လေးနှစ်ကျော်သည့် အားကောင်းမလာသေးသည့် မြန်မာပြည်ရောက် CBU Brand New ကားများ

1611

မြန်မာပြည်ရောက် Brand New ကားစျေးကွက်တွင် CBU နှင့် SKD ကားဆိုပြီး နှစ်မျိုးရှိသည်။ CBU ကားဆိုသည်မှာ ပြည်ပတွင် တပ်ဆင် ထုတ်လုပ်ပြီးသားကားကို အလုံးလိုက်တင်သွင်းခြင်း ဖြစ်သည်။ SKD ကတော့ ပြည်ပမှ ကားအစိတ်အပိုင်းများ တင်သွင်းပြီး ပြည်တွင်းတွင် တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ်ခြင်း ဖြစ်သည်။ CBU ကားအများစု မှာ ကမ္ဘာကျော် Brand များဖြစ်သော Mercedes BMW Ford Land Rover  Jaguar  Chevrolet  Peugeot  Volvo Volkswagen Toyota ၊ Mazda ၊ Mitsubishi စသည့်နာမည်ကြီး ကားများ ဖြစ်သည်။ ထိုသို့ မြန်မာပြည် Brand New ကားစျေးကွက်တွင် ကမ္ဘာကျော် Brand များရှိသော်လည်း CBU ကားများအတွက် စျေးကွက် ဝေစုမှာ အလွန်နည်းနေပြီး ရာခိုင်နှုန်းအရကြည့်လျှင် ၄ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိသည်။ မြန်မာနိုင်ငံ၏ ကားပေါ်လစီအရ CBU ဖြင့် တင် သွင်းထားသော ကားများကို အခွန်များစွာကောက်ခံနေခြင်းနှင့် ရန်ကုန် လိုင်စင် မရရှိခြင်းတို့ကြောင့် SKD ကားများနှင့်ယှဉ်လျှင် စျေးကွက်ဝေစု နည်းနေခြင်း ဖြစ်သည်။

တိုင်းပြည်စီးပွားရေးအခြေအနေ ကျဆင်းနေပြီး မော်တော်ယာဉ် ဝယ်ယူအသုံးပြုခွင့်နှင့် ပတ်သက်သည့် မူဝါဒများ အားနည်းနေခြင်းကြောင့် Brand New ကားစျေးကွက်က လေးနှစ်ကျော်သည့်တိုင်အောင် အား ကောင်းလာခြင်း မရှိသေးပေ။ ၂ဝ၁၇ ခုနှစ် မတိုင်ခင်နှစ်များက ဂျပန် တစ်ပတ်ရစ်ကားများကိုသာ အလုံးအရင်း ဝယ်ယူတင်သွင်းကြခြင်းကြောင့် Brand New ကားများအပေါ် အာရုံစိုက်မှုနည်းခဲ့သည်။ ယခုနှစ် မူဝါဒအရ ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ပေးခဲ့ရာ Brand New ကား စျေးကွက် အားသာချက်ရသွားပြီဟု ထင်မှတ်ထားသော်လည်း ရန်ကုန် လိုင်စင်ဖြင့် ကားဝယ်ယူအသုံးပြုခွင့် ပိတ်ထားသည့်အတွက် ကားသစ် စျေးကွက်မှာ ကောင်းမွန်လာခြင်း မရှိခဲ့ပေ။ ကြီးကော်မှ Brand New ကားများ တင်သွင်းရောင်းချရန်အတွက် ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလမှစပြီး ကားသစ် အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချခွင့်ပေးခဲ့သော်လည်း အစိုးရ ပေါ်လစီနှင့် စျေးကွက်အနေအထားအရ လက်ရှိအချိန်အထိ ကားဟောင်း စျေးကွက်နှင့် SKD ကားများသာ အားသာနေပြီး ကားသစ်များ၏ စျေး ကွက်ဝေစုမှာ ၄ ရာခိုင်နှုန်းခန့်သာ ရှိသေးသည်။

မြန်မာနိုင်ငံတွင် Brand New ကားစျေးကွက် အားမကောင်းခြင်းမှာ (၁) ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူ အသုံးပြုခွင့်မရခြင်း၊ (၂) ပြည်ပမှ တင်သွင်းလာသော ကားများကို အခွန်ကောက်ခံရာတွင် ကားသစ်နှင့် ကားဟောင်းခွဲခြားမှုမရှိဘဲ တစ်ပြေးညီကောက်ခံနေခြင်း၊ (၃) နိုင်ငံစီးပွား ရေးအခြေအနေအရ ကားသစ်များ ဝယ်ယူသုံးစွဲနိုင်မည့် လူတန်းစားအနည်း ငယ်သာရှိခြင်း၊ (၄) ဘဏ်စနစ် အားမကောင်းသေးသောကြောင့် နှစ်ရှည် အရစ်ကျစနစ်ဖြင့် ရောင်းချမပေးနိုင်သေးခြင်း၊ (၅) နှစ်ကာလကြာရှည်စွာ ဂျပန်ကားဟောင်းများနှင့် အသားကျခဲ့ပြီး Brand New ကားသစ်များကို အသုံးပြုရန် ကျင့်သားမရသေးခြင်း၊ (၆) မြန်မာကျပ်ငွေ တန်ဖိုးလျော့နည်း လာပြီး နိုင်ငံခြားငွေတန်ဖိုး မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်သည်။

‘‘ကားအသစ် တင်သွင်းရောင်းချရေး လုပ်ငန်းရှင်များအသင်းအနေနဲ့ YVQC စနစ်ကို အမြန်ဆုံးခွင့်ပြုပေးဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဆီ တင်ပြထားပါတယ်၊ အခုအချိန်မှာ အမေရိကန်ဒေါ်လာစျေး တွေမြင့်တက်နေတဲ့အတွက် ပြည်ပကနေ ကားသစ်တွေ တင်သွင်းရောင်း ချဖို့ ခေတ္တရပ်ထားပါတယ်၊ ဒေါ်လာစျေးတွေ မြင့်တက်ပြီး ရန်ကုန်လိုင်စင်နဲ့ လည်း ရောင်းချလို့မရတဲ့အတွက် ကားသစ် တင်သွင်းရောင်းချသူတွေအနေ နဲ့ အခက်အခဲတွေ ရှိနေပါတယ်၊ လက်ရှိမှာ ကားလုပ်ငန်းရှင်တွေအနေနဲ့ ပေါ်လစီတွေ မတည်ငြိမ်တဲ့အပေါ် မော်တော်ယာဉ်မူဝါဒတွေကြားမှာ စိုး ရိမ်ပူပန်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်၊ မော်တော်ယာဉ်တင်သွင်းမှုကြောင့် နိုင်ငံခြားငွေတွေ ထွက်သွားတယ်ဆိုပေမဲ့လည်း မော်တော်ယာဉ်တွေ တင် သွင်းခွင့်ပေးတဲ့အတွက် အစိုးရအနေနဲ့ အခွန်တွေအများကြီး ရရှိပါတယ်၊ ကားသစ်တွေကို ဝယ်ယူအသုံးပြုနိုင်ဖို့အတွက်လည်း ဘဏ်စနစ်တွေ ကောင်း မွန်လာဖို့ လိုပါတယ်’’ဟု ‘Automotive Association of Myanmar  အသင်း’ ဒုဥက္ကဌ ဦးအေးထွန်းက ဆိုသည်။

၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလမှစ၍ ဆယ်စုနှစ်အတော်ကြာ ချုပ်ကိုင် ထားခဲ့သော ကားတင်သွင်းခွင့်များကို ဖြေလျှော့ပေးခဲ့ရာ ရှစ်နှစ်ကျော်ကာ လအတွင်း မြန်မာနိုင်ငံ၏ ကားအစီးရေမှာ တစ်သန်းဝန်းကျင်အထိရှိလာ ခဲ့သည်။ တိုးပွားလာသည့် ကားအစီးရေတွင် Brand New ကားများမှာ  အစီး လေးသောင်းဝန်းကျင်သာရှိ၍ စျေးကွက်ဝေစုတွင် ၄ ရာခိုင်နှုန်းမျှသာ ရှိသေးသည်။ မြန်မာနိုင်ငံတွင် တင်သွင်းထားသည့် ကားအရေအတွက်၏ ၉၅ ရာခိုင်နှုန်းမှာ ဂျပန်နိုင်ငံတွင် ငါးနှစ်မှ ၁ဝ နှစ်အတွင်း အသုံးပြုပြီး သော ကားများဖြစ်သောကြောင့် တစ်ချိန်ချိန်တွင် မြို့ကြီးများ၌ လေထု ညစ်ညမ်းမှုဖြစ်လာမည်ကို စိုးရိမ်ဖွယ် ရှိနေသည်။ ယခင် အစိုးရလက်ထက် တွင် လူတစ်ရာလျှင် အနည်းဆုံး ကားရှစ်စီး ပိုင်ဆိုင်ရမည်ဟူသော ရည် ရွယ်ချက်ဖြင့် လတ်တလော လိုအပ်ချက်ကိုသာကြည့်ကာ ကားတင်သွင်း ခွင့်များပြုခဲ့ရာ နိုင်ငံတကာမှ Recondition မဟုတ်သော အရည်အသွေး နိမ့်ကားများလည်း အလုံးအရင်း ဝင်လာခဲ့သည်။ ထို့ပြင် ပြည်ပမှတင် သွင်းလာသောကားများအား အခွန်ကောက်ခံရာတွင် Invoice Value  အပေါ် မူတည်နေရာ ကားဟောင်းနှင့် ကားသစ်အကြား မူရင်းတန်ဖိုး အဆမတန်ကွာဟနေသဖြင့် အများစုမှာ စျေးနှုန်းသက်သာသော ကား ဟောင်းစျေးကွက်သို့သာ ဦးတည်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၃ သန်းကျော်ရှိပြီး မှတ်ပုံတင်ပြုလုပ် ထားသည့် ကားအရေအတွက်မှာ တစ်သန်းဝန်းကျင်သာရှိသဖြင့် လူဦးရေ နှင့်ချိန်ဆလျှင် ကားအရေအတွက်မှာ များစွာလိုအပ်နေသေးသည်။ အစိုးရ အပြောင်းအလဲနှင့် နိုင်ငံတကာ စျေးကွက်စီးပွားရေး ဖွင့်ပေးလိုက်သည့် အခြေအနေတွင် Brand New Car Dealer များကလည်း ဝင်ရောက် ရင်းနှီးမြှုပ်နှံလာကြသည်။ တစ်ချိန်ချိန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုနှင့်အတူ ကောင်းမွန်သည့် ပေါ်လစီများလည်း ပေါ်ထွက်လာ မည်ဟု အထင်ဖြင့် ပြည်ပ ကားလုပ်ငန်းရှင်များက လာရောက်ရင်းနှီးမြှုပ် နှံခဲ့သော်လည်း ထင်သလိုဖြစ်မလာခဲ့ဘဲ အရံှုးများနှင့်သာ ရပ်တည်နေရ သည်။ မြန်မာနိုင်ငံတွင် Brand တစ်ခုကို Distributor နှင့်ဖြစ်စေ၊ Dealer နှင့်ဖြစ်စေ Showroom ဖွင့်ပြီး တင်သွင်းရောင်းချမည်ဆိုပါက Brand အပေါ်မူတည်ပြီး ဒေါ်လာသန်းနှင့်ချီကာ ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။

Brand New Showroom များပျောက်ကွယ်သွားပြီး ကားသစ်ဝယ်လို အား မရှိတော့ပါက Automobile Industry လည်း ပေါ်ပေါက်လာတော့မည် မဟုတ်သလို အခြားနိုင်ငံများနှင့်ယှဉ်လျှင်လည်း စက်မှုဖွံ့ဖြိုးတိုးတက်မှု  နောက်အကျဆုံးနိုင်ငံအဖြစ် ကျန်ရှိနေဦးမည်ဖြစ်သည်။ အစိုးရအနေဖြင့် Automobile Industry တိုးတက်ရန်အတွက် ကားအသစ်များကို အလေး ပေးသည့် ပေါ်လစီချမှတ်မည် ဆိုပါကလည်း ကားဟောင်းစျေးကွက်မှာ ပျောက်ကွယ်သွားမည် မဟုတ်ပေ။ စက်ရုံကထုတ်လုပ်ခဲ့သည့် ကားတစ်စီး ဖြစ်စေ၊ Showroom များမှရောင်းချခဲ့သော Brand New ကား တစ်စီး ဖြစ်စေ နှစ်အနည်းငယ်ကြာလာသည်နှင့်အမျှ ကားဟောင်းအဖြစ်နှင့် ကား ဟောင်းစျေးကွက်အတွင်း ပြန်ဝင်လာမည်ဖြစ်သည်။ သို့ဖြစ်၍ အစိုးရ သစ်အနေဖြင့် အခြားနိုင်ငံများမှ ကားဟောင်းများကို မတန်တဆစျေး ဖြင့် ဝယ်ယူတင်သွင်းခွင့်ပေးမည့်အစား ပြည်တွင်းထုတ်ကားသစ်တစ်စီးမှ ဟောင်းသွားသော ကားဟောင်းတစ်စီးကို စျေးနှုန်းသက်သက်သာသာဖြင့်  လူလတ်တန်းစားစီးနိုင်အောင် ဆောင်ရွက်သင့်ပေသည်။ ရန်ကုန်လိုင်စင် ဖြင့် ကားဝယ်ယူတင်သွင်းခွင့်ပိတ်ထားခြင်းကြောင့် Brand New ကား တစ်စီးကို ရန်ကုန်လိုင်စင်ရယူလိုပါက တစ်ပတ်ရစ်ကားများကဲ့သို့ ကား ဟောင်းစလစ်ကပ်ပြီး ပါမစ်လျှောက်ရသည့် ပေါ်လစီမှာလည်း လွဲမှား လျက်ရှိရာ အစိုးရအနေဖြင့် ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ ဝေဖန်မှုများကို ကြုံတွေ့နေရသည်။ ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူအသုံးပြုခွင့် YVQC စနစ် ဖော်ဆောင်ရန်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ကြားတွင် သဘောထားမှတ်ချက် ကိုက်ညီမှုမရှိသဖြင့် မူဝါဒထွက်ပေါ် လာရန် ကြန့်ကြာနေဦးမည်ဖြစ်သည်။ ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူ အသုံးပြုခွင့် မရရှိသေးသရွေ့ Brand New ကားစျေးကွက်မှာ အား ကောင်းလာဦးမည်ဟုတ်သလို မြန်မာနိုင်ငံ၏ Car Industry ဖွံ့ဖြိုးတိုး တက်မှုမှာလည်း နောက်ကျကျန်နေဦးမည် ဖြစ်ပေသည်။

လက်ရှိချမှတ်သော ကားမူဝါဒများအရ ပြည်ပမှ ကားတင်သွင်းမှု ထက် ပြည်တွင်း၌ ကားထုတ်လုပ်မှုကို ဦးစားပေးထားသည်မှာ ရေရှည် Car Industry ဖွံ့ဖြိုးတိုးတက်ရန်အတွက် မှန်ကန်သည်ဟု ဆိုသော်လည်း ကမ္ဘာကျော်ကားကုမ္ပဏီများ ဝင်ရောက်လာစေရန်အတွက် တင်သွင်းမှု နှင့် ထုတ်လုပ်မှုကြား အခွင့်အရေးပေးမှုကို မျှတရန်လိုအပ်သည်။ နာမည် ကြီး Car Brand တစ်ခုအနေဖြင့် နိုင်ငံတစ်နိုင်ငံတွင် CBU ဖြင့် တစ်နှစ် လျှင် အနည်းဆုံး အစီးတစ်သောင်းကျော် ရောင်းချနိုင်မှသာလျှင် ထိုနိုင်ငံ ၌ စက်ရုံတည်ထောင်ပြီး ကားထုတ်လုပ်မှုကို စိတ်ဝင်စားလာမည် ဖြစ် သည်။ သို့မဟုတ်ဘဲ တစ်နှစ်လျှင် အစီးရာဂဏန်းသာ ရောင်းချနိုင်မည် ဆိုပါက ထိုနိုင်ငံတွင် ရေရှည်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်မဟုတ်ပေ။ အစိုးရ အနေဖြင့် ကားမူဝါဒများ ချမှတ်ရာတွင် ထုတ်လုပ်မှုလမ်းစဉ်ကို ဦးစားပေး မည်ဆိုပါက ကမ္ဘာကျော် Brand များ ရင်းနှီးမြှုပ်နှံမှုပြုလုပ်လာရန် ကနဦး အနေဖြင့် ပြည်ပမှတင်သွင်းသော CBU ကားများအတွက်လည်း  အထိုက် အေလျာက် ေြဖေလျှာ့မှုများ ြပုလုပ်ေပးသင့်သည်ဟု ယူဆမိပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here