‘လေပင့်အားထိန်းတောင်ပုံ သမိုင်းကြောင်း တစေ့တစောင်း’

470
Page(Test)

ယနေ့ခေတ်မော်တော်ကားတွေမှာ တပ်ဆင်ထားတဲ့အရာတိုင်းဟာ အလှ အပအဖြစ် တန်ဆာဆင်တပ်ဆင်ထားတာကလွဲလို့ အတော်များများက မရှိမဖြစ်အသုံးဝင်တာတွေချည်းပါပဲ။ မူလီတစ်လုံး၊ နတ်ခေါင်းတစ်ခု၊ ဝါယာ ကြိုးမျှင်လေးတစ်ချောင်းကအစ သူ့အထွာနဲ့သူ အသုံးဝင်တာ ချည်းပါပဲ။ အသုံးမလိုဘဲ တပ်ဆင်ထားတာမျိုးတော့မရှိပါဘူး။ မော်ဒန်ကားတွေရဲ့ ဖွဲ့စည်းတည်ဆောက်မှုကို ကြည့်ရင် Spoiler လို့ခေါ်တဲ့ လေပင့်အားထိန်းတောင်ပံတွေကို မြင်နိုင်မှာဖြစ်ပါတယ်။

အထူးသဖြင့် အရှိန်နဲ့မောင်းနှင်ရတဲ့ပြိုင်ကားတွေမှာ လေပင့်အား ထိန်းတောင်ပံအကြီးစားတွေကို မဖြစ်မနေထည့်သွင်းထားသလို သူ့ရဲ့ အသုံးဝင်ပုံကလည်း အကျိုးကျေးဇူးရရှိစေပါတယ်။ ပြိုင်ကားတွေမှာတင် မက Sport Type ကားတွေမှာဆိုရင်လည်း Spoiler က မဖြစ်မနေတည့် သွင်းပေးထားရတဲ့အထိ အရေးပါနေတာ အမှန်ပါပဲ။ Spoiler ထည့်သွင်း တည်ဆောက်ထားတဲ့ ကားတွေရဲ့သွင်ပြင်က မထည့်ထားတဲ့ကားတွေ ထက်စာရင် ပိုပြီးခံ့ညားသလို အကျိုးကျေးဇူးပြုပုံကလည်း ကွဲပြားပါတယ်။ တကယ်တော့ ကားတွေမှာ Spoiler ထည့်သွင်းထားတာဟာလေထုကို ထိုးခွဲဖြတ်သန်းမောင်းနှင်ရတဲ့ ကားတွေအတွက် လေခွင်းအားကို ဖြိုခွင်း နိုင်ပြီး ကားရဲ့တည်ငြိမ်မှုကိုရစေသလို လေခွင်းအားကြောင့် တုံ့ဆိုင်းမနေ စေဘဲ အရှိန်နဲ့မောင်းနှင်လို့ရအောင် အကူအညီပေးပါတယ်။

Spoiler တွေကို တောင်ပံပုံစံ အချိုးအကောက်နဲ့ပြုလုပ်ထားတာ ကြောင့် ကားအနောက်ပိုင်းမှာပဲ တပ်ဆင်ရတယ်လို့ ယူဆကြပေမဲ့လည်း ကားအရှေ့ပိုင်းမှာထည့်သွင်းတာလည်းရှိပါတယ်။ ဒါကြောင့် ကားအရှေ့ ပိုင်းကို ထိုးခွဲလာတဲ့လေဖိအားတွေဟာ Spoiler ကြောင့် ကားအောက် ပိုင်းနဲ့ အပေါ်ပိုင်းကိုခွဲခြားရောက်ရှိသွားပြီး အနောက်ဘက်မှာရှိနေတဲ့ Spoiler ကို အလားတူပုံစံဖြတ်သန်းရင်း ကားရဲ့အရှိန်ကို ပိုမြန်ဆန် စေပါတယ်။ မော်တော်ကားတွေ စတင်ပေါ်ပေါက်လာချိန်ကစလို့ လူသား တွေဟာ ကားရဲ့အရှိန်နှုန်းကို ပိုမိုမြန်ဆန်စေဖို့နဲ့ လေခွင်းအားကို ဖြိုခွင်းနိုင်ဖို့အတွက် လေပင့်အားထိန်းတောင်ပံတွေကို ၁၉၂ဝ ပြည့်နှစ် လောက်ကတည်းက တီထွင်ဖို့ကြိုးစားခဲ့ပြီး ၁၉၂၁ ခုနှစ်မှာ ဂျာမန်တီထွင် သူ Edmund Rumpler က လေပင့်အားထိန်းတောင်ပံပါတဲ့ ပထမဆုံးကား ကို တည်ဆောက်ခဲ့ပါတယ်။

ဒါပေမဲ့ အလုံးစုံအောင်မြင်ခဲ့တာမဟုတ်ဘဲ ၁၉၃ဝ ပြည့်နှစ် အစောပိုင်းမှာ Chrysler ကုမ္ပဏီက Chrysler Airflow ဆိုတာကို ထပ်မံတီထွင်ခဲ့သလို ဒီနောက်ပိုင်းမှာတော့ ယနေ့ခေတ်လို အလန်းစားလေပင့် အားထိန်းတောင်ပံတွေကို ဆက်လက်တီထွင်နိုင်ခဲ့တာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here