လျှပ်စစ်ကားနည်းပညာ

390

 

ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွတ်မှုတွေ လျှော့ချဖို့၊ လေထု ညစ် ညမ်းမှုပြသနာတွေဖြေရှင်းဖို့အတွက် ယနေ့နိုင်ငံတကာမှာ လျှပ်စစ်ကား ထုတ်လုပ်သုံးစွဲမှုတွေ ခေတ်စားလာပါတယ်။ မော်တော်ကားအစီးရေ သန်းချီရှိနေတဲ့ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာ လေထုညစ်ညမ်းမှု ပြသ နာနဲ့ လောင်စာဆီပြသနာတွေ ရင်ဆိုင်နေကြရပါတယ်။ ဒီပြသနာတွေကို လျှော့ချကုစားနိုင်ဖို့ လျှပ်စစ်ကားတွေ(Electric Vehicles) အစားထိုး သုံးစွဲဖို့ မူဝါဒပြောင်းလဲလာပါတယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ လျှပ်စစ်ကားနဲ့ Hybird Car တွေ ပိုမိုသုံးစွဲလာရေးအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့တွေက ကြိုးပမ်းလျက်ရှိပါတယ်။

တရုတ်အစိုးရက လေထုညစ်ညမ်းမှုတွေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွတ်မှုတွေ လျော့ကျသွားစေဖို့ ရုပ်ကြွင်းလောင်စာသုံး မော်တော် ကားတွေနေရာမှာ လျှပ်စစ်ကားတွေ ပိုမိုသုံးစွဲလာစေရေး မူဝါဒပေါ်လစီကို ပြောင်းလဲ ကျင့်သုံးနေပါပြီ။ လျှပ်စစ်ကားတွေ ဝယ်ယူသုံစွဲမှု မြင့်တက်လာ စေဖို့ မက်လုံးတွေ၊ အခွန်သက်သာခွင့်တွေ၊ အထူးအခွင့်အရေးတွေပေးပြီး စည်းရုံးနေပါတယ်။ အများပြည်သူသုံး ချာဂျင်အားသွင်းနိုင်တဲ့ Charging Station ကြီးတွေကို အစိုးရက လုပ်ဆောင်ပေးနေပါတယ်။

လျှပ်စစ်ကားနယ်ပယ်မှာ Plug-in Hybrid ကားတွေ၊ ဟိုက်ဒြိုဂျင် fuel cell ကားတွေ၊ လျှပ်စစ်သီးသန့်ကားတွေ၊ ဆိုလာပါဝါသုံး လျှပ်စစ်ကား တွေ ပါဝင်နေပါတယ်။ ဘက်ထရီနည်းပညာတွေ တိုးတက်လာတာကြောင့် လျှပ်စစ်ကား ထုတ်လုပ်တဲ့ကားကုမ္ပဏီတွေထဲမှာ Nissan Motor က ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ Nissan Leaf လျှပ်စစ်ကားအစီးရေ သိန်းချီပြီး ရောင်းချခဲ့ရပါတယ်။ Toyota ၊ Cadillac ၊ Ford ၊ Tesla ၊ Mercedes Benz ၊ Volkswagen ၊ Chevrolet ၊ Mitsubishi ၊ KIA စတဲ့ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေကလည်း လျှပ်စစ်ကားတွေကို ပုံစံ အမျိုးမျိုးနဲ့ အပြိုင်အဆိုင် ထုတ်လုပ်လာကြပါတယ်။
ပထမဆုံးလျှပ်စစ်ကားကို ၁၈၈၄ ခုနှစ်က တီထွင်နိုင်ခဲ့ပါပြီ။ တီထွင် သူပညာရှင်ကတော့ မစ္စတာ သောမတ်စ်ပါ့ကားဆိုသူ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီခေတ်က အင်ဂျင်နဲ့မောင်းရတဲ့ ကားတွေသာ လူသုံးများပြီး လျှပ်စစ် ကားတွေကို လူကြိုက်နည်းပါတယ်။ အဲဒီခေတ်ဦးပိုင်းကာလမှာ သုံးတဲ့ ဘက်ထရီကလည်း ခဲအက်ဆစ်ဘက်ထရီ အမျိုးအစားတစ်မျိုးတည်းပဲ ရှိပါသေးတယ်။ ဒီနေ့ မျက်မှောက်ခေတ်မှာတော့ ဘက်ထရီနည်းပညာ အသစ်တွေ အများကြီးပေါ်ထွန်းလာခဲ့ပါပြီ။ ကြာရှည်ခံပြီး စွမ်းအင်သိပ်သည်း ဆမြင့်မားတဲ့ ဘက်ထရီအမျိုးအစားတွေဖြစ်တဲ့ လီသီယမ် အိုင်ယွန်း (Li-ion) ဘက်ထရီ၊ နီကယ်မတ်တယ် ဟိုက်ဒရိုတ်(NiMH) ဘက်ထရီ၊ ဇင့် အဲယား(zinc-air)ဘက်ထရီစတဲ့ ဘက်ထရီအမျိုးအစားတွေကတော့ ရှေးရိုး ခဲ-အက်ဆစ် ဘက်ထရီထက်ပိုကောင်းတဲ့ ဘက်ထရီတွေ ဖြစ်ကြပါတယ်။
လျှပ်စစ်ကားတစ်စီးကို အဓိကအားဖြင့် အခြေခံ အစိတ်အပိုင်း သုံးမျိုးနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ လျှပ်စစ်မိုတာအပိုင်း၊ ထိန်း ချုပ်ကွန်ထရိုလာ(Controller)အပိုင်းနဲ့ စွမ်းအင်သိုလှောင်ထားတဲ့ ဘက် ထရီတို့ဖြစ်ပါတယ်။ လျှပ်စစ်မိုတာက ဘက်ထရီကပံ့ပိုးတဲ့ လျှပ် စစ်စွမ်းအင်ကို စက်မှုစွမ်းအင်အဖြစ် ပြောင်းလဲပေးတဲ့အရာ ဖြစ်ပါတယ်။
လျှပ်စစ်မိုတာရဲ့မောင်းနှင်အားကြောင့် လျှပ်စစ်ကား တစ်စီးလုံး ရွေ့ လျားနိုင်ခြင်း ဖြစ်ပါတယ်။ လျှပ်စစ်မိုတာတစ်လုံးရဲ့ အခြေခံလုပ်ဆောင် ချက်ကတော့ လျှပ်စစ်သံလိုက်တွန်းအားကြောင့် လည်ပတ်နိုင်ခြင်း ဖြစ်ပါ တယ်။D.C Brushless Motor ၊ A.C Induction Motor ၊ Permanent Magnet Motor ဆိုပြီး မိုတာအမျိုးအစားတွေ အများကြီးရှိပါတယ်။ Controller က မိုတာကို Speed အမျိုးမျိုးနဲ့ လည်ပတ်နိုင်အောင် ထိန်းချုပ် ပေးပါတယ်။ ဘက်ထရီရဲ့ထောက်ပ့ံပေးတဲ့ လျှပ်စစ်စွမ်းအင်ကို Controller က လိုအပ်သလို မိုတာဆီ ဖြန့်ဝေပေးပါတယ်။ ခြေနင်းတဲ့ လီဗာနဲ့ ဆက်သွယ်ထားတဲ့ Potential Meter က လျှပ်စစ်ခုခံအား အမျိုးမျိုးကို ပြောင်းလဲပေးပြီး မိုတာရဲ့ လည်ပတ်အားကို ပြောင်းလဲစေပါတယ်။ ခုခံမှု အနည်းအများအလိုက် မိုတာကို ထောက်ပံ့ပေးတဲ့ ဗို့အားအနည်းအများ လည်း ပြောင်းလဲသွားပါတယ်။ ဒါကို Controller က ထိန်းချုပ်ပေးပါတယ်။ လျှပ်စစ်ကားသုံး ဘက်ထရီမှာ ဆဲလ်(cell)တွေအများကြီးနဲ့ စုဖွဲ့ထားတာ ကြောင့် ဗို့အားမြင့်(High Voltage) ကို ထုတ်ပေးနိုင်ပါတယ်။ သာမန် ခဲ-အက်ဆစ် ဘက်ထရီတစ်လုံးကတော့ 12 Volt က ထုတ်ပေးနိုင်ပါတယ်။
လျှပ်စစ်ကားတွေမှာ သုံးထားတဲ့ ဘက်ထရီတွေက အားပြန်သွင်းလို့ ရတဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။ လီသီယမ်အိုင်ယွန်း ဘက်ထရီ (Li-ion)၊ နီကယ်မတ်တယ် ဟိုက်ဒရိုုက် (NiMH) ဘက်ထရီ၊ ဇင့်အဲယား (Zin-air) ဘက်ထရီတွေကို လျှပ်စစ်ကားတွေမှာ သုံးပါတယ်။ ဘက်ထရီ တိုင်းမှာ အမငုတ်(Negative) နဲ့ အဖိုငုတ် (Positive) တွေပါဝင်ပြီး D.C လျှပ်စစ်အမျိုးအစားကို ထုတ်လုပ်ပေးပါတယ်။
ယနေ့ မိုဘိုင်းဖုန်းတွေမှာ၊ လက်တော့ပ်ကွန်ပျူတာတွေမှာ သုံးနေတဲ့ ဘက်ထရီက လီသီယမ်အိုင်ယွန်း (Li-ion) ဘက်ထရီပါ။ ၁၉၉ဝ ပြည့်နှစ် လောက်မှာ လီသီယမ်ဘက်ထရီတွေ ပေါ်ထွက်လာခဲ့ပါတယ်။ လီသီယမ် သတ္တုဖြစ်ပြီး ဓာတ်ပြုတုံပြန့်မှု အလွန်မြင့်မားတဲ့ သတ္တုဒြပ်စင်တစ်မျိုး ဖြစ်ပါတယ်။ လီသီယမ် အခြေခံဒြပ်ပေါင်းတွေနဲ့ တည်ဆောက်ထားတဲ့ လီသီယမ်အိုင်ယွန်း ဘက်ထရီဟာ စွမ်းအင်သိပ်ဆည်းဆမြင့်မားတဲ့ ဘက် ထရီအမျိုးအစား ဖြစ်ပါတယ်။ ဓာတ်ဆီထက် စွမ်းအင်သိပ်သည်းဆ (Energy Density) ငါးဆ ရှိပါတယ်။
လျှပ်စစ်ကားတစ်စီးမှာ အလေးချိန်များတဲ့ ဘက်ထရီအစုအဖွဲ့ကို ကားကြမ်းခင်းဖရိမ်မှာ ကပ်ပြီးတည်ဆောက်ထားပါတယ်။ Maintenance Free ဘက်ထရီတွေဖြစ်ပြီး တာရှည်အသုံးခံပါတယ်။ ၁ဝ နှစ်ကျော်အထိ အသုံးခံပါတယ်။ တစ်ကြိမ် အားသွင်းထားရင်လည်း အနည်းဆုံး မိုင် ငါးဆယ်လောက်အထိ တစ်ဆက်တည်း သုံးနိုင်ပါတယ်။ ခုနောက်ပိုင်း လျှပ်စစ်ကားတွေမှာ ခရီးမိုင်ဝေးဝေး မောင်းသွားလို့ရနေပါပြီ။ လျှပ်စစ် ကားတွေအတွက် အဓိကလိုအပ်ချက်ကတော့ ဘက်ထရီတွေ အားပြန် သွင်းဖို့ Charging Station ကြီးတွေ ဖြစ်ပါတယ်။
ဘက်ထရီ အားသွင်းရာမှာလည်း ပလပ်ပေါက်ကိုထိုးပြီး အားသွင်း ရတဲ့ Plug-in စနစ်တွေအပြင်၊ ကြိုးမဲ့အားသွင်းနည်း (Wireless Charging) နည်းစနစ်တွေလည်း ရှိပါတယ်။ ကြိုးမဲ့အားသွင်းနည်းက ပါကင်မှာ ကားရပ်ထားပြီး ချာဂျင်သွင်းနိုင်သလို လမ်းပေါ်မှာ ကားသွားနေရင်း လည်း အားပြန်သွင်းနိုင်ပါတယ်။ ဒီနည်းပညာကို ကိုရီးယားနိုင်ငံ၊ အင်္ဂလန်၊ ဂျာမနီနဲ့ အမေရိကန်တို့မှာ အောင်မြင်စွာ အသုံးချနိုင်ပါပြီ။ ခရီးသည်တင် ဘတ်စ်ကားသွားတဲ့ သီးသန့်ပတ်လမ်းကြောင်းမှာ ကားမောင်းရင်း ချာဂျင် အားသွင်းနိုင်အောင် စီစဉ်ထားကြပါတယ်။
လျှပ်စစ်ကားသုံးစွဲမှု နယ်ပယ်တွေ ကျယ်ပြန့်လာပါတယ်။ လူစီးကား တွေ၊ ဘတ်စ်ကားကြီးတွေ ကုန်တင်ထရပ်ကားတွေအထိ သုံးနေကြပါပြီ။ ဂေါက်ကွင်းသုံး လျှပ်စစ်ကား၊ ဖော့ကလစ်ကား၊ ဥယျာဉ်အပန်းဖြေစခန်းသုံး အပျော်စီး လျှပ်စစ်ကားတွေအပြင် လျှပ်စစ်စက်ဘီး၊ လျှပ်စစ်ဆိုင်ကယ်တွေ စကူတာတွေအထိ သုံးနေကြပါပြီ။ လျှပ်စစ်ကားတစ်စီးရဲ့ အသားချက်တွေ ကတော့ ပြုပြင်ထိန်းသိမ်းစရိတ် သက်သာတယ်။ လောင်စာဆီ ကုန်ကျ စရိတ် သက်သာတယ်။ အကောင်းဆုံးရလဒ်ကတော့ မီးခိုး လုံးဝမထွက် တာကြောင့် လေထုညစ်ညမ်းမှု မရှိတော့ပါဘူး။
ရုပ်ကြွင်းလောင်စာတွေ သုံးစွဲမှုဟာ ပတ်ဝန်းကျင် ထိခိုက်စေပြီး ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ရာသီဥတု ပြောင်းလဲလာမှုဖြစ်စဉ်တွေကို အဓိက ဖြစ်စေတဲ့ အကြောင်းတရားဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် တွေနဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို အခုအခါလူသားတို့ လက်တွေ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ နိုင်ငံတကာမှာ ရာသီဥတုပြောင်းလဲမှုတွေ လျော့နည်းစေဖို့ ဖန်လုံအိမ်အာနိသင်ဖြစ်စေတဲ့ ကာဗွန်ထုတ်လုပ်မှု လျှော့ ချရေးကို မူဝါဒချမှတ် လုပ်ဆောင်လာတဲ့အခါမှာ လျှပ်စစ်ကားတွေကို တိုးတက်သုံးစွဲဖို့ တွန်းအားပေးလာပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီ ဥတုပြောင်းလဲမှုတွေကို နိုင်ငံတကာက ပူးပေါင်းတိုက်ဖို့ ကြိုးပမ်းရာမှာ လျှပ်စစ်ကားတွေ တိုးတက်သုံးစွဲရေးက ရှေ့တန်းကို ရောက်လာပါတယ်။
မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေဟာ စျေးကွက်လိုအပ် ချက်အရ လျှပ်စစ်ကားတွေကို အပြိုင်ထုတ်လုပ်လာကြပါတယ်။ Toyota ၊ Mercedes-Benz ၊ Ford ၊ Volvo နဲ့ Nissan စတဲ့ ကားကုမ္ပဏီကြီးတွေက ပိုမိုကောင်းမွန်တဲ့ လျှပ်စစ်ကားတွေ၊ Plug-in Hybrids ကားတွေ၊ လျှပ်စစ် ဘတ်စ်ကားတွေကို ထုတ်လုပ်လာကြတယ်။ လျှပ်စစ်ကားတွေမှာ Nissan Leaf လျှပ်စစ်ကားကို လူကြိုက်များပြီး စျေးကွက်အောင်မြင်မှုရရှိထားတဲ့ လျှပ်စစ်ကားဖြစ်ပါတယ်။ Toyota ရဲ့ Prius လျှပ်စစ်ကားနဲ့ Toyota RAV-4 EV လျှပ်စစ်ကားတွေကလည်း လူကြိုက်များလာတဲ့ လျှပ်စစ်ကားတွေ ဖြစ်ပါတယ်။ ၂ဝ၂၂ ခုနှစ်မှာ လျှပ်စစ်ကားတွေထုတ်လုပ်သုံးစွဲမှုအဆများစွာ တိုးတက်လာမယ်လို့ ကားထုတ်လုပ်ရေးစျေးကွက်မှာ ခန့်မှန်းထားကြပါတယ်။
စက်သုံးဆီချွေတာနိုင်တဲ့အပြင် မြန်မာနိုင်ငံရဲ့ ရာသီဥတုသဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ထုတ်လုပ်ထားတယ်ဆိုတဲ့ တရုတ်နိုင်ငံက နည်းပညာနဲ့ မြန်မာနိုင်ငံမှာ အစီးရေ နှစ်ထောင်ထုတ်လုပ် မယ့် လျှပ်စစ်ကားနှစ်မျိုးဟာ တရုတ်နိုင်ငံ YUEDI နဲ့ မြန်မာနိုင်ငံ KHAING KHAING SANGDA MOTORCAR FACTORY တို့ ပူးပေါင်းပြီး ပထမဆုံး ဖက်စပ်ထုတ်လုပ်တဲ့ ကားတွေ ဖြစ်ပါတယ်။ Green Power Myanmar Co Ltd နဲ့ ဟန်ဂေရီနိုင်ငံမှ Csepel Holding Limited တို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဟန်ဂေရီနိုင်ငံရဲ့ Modulo နည်းပညာအသုံးပြုပြီး လျှပ်စစ်ခရီးသည်တင် ဘတ်စ်ကားတွေကို ပဲခူးတိုင်း၊ သာဂရစက်မှုဇုန်မှာ ထုတ်လုပ်ပြီးနောက် ပြည်တွင်း၊ ပြည်ပကို ရောင်းချသွားမယ်လို့ သိရပါတယ်။ ပြည်တွင်းမှာအသုံးပြုဖို့ လျှပ်စစ်ဘတ်စ်ကား အစီး သုံးရာ ကနေ ငါးရာအထိ ထုတ်လုပ်ပေးသွားမှာဖြစ်ပြီး ပြည်ပပို့ကုန်အတွက် အစီး ခုနစ်ထောင်အထိ ထုတ်လုပ်သွားမယ်လို့လည်း သိရပါတယ်။ မဝေးတော့တဲ့အနာဂတ်ကာလမှာ လျှပ်စစ်ကားတွေက ရေနံလောင်စာ သုံးကားတွေနေရာမှာ ဝင်ရောက်လာပါတော့မယ်။ ကျွန်တော်တို့ရဲ့ အိမ်နီး ချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံကြီးတွေမှာ သန်းပေါင်း များစွာသော ကားတွေကြောင့် အသက်ရှူလို့မရအောင်အထိ မြို့ပြလေထု ညစ်ညမ်းမှုေတွ ြမင့်တက်ေနပါတယ်။ ေလထုညစ်ညမ်းမှုေလျာ့ကျေရးလုပ် နိုင်တာကေတာ့ လျှပ်စစ်ကား၊ လျှပ်စစ်ဆိုင်ကယ်ေတွပဲ ြဖစ်ပါေတာ့တယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here