လှိုင်ဘူတာရုံဆိပ်ကမ်းအနီးတွင်  ဗောတံတားအသစ်တစ်ခု Yangon Water Bus ကုမ္ပဏီမှ  ဆောက်လုပ်မည်

927

လှိုင်ဘူတာရုံ ဆိပ်ကမ်းကို အမှီပြု၍ လုပ်ကိုင်နေကြသော ကုန်တင်၊ ကုန်ချအလုပ်သမားများနှင့် အများပြည်သူ အသုံးပြုနိုင်ရန်အတွက် လှိုင်ဘူတာရုံ ဆိပ်ကမ်းအနီးတွင် ဗောတံတားသစ်တစ်ခုကို Yangon Water Bus ကုမ္ပဏီမှ ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

Yangon Water Bus စတင် ပြေးဆွဲသည့်အချိန်မှစ၍ လှိုင်ဘူတာရုံ ဆိပ်ကမ်းကို လာရောက် ဆိုက်ကပ်သည့် သဘောင်္များ မရှိတော့သည့်အတွက် ဆိပ်ကမ်းကုန်တင်၊ ကုန်ချအလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ခဲ့ရခြင်း အပေါ် နိုဝင်ဘာ ၁၁ ရက်တွင် အလုပ်သမားများမှ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ထို့ကြောင့် Yangon Water Bus ကုမ္ပဏီမှ လှိုင်ဘူတာရုံ ဆိပ်ကမ်းကို အမှီပြု၍ လုပ်ကိုင်နေကြသော ကုန်တင်၊ ကုန်ချအလုပ်သမားများနှင့် အများပြည်သူအသုံး ပြုနိုင်ရန်အတွက် လှိုင်ဘူတာရုံ ဆိပ်ကမ်းအနီးတွင် ဆိပ်ကမ်းဗော တံတားသစ်တစ်ခု တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

 

”စီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က လုပ်တဲ့အတွက် တံတားအသစ် ဆောက်ပေးဖို့က ကုမ္ပဏီနဲ့တိုက်ရိုက်မသက်ဆိုင်ပါဘူး၊ ဒါပေမဲ့ ကုမ္ပဏီက ကူညီတဲ့အနေနဲ့ လှိုင်ဘူတာရုံဆိပ်ကမ်းအနီးမှာ ဆိပ်ကမ်းဗောတံတား ဆောက်ပေးဖို့ စီစဉ်နေပါပြီ၊ ဒီဆိပ်ကမ်းကို အမှီပြုပြီးလုပ်တဲ့ အလုပ်သမားတွေ အတွက်လည်း ကုမ္ပဏီရဲ့ သက်ဆိုင်ရာနေရာမှာ အလုပ်ခန့်ပေးဖို့ ပြောထားပါတယ်”ဟု တင့်တင့်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

လှိုင်ဘူတာရုံဆိပ်ကမ်းအနီး တွင် ဗောတံတားအသစ် တည်ဆောက်ရန်အတွက် စတင်စီစဉ်နေပြီဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက  အမြန်ဆုံး ဆောက်လုပ်မည်ဖြစ်ကြောင်း တင့်တင့်မြန်မာကုမ္ပဏီမှ သိရသည်။

 

Yangon Water Bus ပြေးဆွဲခြင်း မစတင်မီအချိန်က လှိုင်ဘူတာရုံဆိပ်ကမ်းကို တစ်နေ့လျှင် ကုန်တင်သဘောၤ ငါးစင်းမှ ခြောက်စင်း ဆိုက်ကပ်ခဲ့သည့်အတွက် ကုန်တင်၊ ကုန်ချ အလုပ်သမားများ တစ်နေ့လျှင် ဝင်ငွေ ကျပ်တစ် သောင်းမှ တစ်သောင်းခွဲဝန်းကျင်အထိ ရရှိခဲ့ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here