လျှပ်စစ်ကား ဝယ်ယူသူများအား အခွန်လျှော့ချပေးရန် အိန္ဒိယအစိုးရ စီစဉ်ထား

576

ကမ္ဘာပေါ်တွင် တရုတ်ပြီးလျှင် ဒု တိယလူဦးရေ အများဆုံးနိုင်ငံ ဖြစ် သည့် အိန္ဒိယသည် Electric Car ဝယ်ယူသူများအား အခွန်လျှော့ချ ပေးရန် စီစဉ်ထားကြောင်း ဇူလိုင် ၈ ရက်တွင် cnbc သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်သည့် အိန္ဒိယသည် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုပြသနာ နှင့် ရင်ဆိုင်နေရပြီး မော်တော်ယာဉ် များမှ ထွက်ရှိလာသော ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ကြောင့် ဖြစ် ပေါ်လာသည့် လေထုညစ်ညမ်းမှု ပြသနာနှင့်ပါ ကြုံတွေ့နေရသည်။

      ထို့ကြောင့် လေထုညစ်ညမ်း မှုကို လျှော့ချပေးနိုင်သည့် Electric Car များ ထုတ်လုပ်ရောင်းချ ရေးကို အမျိုးသားရေးတာဝန်တစ် ရပ်အဖြစ် အစိုးရကိုယ်တိုင်က တွန်း အားပေး လုပ်ဆောင်လျက်ရှိသည်။ ၂ဝ၁၉ ခုနှစ်၊ ဧပြီ ၁၁ ရက်မှ မေ ၁၉ ရက်အထိ ကျင်းပခဲ့သော အိန္ဒိယ အထွေထွေ ရွေးကောက်ပွဲ တွင် BJP ပါတီကိုယ်စားပြုကာ INC ပါတီမှ Rahul Gandhi အား ရွေးကောက်ပွဲ နှစ်ကြိမ်ဆက် အနိုင် ယူ၍ ဝန်ကြီးချုပ်တာဝန်ကို ဒုတိယ သက်တမ်း ထမ်းဆောင်နေသည့် Narendra Modi  သည် အိန္ဒိယ ဘတ်ဂျက်အသစ်ကို ထုတ်ပြန်ကြေ ညာခဲ့သည်။

အဆိုပါ ဘတ်ဂျက် အသစ် တွင် Electric Car ဝယ်ယူသူများ အား အခွန်ငွေရူပီး ၁၅,ဝဝဝ (အ မေရိကန်ဒေါ်လာ ၂,၁၈၅)သာ ကောက်ခံသွားမည်ဟု ပါရှိသည်။ ယခင်ကဆိုလျှင် Electric Car ဝယ်သူများမှာ အခွန်ရူပီး ၂၅,ဝဝဝ (အမေရိကန်ဒေါ်လာ ၃,၆၅ဝ) အ ထိ ပေးဆောင်နေရသောကြောင့် လက်ရှိ ပြဌာန်းလိုက်သည့် ဘတ် ဂျက်အသစ်အရ အခွန် ၁၂ ရာခိုင် နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ကျဆင်း သွားခဲ့ခြင်းဖြစ်သည်။

လူဦးရေ သန်း ၁,၄ဝဝ နီးပါး ရှိသော အိန္ဒိယနိုင်ငံတွင် Electric Car ရောင်းအားမှာ အင်မတန်နည်း ပါးလွန်းပြီး တစ်နှစ်လျှင် အစီးရေ နှစ်ထောင်အောက်သာ ရှိသည်။ ထို ပမာဏမှာ ပြည်တွင်းစျေးကွက်အ တွင်း ရောင်းချနေရသည့် တစ်နှစ် အစီးရေ လေးသန်းဆိုသော ပမာ ဏနှင့်ယှဉ်လျှင် အင်မတန်နည်း ပါးလွန်းသည့်ပမာဏ ဖြစ်သည်။ ဘတ်ဂျက်အသစ် မိတ်ဆက်ပွဲတွင် အိန္ဒိယစီးပွားရေးဝန်ကြီး Nirmala Sitharaman  က မိမိတို့အစိုးရမှာ လေထုညစ်ညမ်းမှု လျှော့ချရေးကို အဓိက ဦးစားပေးကိစ္စတစ်ရပ်အဖြစ် မှတ်ယူထားပြီး Electric Car ဝယ် သူများအား အခွန် လျှော့ချပေး သွားမည်ဟု အတည်ြပုခဲ့သည်။

Ref: cnbc

LEAVE A REPLY

Please enter your comment!
Please enter your name here