လောကတွေထဲက မော်တော်ယာဉ်တို့၏ အရှိန်အဝါများ

652

လောကတွေထဲက မော်တော်ယာဉ်တို့၏ အရှိန်အဝါများဆိုတော့ ဘာကိုပြောချင်တာ ပါလိမ့်ဟု တွေးကြမည် ထင်သည်။ မော် တော်ယာဉ်ဆိုတာကတော့ မော်တော်ကား တွေကို ပြောတာဖြစ်သည်။ အရှိန်အဝါ ဆို တာကတော့ သြဇာ၊ အရှိန်အဝါ၊ ဂုဏ် သိက္ခာ၊ တန်ဖိုး၊ အထင်ကြီးစရာ၊ လေးစား စရာကိစ္စကိုပဲ တွေးစရာကျန်သည်။ လောက တွေဆိုတော့ လောကတွေ ဘယ်လောက် တောင်များသလဲ၊ လောကဘယ်လောက်ရှိ သလဲ။ မြတ်စွာဘုရားဟောထားတာ လောက သုံးပါးပဲရှိသည်။ သတ္တလောက၊ သင်္ခါရ လောကနှင့် သြကာသလောကတို့ဖြစ်သည်။

သတ္တလောကဆိုတာ လူနှင့် တိရစ္ဆာန် အပါအဝင် အသက်ရှိသော သတ္တဝါများ အားလုံးသည် သတ္တလောကဖြစ်သည်။ သင်္ခါရလောကသည် ဖြစ်၊ ပျက်၊ ပြုပြင်၊ ပြောင်းလဲဖြစ်စဉ်အားလုံး ဖြစ်သည်။ သြ ကာသ လောကသည် တော၊ တောင်၊ ရေ၊ မြေ၊ သစ်ပင်နှင့်၊ ကြယ်၊ လ၊ နက္ခတ်တာ ရာ စသည့် အာကာသ(Space) ဟင်းလင်း ပြင်ကြီးထဲက ဆိုလာအစုအဖွဲ့အစည်းကြီး ဖြစ်သည်။ အဲဒီ သတ္တလောက၊ သင်္ခါရလော က၊ သြကာသလောကဆိုသည့် လောက သုံးပါးကလွဲပြီး အခြားတစ်ပါးမရှိလို့ မြတ် စွာဘုရား ဟောတော်မူခဲ့သည်။ မှန်ပါ သည်။ မြတ်စွာဘုရား ဟောကြားတော်မူ တာဖြစ်လို့ မှန်သည်ပြောတာမဟုတ်။ မှန် တာကို မြတ်စွာဘုရားက ဟောခဲ့တာဖြစ်သည်။

ကျွန်တော်ပြောချင်သည့် လောက သည် မော်တော်ယာဉ်တွေအကြောင်းပြော မည် ဖြစ်လို့ လူသားတွေ ပါဝင်နေသည့် သတ္တလောကအကြောင်း တစ်ခုတည်းကိုပဲ ပြောမည် ဖြစ်သည်။ သတ္တလောကမှာ တောင် မော်တော်ကားနှင့် မကင်းနိုင်သည့် လူသားလောကထဲက မော်တော်ကားတွေ အကြောင်းပြောမည် ဖြစ်သည်။ သတ္တ လောကမှာ ပါဝင်နေသည့် တိရစ္ဆာန် အကြောင်းကိုတော့ ပြောမည်မဟုတ်ပါ။ သို့သော် တိရစ္ဆာန်ကိုသယ်ယူသည့် စက် တပ်ယာဉ်အမျိုးမျိုး ရှိနိုင်သည်။ ကျွန် တော် အတိအကျမသိပါ။ ကျွန်တော်က သငေ်္ဘာသားဖြစ်လို့ တိရစ္ဆာန်တွေကိုသယ် ယူသည့်ယာဉ်အမျိုးမျိုးတွေထဲက သငေ်္ဘာ အကြောင်းကိုသာ သိပါသည်။ ဗဟုသုတ အဖြစ် အနည်းငယ် ပြောပြချင်သည်။

သငေ်္ဘာအမျိုးမျိုးရှိသည်။ မော်တော် ကားတွေကိုသာ တင်သည့် သငေ်္ဘာကို ကားကယ်ရီယာလို့ခေါ်သည်။ အထွေထွေ ကုန်မျိုးစုံတင်သငေ်္ဘာကို ဂျင်နရယ်ကာဂို၊ ကုန်သေတ္တာတင်သငေ်္ဘာကို ကွန်တိန်နာ၊ အမှုန့်/အခဲတင်သငေ်္ဘာကို ဘက်ခ်ကယ်ရီ ယာ၊ အရည်အငွေ့တင် သငေ်္ဘာကို တင်ကာ၊ သားစိမ်း/ငါးစိမ်းနှင့် အသီးအရွက် တင် သငေ်္ဘာကို ရီဖာ(Refrigerator ကို အတိုကောက်ခေါ်တာဖြစ်သည်)၊ သစ်လုံး တွေတင်သည့်သငေ်္ဘာကို လော့ခ်ကယ်ရီ ယာ စသည်ဖြင့်ခေါ်သည်။ တိရစ္ဆာန်တင် သငေ်္ဘာကို ကက်တယ်လ်ကယ်ရီယာ (Cattle Carrier) လို့ ခေါ်သည်။ ကက် တယ်လ်ဆိုတာ ကျွဲ၊ နွားလို့ အဓိပ္ပာယ်ရ သော်လည်း ကက်တယ်လ်ကယ်ရီယာများ သည် ကျွဲ၊ နွားများကိုသာမက သိုးဆိတ် များကိုလည်း တင်ပါသည်။ ကျွဲ၊ နွား၊ သိုး၊ ဆိတ်အရှင်များကို တင်ယူ၊ သယ်ပို့ရ သည့် သငေ်္ဘာသည် ပုံစံတစ်မျိုးဖြင့် တည်ဆောက်ထားသည်။ ကျွဲ၊ နွားကဲ့သို့ အကောင်ကြီးများကို သငေ်္ဘာဝမ်းဗိုက်၏ အနိမ့်ပိုင်းတွင်ထားသည်။ တစ်ကောင်ချင်း ချောင်ချိစွာနေနိုင်သည့် အကာအရံဖြင့် ထားသည်။ သိုး၊ ဆိတ်တို့ကိုမူ အပေါ် ထပ်မှာ အုပ်စုလိုက်နေနိုင်သည့် ကျယ်ဝန်း သောကုန်းပတ်တွေပေါ်မှာ လှိုင်းလှုပ်သော် လည်း ပြုတ်မကျနိုင်သည့် အကာအရံဖြင့် ထားသည်။ တိရစ္ဆာန်တို့၏ အညစ်အကြေး တွေကို နေ့စဉ် ဆေးကြောသန့်ရှင်းပေးရ သော်လည်း အညစ်အကြေးတွေ ရေထဲ (ပင်လယ်ထဲ)ကို မကျအောင် အထူးဂရုစိုက် ပြီး လုပ်ရသည်။ သယ်ယူပို့ေဆာင်ခစရိတ် အလွန်ြကီးသည်။

သတ္တလောကထဲမှာ မလွဲမရှောင်သာ ပါဝင်နေသည့်၊ တိရစ္ဆာန်တို့နှင့် ပတ်သက် နေသည့်ယာဉ်ရထား(သငေ်္ဘာ) အကြောင်း ကို ဗဟုသုတအဖြစ် ပြောပြီးဖြစ်လို့ လူ့ လောကအကြောင်း ပြောတော့မည်။ လူ့ လောကမှာတောင် မော်တော်ယာဉ်နှင့်ပတ် သက်နေတာက လောကီ လူ့ဘောင်ကလူ တွေသာမက သာ့သနာဝန်ထမ်းရဟန်းတော် များပါ ပါနေသည်။ ရဟန်းတော်များအတွက် ကလည်း မော်တော်ယာဉ်တွေလိုအပ်သည့် အတွက် စီစဉ်ပေးထားရသည်။

အထက်က ပြောခဲ့သည့်အတိုင်း ပြောချင်တာက လော ကသုံးပါးအကြောင်း မဟုတ်။ လူ့လောက ထဲက မော်တော်ကားတွေရဲ့ အရှိန်အဝါများ အကြောင်းသာ ဖြစ်သည်။ လူ့လောကမှာ တော့ ချမ်းသာသည့်လူတန်းစား၊ အလယ် အလတ်လူတန်းစားနှင့် ဆင်းရဲသားများဟူ ၍ ကွဲပြားသည်။ ချမ်းသာသူများက မော် တော်ကား အကောင်းစားများကို စီးနိုင်ကြ သည်။ အလယ်အလတ်တန်း လူတန်းစား ကတော့ ကားစီးနိုင်လျှင်တောင် ေအာက်ကားလို့ခေါ်ကြသည့် သိန်းတစ်ရာကျော် တန်၊ နှစ်ရာတန်ကားတွေလောက်ကိုပဲ စီး နိုင်ကြသည်။ ဒါတောင် လူတိုင်းစီးနိုင်ကြ သည်မဟုတ်။ ကားစီးနိုင်သူရာနှုန်းက နည်း သည်။ ဆင်းရဲသား လူတန်းစားကတော့ ကားဝယ်စီးနိုင်သူများ မဟုတ်သည့်အတွက် သူတို့ပိုင်ကား၏ အရှိန်အဝါအကြောင်းကို ပြောစရာစကားမရှိ ဖြစ်သွားသည်။ ဒါဆို လျှင် လူတန်းစားနှင့် မော်တော်ကားအရှိန် အဝါအကြောင်း ပြောစရာစကား များများ စားစားမရှိသလို ဖြစ်သွားသည်။

မြန်မာနိုင်ငံမှာ ရှင်ဘုရင်မရှိသည့်အတွက် တော်ဝင်မိသားစုလောကအကြောင်း ပြောစရာမလိုဖြစ်သွားသည်။ တော်ဝင်မိသား စုရှိသည်ဆိုလျှင်တော့ ရှင်ဘုရင်နှင့် မိဘုရား လောကမှာ သူတို့လောကသားတွေနှင့် ထိုက်တန်သည့် အဖိုးတန်မော်တော်ကား တွေကို သုံးတော့မည်ဖြစ်သည်။ အနိမ့်ဆုံး Rolls-Royce မော်တော်ကားလောက်ဖြစ် မည်။ ဘရူနိုင်းဘုရင်၏ Rolls-Royce ကားသည် တစ်ကိုယ်လုံး ရွေသားအတိဖြင့် ပြုလုပ်ထားသည်ဟု ကြားဖူးသည်။ မြန်မာနိုင်ငံမှာ ဘုရင်လောကမရှိသည့်အတွက် Rolls-Royce ထက် အဆင့်မြင့်သည့် မော်တော်ကားတွေအကြောင်းလည်း ပြော စရာမလို ဖြစ်သွားသည်။

မြန်မာနိုင်ငံမှာ ချမ်းသာသူများ ရှိနေ သည့်အတွက် ကားကောင်းစီးနေသူတွေရှိ သည်။Rolls-Royce စီးနိုင်သူ သူဌေး တစ်ဦးရှိသည်ဟု ကြားဖူးသည်။ မြန်မာ သူဌေးတွေ အများဆုံးစီးကြသည့် ဥရောပ နှင့် အမေရိကန်ကားတွေကတော Mercedes ၊ Jaguar ၊ Renault ၊ Fiat ၊ Ford ၊ Cadillac ၊ Pre-sident ၊ Lincoln ဆိုတာတွေလောက်သာ တွေ့ဖူးသည်။ အဲဒီကားမျိုးတွေ စီးနိုင်သည့် သူဌေးသည် သူဌေးလောကမှာ မျက်နှာ မငယ်ရသူ ဖြစ်သည်။ ကားအမျိုးအစား တွေရဲ့ အရှိန်အဝါကြောင့် အထင်မသေးရဲ ဖြစ်နေသည်။ သူဌေးအများစု စီးနေကြတာ ကတော့ ဂျပန်နိုင်ငံလုပ် အကောင်းစားကား တွေ ဖြစ်သည်။ တိုယိုတာစီးရီးစ်ထဲက Land Cruiser ၊ Lexus လောက်စီးနိုင်လျှင် မျက်နှာမငယ်တော့ဘူးလို့ မြန်မာသူဌေး လောကမှာ ခံယူထားကြသည်။ ကျွန်တော့် မိတ်ဆွေ သူဌေးတစ်ယောက်သည် အမေ ရိကန်လုပ် Hummer ကားကို စီးချင်နေ သည်။ ဆီစားလွန်းသည်။ တစ်ဂါလန်ကို ၁ဝ မိုင်မျှသာရသည်ဆိုလို့ မိသားစုက ကန့်ကွက်တာကြောင့် အဲဒီကားကို မစီးနိုင် သေးဖြစ်နေသည်။ အဲဒီကားရဲ့ အရှိန်အဝါ ကိုသုံးပြီး သူဌေးလောကမှာ ဝင်ဆံ့ချင်တာ ဖြစ်သည်။

ကျွန်တော့်အသိ စိန်ပွဲစား၊ အိမ်ပွဲစား တစ်ယောက်ရှိသည်။ သူတို့လင်မယားသည် အိမ်ကထွက်လျှင် အငှားယာဉ်ဖြင့်ထွက်ခဲ့ ကြသည်။ လင်က အိမ်၊ ခြံ၊ မြေပွဲစား၊ မ ယားက စိန်၊ ရွေ ရတနာပွဲစား။ လင်မယား မြို့ပတ်နေကြသည်။ အလုပ်အကိုင်အဆင် ပြေသည့်အခါ ကိုယ်ပိုင်ကားဖြင့်ပတ်သည်။ Publica ၊ Sunny Pick-up မှစပြီး Toyota Corolla ဖြစ်လာခဲ့သည်။ မော်တော်ကား တွေ စျေးအကျမှာ Mark ll(ရွေငါး) တစ်စီး ဝယ်စီးနိုင်ခဲ့ကြသည်။ ကားကောင်း စီးချင် နေကြသည်။ ဒီကားထက်ကောင်းတဲ့ ကား ကို စီးနိုင်အောင်ကြိုးစားနေကြသည်။ သူတို့ ပြောတာ ဗဟုသုတရစရာ ဖြစ်နေသည်။

‘‘အရောင်းကြီး၊ အဝယ်ကြီး လုပ်တဲ့ အခါ ကိုယ်စီးလာတဲ့ မော်တော်ကားရဲ့ အ ရှိန်အဝါက သိပ်စကားပြောတယ်၊ တက္ကစီ နဲ့လာတယ်ဆိုရင် စကားတောင် လက်ခံ ပြီး ပြောမှာမဟုတ်ဘူး’’

လောကတွေထဲက မော်တော်ကားတို့ ၏ အရှိန်အဝါအကြောင်း တစ်ခု သိခွင့်ရ လိုက်သည်။ ကျွန်တော်နှင့်ရင်းနှီးသည့် စာ တတ်၊ ပေတတ် ဆရာတော်တစ်ပါးရှိသည်။ ဆရာတော်သည် ကျွန်တော်နှင့် စာရေး ဆရာတစ်ယောက်ကိုခေါ်သွားပြီး သူ့မွေးဇာ တိရွာမှာ စာပေဟောခိုင်းသည်။ သူ ထူ ထောင်ထားသည့် စာကြည့်တိုက်ဖွင့်ပွဲလုပ် တာဖြစ်သည်။ သူ့မွေးရပ်မြေကို ကျေးဇူး ဆပ်သည့်အနေဖြင့် စာကြည့်တိုက်ထူထောင် ပေးထားတာ ဖြစ်သည်။ စာရေးဆရာနှစ်ဦး ကို သူ့ပိုင်မော်တော်ကားဖြင့် သူ့ရွာကို ခေါ် ယူသွားသည်။ ဆရာတော်က ကျွန်တော့် စာဖတ်ပရိသတ်ဖြစ်နေသည်။

‘‘ကျုပ်က ဒီလှိုင်းဂျာနယ်ရောက်လာ ရင် ဒကာကြီးရဲ့ဆောင်းပါးကို အရင်လှန် ဖတ်တယ်၊ အော်တိုမိုဘိုင်းဂျာနယ်ထွက်တဲ့ နေ့ဆိုရင် ဒကာကြီးဆောင်းပါးပါသလား လှန်ကြည့်တယ်၊ ပါမှဝယ်တယ်’’

‘‘ဆရာတော်က အော်တိုမိုဘိုင်းဂျာ နယ်လည်း ဖတ်သလားဘုရား’’

‘‘ဖတ်တယ် ဒကာကြီး၊ ကားစျေးတွေ သိချင်လို့ပါ၊ လင်ခရူဇာဝယ်ချင်လို့’’

‘‘ဒီကားလည်း ကောင်းသားပဲ၊ ဒါ ဘာကားလဲဘုရား’’

‘‘ဆာ့ဖ်ဒကာကြီး၊ ဒီကားကိုပြန်ထုတ် ပြီး လင်ခရူဇာ ဝယ်မယ်လို့ ဆုံးဖြတ်ထား တယ်၊ ဘုန်းကြီးလောကမှာလည်း လင်ခရူ ဇာလောက် စီးနိုင်မှ ဂုဏ်ရှိတယ်၊ လင်ခရူ ဇာချင်း တူတာတောင် အဝါရောင် သာနံ ပါတ်နဲ့ နံပါတ်အနက် ဂုဏ်ချင်းမတူသေး ဘူး၊ နံပါတ်အနက် စီးနိုင်တဲ့ ဘုန်းကြီးက အရှိန်အဝါပိုကြီးတယ်၊ တောရွာတွေက အလှူဖိတ်တဲ့ ဒကာတွေကအစ၊ လင်ခရူ ဇာစီးပြီး ကြွလာတဲ့ဆရာတော်ကို တလေး တစား ကြိုဆိုတယ်၊ အနိမ့်ကားစီးပြီး ကြွ လာတဲ့ဆရာတော်ကို ခပ်ပေါ့ပေါ့ ကြိုဆို တယ်၊ လိုင်းကားစီးလာတဲ့ ကိုယ်တော် ကတော့ မျက်နှာငယ်ရတာပေါ့’’

လောကအသီးသီးက မော်တော်ယာဉ် တို့ရဲ့ အရှိန်အဝါဟာ တယ်ထူးခြားပါလား လို့ တွေးမိသည်။ ဆရာတော် အမိန့်ရှိမှ သာနံပါတ်နှင့် နံပါတ်အနက်တောင် မတူ ဆိုတာကို သိခွင့်ရလိုက်သည်။

အဏ္ဏဝါစိုးမိုး

 

LEAVE A REPLY

Please enter your comment!
Please enter your name here