လှပလွန်းတဲ့ ကားဒီဇိုင်းနဲ့ ပြိုင်ဘက်ကင်း မောင်းနှင်မှု အတွေ့အကြုံကိုရစေမယ့် 2018 VOLVO S90 T6 AWD MOMENTUN

1047

နာမည်ကျော် ဆွီဒင်ကားထုတ်လုပ်ရေးကုမ္ပဏီ Volvo ဟာ အရွယ်အလတ်စား ဇိမ်ခံဆီဒန်ကားမိုဒယ်သစ် S90 ကို ၂ဝ၁၆ ခုနှစ်ကမှ စတင်ထုတ်လုပ် စျေးကွက်တင်ခဲ့ပါတယ်။ ကိုယ်ထည်လှပသလို မောင်းရတာလည်း ညက်ညောညင်သာစေမယ့် S90 ဟာ ၂ဝ၁၇ ခုနှစ် တစ်နှစ်တာအတွက် Automobile Design of the Year ဆုကိုတင်မက ဇိမ်ကျတဲ့ဒီဇိုင်း၊ ဆန်းသစ်တဲ့နည်းပညာနဲ့ ကောင်းမွန်လှတဲ့ ထိန်းသိမ်းမောင်းနှင်နိုင်စွမ်းတို့ ကြောင့် ဆုများစွာ ဆွတ်ခူးရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ် နယူးယော့ခ်ကားပြပွဲကြီးမှာလည်း အသစ်မွမ်းမံထားတဲ့ 2018 S90 မိုဒယ်သစ်ကို ထပ်မံပွဲထုတ်ခဲ့ပါတယ်။ ၂ဝ၁၈ မိုဒယ်သစ်မှာလည်း Momentum နဲ့ Inscription Trim Level နှစ်ခုခွဲခြားထားပြီး T5 ၊ T6 နဲ့ T8 အင်ဂျင်တွေကိုလည်း ထပ်တိုးရွေးချယ်နိုင်ပါတယ်။

စက်စွမ်းရည်
S90 ရဲ့ Momentum Trim မှာ T5 ၊ ဒါမှမဟုတ် T6 အင်ဂျင်ကို ရွေးချယ်ရရှိနိုင်ပါတယ်။ လေးဘီးယက်စနစ်သုံး S90 T6 AWD Momentum မှာ မြင်းကောင်ရေ ၃၁၆ ကောင်အား 2.0 Liter Turbo-charged & Supercharged I-4 အင်ဂျင် တပ်ဆင်ပေးထားပါတယ်။ ဆီစားနှုန်းကတော့ မြို့တွင်းမှာ တစ်ဂါလန် ၂၂ မိုင်၊ အဝေးပြေးလမ်းမှာ တစ်ဂါလန် ၃၁ မိုင်နဲ့ နှစ်ခုပေါင်းပျမ်းမျှ တစ်ဂါလန် ၂၅ မိုင်နှုန်းအထိ အသုံးပြုနိုင်ပါတယ်။ အဆင့်မြှင့်တင်ထားတဲ့ နည်းပညာနဲ့ Turbocharged & Supercharged အင်ဂျင်က ကားရဲ့စွမ်းဆောင်ရည်ကို ပိုပြီးမြင့်မား စေရုံတင်မကဘဲ ညက်ညောညင်သာတဲ့ အင်ဂျင်၊ ကောင်းမွန်လှတဲ့ ထိန်း သိမ်းမောင်းနှင်နိုင်စွမ်းတို့နဲ့ ပြိုင်ဘက်ကင်းတဲ့ မောင်းနှင်မှုအတွေ့အကြုံ ကိုလည်း ရရှိပိုင်ဆိုင်စေပါတယ်။

တည်ဆောက်ပုံ
တံခါးလေးပေါက် ဇိမ်ခံဆီဒန်ကားသစ် S90 ဟာ စကင်ဒီနေးဗီး ယန်းဒီဇိုင်း၊ စစ်မှန်တဲ့ ဇိမ်ကျသက်သာမှုနဲ့ အဆင့်မြင့်တဲ့ နည်းပညာတို့ကို ပေါင်းစပ်တည်ဆောက်ထားတာပါ။ ကားကိုယ်ထည်ဟာ မြင်သူတကာကို ဆွဲဆောင်နိုင်လောက်အောင် လှပပြီး ကားအောက်ခံထည်ဟာလည်း ထိန်းသိမ်း မောင်းနှင်နိုင်စွမ်းကို ပိုကောင်းစေသလို ဇိမ်ကျသက်သာမှု လည်း ရှိစေပါတယ်။ ရှည်သွယ်အောင် ဖန်တီးထားတဲ့ ကားရဲ့ Wheelbase (ကားရှေ့ဘီးဝင်ရိုးနဲ့ နောက်ဘီးဝင်ရိုးကြား အကွာအဝေး)နဲ့ ခပ်နိမ့် နိမ့်အနေအထားရှိတဲ့ ကားခေါင်မိုးကောက်ကြောင်းတို့ဟာ သစ်လွင်လတ် ဆတ်ပြီး လက်ရာမြောက်တဲ့ ကားကိုယ်ထည်ရဲ့အသွင်ကို ပိုပြီးပေါ်လွင် စေပါတယ်။ Thor ရဲ့ Hammer ပုံစံနဲ့ ခပ်ဆင်ဆင်တူတဲ့ နေ့လင်းမီး (Daytime Running Light) နဲ့ Auto High Beam တို့ပါဝင်တဲ့ LED ကားရှေ့မီးတွေဟာ S90 ကို ထူးထူးခြားခြား ခံ့ညားလှပနေစေပြီး မြင် ကွင်းကိုလည်း ပိုကောင်းစေပါတယ်။ S90 Momentum မိုဒယ်မှာဆိုရင် လှပတဲ့ကိုယ်ထည်ဒီဇိုင်း၊ ဇိမ်ကျသက်သာမှုနဲ့ ယုံကြည်စိတ်ချရမှုကို ထင် ရှားပေါ်လွင်စေမယ့် ကိုယ်ထည်ဒီဇိုင်းအပြင်အဆင်တွေ ပါဝင်ပါတယ်။ အလွာတစ်ထပ် ထပ်ထားတဲ့ မြင်ကွင်းကျယ်မှန်အမိုး (Panoramic Moonroof) ဟာ လေနဲ့အလင်းရောင် ကောင်းကောင်းရရှိစေမှာဖြစ်ပြီး အလွာအုပ်ထားတဲ့ မှန်ပြတင်းပေါက်တွေကတော့ လုံခြုံရေးကို ထပ်တိုး အဆင့်မြင့်စေရုံမက ပြင်ပက ဆူညံသံကင်းကင်းနဲ့ ငြိမ်သက်အေးဆေးစွာ မောင်းနှင်အသုံးပြုနိုင်စေမှာပါ။ ရှည်သွယ်တဲ့ ကားဘေးဘက်မှာတော့ ၁၈ လက်မအရွယ် ကားဘီးတွေ တပ်ဆင်ပေးထားပါတယ်။

အတွင်းခန်း
ကားကိုယ်ထည်လို ရိုးရှင်းအဆင့်မြင့်ပြီး ခံ့ညားတင့်တယ်တဲ့ ကား အတွင်းခန်းမှာ Flame Birch သစ်ပါးလွာလို အဆင့်မြင့်သတ္တုပစ္စည်း တွေ အသုံးပြုထားပါတယ်။ ဒါ့ပြင် ကားရှေ့ထိုင်ခုံတွေရော နောက်ခန်းထိုင် ခုံတွေကိုပါ နေရာပိုကျယ်ဝန်းအောင် စီမံဖန်တီးပေးထားပါတယ်။ ဇိမ်ကျ တဲ့ သားရေထိုင်ခုံတွေက ခရီးစဉ်တစ်လျှောက် သက်သောင့်သက်သာလိုက် ပါ စီးနင်းနိုင်စေမှာပါ။ ကားနောက်ခန်းက ခြေချစရာနေရာဟာလည်း အရင်ထက် လေးလက်မခွဲ ပိုကျယ်ပါတယ်။ ကားအတွင်းမှာ အဆင့်မြင့် ခေတ်မီတဲ့ နည်းပညာသစ်တွေနဲ့အတူ ၁၂ ဒသမ ၃ လက်မအရွယ် Digital Driver Display ပါဝင်ပြီး Sensus Connect Infotainment System ရဲ့ Hardware ရော Software မှာပါ ထပ်တိုးအဆင့်မြှင့်တင်ထားပါတယ်။ ၂ဝ၁၈ မိုဒယ် S90 မှာ Leather စတီယာရင်နဲ့ ဂီယာဘု၊ ပုံစံ ၁ဝ မျိုး ပြောင်းလဲချိန်ညှိနိုင်တဲ့ ကားမောင်းသူထိုင်ခုံနဲ့ ကိုးလက်မအရွယ် Center Display တို့ ပါဝင်ပါတယ်။ ဒါ့ပြင် Option အဖြစ် ထပ်တိုးရွေးချယ်နိုင်တဲ့ အပူပေးနိုင်အောင် စီမံထားတဲ့ ကား နောက်ခန်းထိုင်ခုံတွေနဲ့ ကားအနောက်ပြတင်းပေါက်တွေအတွက် နေ ကာပြားတွေက လိုက်ပါစီးနင်းတဲ့ ခရီးသည်တွေကို ပိုပြီးဇိမ်ကျသက်သာ အောင် ထောက်ကူပေးမှာပါ။

လုံခြုံရေး
ကားလုံခြုံရေးမှာ နာမည်ရပြီးဖြစ်တဲ့ Volvo ဟာ S90 ကိုလည်း တခြားကားအမှတ်တံဆိပ် အတော်များများထက် ပိုသာတဲ့ လုံခြုံရေး အစီအမံတွေ ထည့်သွင်းပေးထားပါတယ်။ Standard City Safety Auto-braking နည်းပညာက ကားတိုက်မှုဖြစ်ဖို့အလားအလာရှိတဲ့ အခြေအနေမျိုးမှာ အလိုအလျောက် ဘရိတ် အုပ်ပေးမှာ ဖြစ်ပါတယ်။ S90 ရဲ့ လုံခြုံရေးနည်းပညာတွေထဲမှာ Active Steering Assist ပါဝင်တဲ့ Blind-spot Monitoring နဲ့ Lane Mitigation တို့ ပါဝင်ပါတယ်။ ဒါ့ပြင် Adaptive Cruise Control နဲ့ Pilot Assist တို့လို Semi-autonomous မောင်းနှင်မှု နည်းပညာတွေက ကားမောင်းသူနဲ့လိုက်ပါ စီးနင်း မယ့် ခရီးသည်တွေရဲ့ လုံခြုံ ရေးကို ပိုတိုးစေမှာပါ။

စျေးနှုန်းနှင့် ပြိုင်ဘက်
၂ဝ၁၈ မိုဒယ် Volvo S90 ရဲ့ စျေးဟာ Trim Level အလိုက် ကွဲ ပြားခြားနားပြီး အခြေခံ မိုဒယ်ရဲ့ စျေးက အမေရိ ကန်ဒေါ်လာ ၄၈,ဝဝဝ ကျော်ပါတယ်။ အလယ် အလတ်တန်း အဆင့်ရှိတဲ့ S90 T6 AWD Momentum ရဲ့ စျေးကိုတော့ ဒေါ်လာ ၅၄,၁ဝဝ နဲ့အထက် သတ်မှတ်ထား ပါတယ်။ အဆင့်မြင့်ဇိမ်ခံ ဆီဒန် ကားစျေးကွက်မှာ S90 နဲ့ အနီးစပ်ဆုံး ပြိုင်ဘက်တွေကတော့ Mercedes-Benz E-Class ၊ BMW 5 Series ၊ Audi A6 နဲ့ Jaguar XF တို့ပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here