးအကြောင်း ကြားပေးရန် တိုက်တွန်းထားပြီး အခမဲ့ ပြန်လည်ပြင်ဆင်ပေးသွား မည်ဟု ကြေညာထားသည်။
Ref: businessinsider