လေယာဉ်ပျံဖင်ပိုင်းတပ်ပြီး ပျံသန်းဖို့ ကြိုးစားခဲ့တဲ့ AVE MIZAR ကားပျံ

1040
Page(Test)

သမိုင်းတစ်လျှောက် မော်တော်ကားကို လေထဲပျံသန်းဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့သူတွေထဲမှာ အမေရိကန်ဖွား ပိုလန်လူမျိုး  Henry Smolinski လည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။ ၁၉၃၃ ခုနှစ်မှာမွေးဖွားခဲ့တဲ့ Smolinski ဟာ Northrop Institute of Technology က လေကြောင်း အင်ဂျင်နီယာဘွဲ့ရပြီးနောက် လေထဲပျံသန်းနိုင်တဲ့ကား တီထွင်ဖို့ ကျောင်း နေဘက်သူငယ်ချင်း Hal Blake နဲ့ Advanced Vehicle Engineers အမည်ရှိ ကုမ္ပဏီကို ၁၉၇၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ Smolinski ရဲ့ ကားပျံဖန်တီးဖို့ အယူအဆက ရိုးရိုးရှင်းရှင်းပဲဖြစ်ပြီး ပုံမှန်ကားတစ်စီးကို လေယာဉ်ပျံအငယ်စားနဲ့ တွဲဆက်ပြီး လေထဲမှာ ပျံသန်းဖို့ပါပဲ။ အဲဒီအယူအဆကို ကောင်အထည်ဖော်ဖို့ Ford Pinto ကားနဲ့ Cessna Skymaste လေယာဉ်ပျံတို့ကို Smolinski ရွေးချယ် ခဲ့ပါတယ်။ ပထမဆုံး Skymaster လေယာဉ်ပျံရဲ့ ခရီးသည်ခန်းနဲ့ ရှေ့အင်ဂျင်ကို ဖြတ်တောက်ဖယ်ရှားပြီး ကျန်တဲ့ Skymaster ဖင်ပိုင်းကို Ford Pinto ကားပေါ်မှာ Self-locking Pin လေးချောင်းနဲ့ တွဲဆက် တပ်ဆင်ခဲ့တာပါ။ ပျံသန်းမောင်းနှင်ရေးအတွက် ဘယ်၊ ညာ ချိုးကွေ့ဖို့ စတီယာရင်လက်ကိုင်၊ လေယာဉ်ဘီး အတင်အချအတွက် Elevator ၊ လေယာဉ်ပျံ ပဲ့ထိန်းတက်မ (Rudder)ကို ထိန်းချုပ်ဖို့ ခြေနင်းခလုတ်နဲ့ ပျံသန်းမှု အချက်ပြဒိုင်ခွက်တွေကို Ford Pinto ကားဒက်ရှ်ဘုတ်မှာ တပ် ထားပါတယ်။ လေထဲပျံသန်းပြီးနောက် လိုရာခရီးဆင်းသက်ပြီးတဲ့အခါ Ford Pinto ကားကို လေယာဉ်ပျံဖင်ပိုင်းနဲ့ တွဲဆက်ထားရာကနေဖြုတ် ပြီး ပုံမှန်ကားလို မောင်းနိုင်မှာ ြဖစ်ပါတယ်။

Smolinski ဟာ မိမိတီထွင်ခဲ့တဲ့ ကားပျံအတွက် Big Dipper ကြယ်စင်စုထဲက ဒုတိယအကြီးဆုံးကြယ် Mizar ကို ကုမ္ပဏီအမည် အတိုကောက်နဲ့ပေါင်းစပ်ပြီး AVE Mizar လို့ မှည့်ခေါ်ခဲ့ပါတယ်။ AVE Mizar ကို လေထဲစတင်ပျံသန်းတဲ့အခါ ပြေးလမ်းကြောင်းမှာ အရှိန်ယူရ သက်သာအောင် ကားအင်ဂျင်နဲ့ လေယာဉ်ပျံအင်ဂျင် နှစ်မျိုးစလုံး အသုံး ပြုပြီး လေထဲရောက်ရင်တော့ ကားအင်ဂျင် ပိတ်လို့ရပါတယ်။ AVE Mizar ဟာ အမြင့်ဆုံးအမြင့်ပေ ၁၂,ဝဝဝ ကနေ တစ်နာရီ မိုင် ၁၃ဝ အရှိန်နှုန်းနဲ့ မိုင်တစ်ထောင်ကျော် ပျံသန်းနိုင်ပြီး ပြန်ဆင်းတဲ့အခါ ကားရဲ့ လေးဘီးယက် ဘရိတ်စနစ်ကြောင့် ပြေးလမ်းပေါ်မှာ ပေ ၅၃ဝ အတွင်းရပ် တန့်သွားမယ်လို့ Smolinski က ထုတ်ဖော်ပြောခဲ့သလို လူတိုင်းလွယ် လွယ်ကူကူ ပျံသန်းမောင်းနှင်နိုင်တဲ့ AVE Mizar တစ်စီးကို အမေရိကန် ဒေါ်လာ ၁၈,၃ဝဝ နဲ့ ၂၉,ဝဝဝ ကြားစျေးနှုန်းနဲ့ ထုတ်လုပ်ရောင်းချသွား မယ်လို့ ကြေညာခဲ့ပါတယ်။ ပထမဆုံး AVE Mizar ကို ၁၉၇၃ ခုနှစ်၊ သြဂုတ် ၂၆ ရက်မှာ လေယာဉ်မှူး Charles ‘Red’ Janisse က Camarillo  လေဆိပ်မှာ စမ်းသပ် ပျံ သန်းခဲ့ပေမဲ့ လေထဲရောက်ပြီး မကြာ ခင် လေယာဉ်ညာတောင်ပံ ဒေါက်တန်း (Strut) ပြုတ်ထွက်သွားလို့ အနားက ပဲခင်းထဲ ထိုးဆင်းပြီး လေယာဉ်ကွင်းဆီ ပြန်မောင်းလာခဲ့ရပါ တယ်။ စက်တင်ဘာ ၁၁ ရက်မှာ တီထွင်သူ Smolinski နဲ့ သူ့ပါတနာ Blake တို့ကိုယ်တိုင် အင်ဂျင်ပြောင်းလဲထားတဲ့ ဒုတိယမြောက် AVE Mizar ကို ထပ်မံစမ်းသပ်ပျံသန်းခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း လေယာဉ်ညာတောင်ပံ ဒေါက်တန်း(Strut) ထပ်ပြုတ်သွားခဲ့တာကြောင့် AVE Mizar ပျက်ကျသွားပြီး မောင်းနှင်သူနှစ်ဦးစလုံး သေဆုံးသွားခဲ့ သလို ကုမ္ပဏီလည်းပိတ်သွားခဲ့ပါတယ်။ အမေရိကန်လေကြောင်းပို့ဆောင် ရေးလုံခြုံမှုဘုတ်အဖွဲ့က AVE Mizarဟာ ခရီးသည်နဲ့ လောင်စာဆီတို့ မပါချိန်မှာတောင် စုစုပေါင်းအလေးချိန်များပြားနေခဲ့ပြီး ဂဟေဆက်ရာ မှာ မသေသပ်မှု၊ ဆိုးရွားတဲ့ ဒီဇိုင်းတို့ကြောင့် ပျက်ကျခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here