လှပခံ့ထည်ပြီး အဆင့်မြင့်နည်းပညာသုံး လုံခြုံ​ရေးစနစ်များစွာဖြင့် ၂၀၁၈ မိုဒယ် GAC GA4

80

 

တရုတ်နိုင်ငံအခြေစိုက် GAC Motor ၏ Premium Sedan ကားအမျိုးအစားထဲတွင် ဆန်းသစ်လှပမှုရှိသော Aerodynamic ကိုယ်ထည်ဒီဇိုင်းဖြင့် ဖန်တီးထားခြင်း၊ နည်းပညာသုံးပစ္စည်း များစွာပါရှိခြင်း၊ လုံခြုံစိတ်ချရမှု ထိပ်တန်းအဆင့်ရှိခြင်းနှင့် ဆီစားနှုန်းသက်သာပြီး စွမ်းဆောင်ရည်ပြည့်ဝသော အင်ဂျင်စနစ် ပါရှိခြင်း စသည့်အချက်များနှင့် ပြည့်စုံခဲ့သည့် ဆီဒန်ကားမှာ ၂၀၁၈ မိုဒယ် GAC GA4 ပင် ဖြစ်ပါသည်။ ခရီးသည် ငါးဦး စီးနင်းနိုင်ပြီး ခရီးနီး၊ ဝေး အသုံးပြုရာတွင် များစွာသင့်တော်မှုရှိသည့် ကားမိုဒယ်လည်း ဖြစ်ပါသည်။

အပြင်ပိုင်း အပြင်အဆင်

ဆန်းသစ်လှပမှုရှိပြီး ဝင့်ကြွားစွာ ဖန်တီးထားသော 2018 GAC GA4 Sedan တွင် ခံ့ထည်လှသည့် အရှေ့ရှဲလ်(Grille) ဒီဇိုင်းကို LED DRL စနစ်ပါဝင်သည့် ဟေလိုဂျင်(Halogen) ရှေ့မီးကြီးများနှင့် တွဲဖက် တွေ့မြင်ရမည်ဖြစ်ကာ သွယ်လျသည့် ဘေးဘက်ကားကိုယ်ထည်နှင့် လိုက်ဖက်စေမည့် ၁၇ လက်မ အလူမီနီယမ်အလွိုင်းခွေများကိုလည်း အသုံးပြုထားသည်။ ကားအနောက်ဘက်တွင် LED Rear Combination Light များ ပေါင်းစပ်ပါဝင်သည့် နောက်ဖုံးကို တွေ့မြင်ရပါမည်။ ဘေးဘက်နောက်ကြည့်မှန်များသည် Heated Power Side Mirror အမျိုးအစားများဖြစ်ကြပြီး ကားပါကင်အသုံးပြုရာတွင် ကူညီ ပေးနိုင်သည့် Surround View Parking System များလည်း ပါရှိမည်ဖြစ်ပါသည်။

အတွင်းခန်း အပြင်အဆင်

ခရီးသည် ငါးဦးစီးပုံစံဖြစ်သည့် ၂၀၁၈ မိုဒယ် GAC GA4 Premium Sedan ၏ အတွင်းခန်းကို ကျယ်ဝန်းသပ်ရပ်စွာ ဖွဲ့စည်းထားပြီး အရည်အသွေးမြင့် ပစ္စည်းများဖြင့်သာ ခင်းကျင်းထားသည်ကို တွေ့ရပါမည်။ ထိုင်ခုံများသည် Leatherette-Trimmed Seat များဖြစ်ကြပြီး အရွယ်ရောက်ပြီး ခရီးသည် ငါးဦး အဆင်ပြေစွာ စီးနင်းနိုင်သည့်အပြင် Driver Seat ကိုလည်း အနေအထားခြောက်မျိုးအထိ အလိုအလျောက် ရွှေ့ပြောင်းနိုင်မည် ဖြစ်သည်။ ထို့ပြင် ဒုတိယထိုင်ခုံတန်းကို ၆၀း ၄၀ အချိုး ခေါက်သိမ်းနိုင်မည်လည်း ဖြစ်သည်။ အလားတူ ခေတ်မီနည်းပညာသုံး ပါဝင်မှုများဖြစ်ကြသည့် Climate Control , Negative Ion Air Purifier , Rain Sensing Wipers , Front Row Auxiliary Power Outlet , Electric Sunroof , Engine Immobilizer with Anti-theft Alarm , Front and Second Rows USB Ports , Speed Based Volume Adjustment စသည်တို့ စုံလင်စွာ ပါရှိကြပါသည်။ သက်သောင့်သက်သာ မောင်းနှင်မှုအတွက် ECO Drive Mode ထည့်သွင်းထားပြီး 3.5 inch Trip Computer/ Meter Cluster ၊ စပီကာ လေးလုံးပါ အသံစနစ်နှင့် 8 inch Color LCD Screen Display တို့လည်း ပါရှိမည် ဖြစ်သည်။

အင်ဂျင်နှင့် ဂီယာစနစ်

၂၀၁၈ မိုဒယ် GAC GA4 တွင် အင်ဂျင်အနေဖြင့် E-Turbo and DCVVT and GCCS ၊ 1325 ml ၊ 138 bhp အင်ဂျင်နှင့် 6-Speed Automatic Gearbox တို့ကို တွဲဖက်တပ်ဆင်ထားပါသည်။ Emission Standard သည် Euro 5 ဖြစ်ပြီး ဆီသိုလှောင်နိုင်မှုပမာဏမှာ လီတာငါးဆယ်ဖြစ်ပါသည်။ Classis အနေဖြင့် ကားအရှေ့ဘက်တွင် McPherson Independent Suspension စနစ်ကိုလည်းကောင်း၊ ကားအနောက်ဘက်တွင် Multi-Link Beam Independent Suspension စနစ်ကိုလည်းကောင်း တပ်ဆင်ထားပါသည်။
လုံခြုံရေးစနစ်

၂၀၁၈ မိုဒယ် GAC GA4 တွင် အဆင့်မြင့်နည်းပညာသုံး လုံခြုံရေးစနစ်များစွာပါရှိပြီး အဓိကပါဝင်သည့် Safety Feature များမှာ Dual Front Airbags ၊ ESP/ABS/EBD ၊ Traction Control System ၊ Hydraulic Brake Assist ၊ Hill-Start Hold Control ၊ EPB with Auto Hold ၊ Electronic Cruise Control နှင့် ISOFIX Child Anchors တို့ ပါဝင်ကြပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here