လေးခုမြောက်  Hyundai Showroom အသစ် နေပြည်တော်တွင်   ဖွင့်လှစ်

1026

ရန်ကုန်၊ ဧပြီ

International KLM ကုမ္ပဏီလီမိတက်၏ လေးခုမြောက် Hyundai Showroom ကို ဧပြီ ၁ ရက်က ဘောဂသီရိကားဝင်းအနီး၊ ပျဉ်းမနားမြို့၊ နေပြည်တော်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Hyundai Car Showroom ကို ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင်မြို့များတွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ ယခု လေးခုမြောက် Showroom အသစ်ကို စျေးကွက်ဝယ်လိုအားကောင်းသည့် နေပြည်တော်တွင် ထပ်မံဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

”မြန်မာနိုင်ငံရဲ့ ကားစျေးကွက်အခြေအနေတွေ လေ့လာပြီးမှ Hyundai Car Showroom ကို နေပြည်တော်မှာ ဖွင့်လှစ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်၊ နေပြည်တော်က ကားစျေးကွက်ဝယ်လိုအားကောင်းတဲ့ မြို့တစ်မြို့ဖြစ်ပြီး Hyundai ကားသစ်အစီးတစ်ရာကျော်ကိုလည်း ဝယ်ယူ အသုံးပြုထားပါတယ်”ဟု ‘Hyudai Car Showroom (နေပြည်တော်)’ CEO  ဦးဇော်ထိုက်အေးက ပြောသည်။

International KLM Co.,ltd  မှ နေပြည်တော် Hyundai Car Showroom တွင် Brand New ကားသစ်များ ဖြစ်သည့် SantaFe ကို အမေရိကန်ဒေါ်လာ ၆၃,၇ဝဝ ၊ Sonata ကို အမေရိကန် ဒေါ်လာ ၄၄,၁ဝဝ ၊  Tucson 4WD ကို အမေရိကန်ဒေါ်လာ ၄၇,ဝဝဝ နှင့် 2WD ကို အမေရိကန်ဒေါ်လာ ၄၃,၅ဝဝ၊ Creta ကို အမေရိကန် ဒေါ်လာ ၃၄,၃ဝဝ၊ Elentara Standard Grade ကို အမေရိကန်ဒေါ်လာ ၃၂,၆ဝဝ နှင့် Luxury Grade ကို အမေရိကန်ဒေါ်လာ ၃၅,၇ဝဝ၊ H-100 ကို အမေရိကန် ဒေါ်လာ ၁၈,၄ဝဝ၊ Grand i10 Standard Grade ကို အမေရိကန် ဒေါ်လာ ၁၉,၇ဝဝ နှင့် Luxury Grade ကို အမေရိကန်ဒေါ်လာ ၂ဝ,၈ဝဝ၊ H-1 Auto Gear ကို အမေရိကန်ဒေါ်လာ ၃၄,၁ဝဝ နှင့် Manual Gear ကို အမေရိကန် ဒေါ်လာ ၂၈,ဝဝဝ တို့ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ အရစ်ကျစနစ်ဖြင့် ဝယ်ယူမည့်သူများကို ကုမ္ပဏီ၏ အစီအစဉ်ဖြင့် ၂ဝ ရာခိုင်နှုန်း၊ သို့မဟုတ် ၃ဝ ရာခိုင်နှုန်း ကနဦးပေးသွင်းပြီး ဝယ်ယူနိုင်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here