လေထုညစ်ညမ်းမှုပမာဏ လျှော့ချဖော်ပြမှုကြောင့် အမေရိကန်ပြည်သူများအား ဒေါ်လာကိုးဘီလျံကျော် VW ပေးလျော်ခဲ့ရ

198

 

ထိပ်တန်း ဂျာမန်ကားကုမ္ပဏီကြီး Volkswagen သည် လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသော ဓာတ်ငွေ့ထုတ်လွတ်မှုပမာဏကို အမှန်အတိုင်းမဖော်ပြဘဲ လျှော့ချဖော်ပြမှုများ ပြုလုပ်ခဲ့သောကြောင့် ၂ဝ၁၆ ခုနှစ်မှစတင်ကာ ၎င်းတို့၏ ကား များအား ဝယ်ယူထားသည့် အမေရိကန်ပြည်သူများထံ လျော်ကြေးငွေ ဒေါ်လာ ၉ ဒသမ ၅ ဘီလျံခန့် ပေးချေခဲ့ရသည်ဟု VOA သတင်း ဌာနက ဇူလိုင် ၂၇ ရက်တွင် ဖော်ပြသည်။

Volkswagen အပါအဝင် Porsche အမှတ်တံဆိပ်ကားများ တွင် တပ်ဆင်ထားသော ဒီဇယ် အင်ဂျင်များသည် လေထုညစ် ညမ်းမှုဖြစ်စေသည့် ဓာတ်ငွေ့အများအပြား ထုတ်လွှတ်သော်လည်း ကုမ္ပဏီဘက်မှ အရှိတရားအတိုင်း မဖော်ပြဘဲ လျှော့ချဖော်ပြခဲ့သည် ကို ၂ဝ၁၅ ခုနှစ်ကတည်းက စစ်ဆေးတွေ့ရှိခဲ့သည်။ ၂ဝ၁၅ ခုနှစ်မှ စတင်ကာ ကမ္ဘာတစ်လွားရှိ ကားအစီးရေ ၁၁ သန်းခန့်တွင် လေထုညစ်ညမ်းမှုပမာဏကို ဖော်ပြသည့် ကိရိယာများမှာ အမှန်အတိုင်းဖော်ပြခြင်းမရှိဘဲ လျှော့ချထားခဲ့သည်ဟု ဂျာမနီနိုင်ငံ၊ ဝုဖ်ဘတ်မြို့ အခြေစိုက် Volkswagen က ဝန်ခံသည်။

ထို့ကြောင့် Volkswagen သည် ၎င်းတို့ကားများအား ဝယ် ယူထားသည့် အမေရိကန်နိုင်ငံသားများထံ ရောင်းချထားသော ကားများ ပြန်လည်ဝယ်ယူခြင်း၊ သို့မဟုတ် ဆော့ဖ်ဝဲပိုင်း ပြန်လည်ပြုပြင်ပေးခြင်းတို့အတွက် ဒေါ်လာ ၉ ဒသမ ၅ ဘီလျံကျော် ကုန်ကျခဲ့သည်။ အမေရိကန်ပြည်သူများ ဝယ်ယူထားသော ကားအစီးရေ ၅၅ဝ,ဝဝဝ ကျော်တွင် လေထုညစ် ညမ်းမှုလျှော့ချဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ပြည်ထောင်စု ကုန်သွယ်ရေး ကော်မရှင် (FTC)က ကြေညာသည်။

2.0 Liter ဒီဇယ်အင်ဂျင်တပ် ဆင်ထားသော ကားများတွင် ဓာတ် ငွေ့ ထုတ်လွတ်မှုပမာဏကို လျှော့ချ ဖော်ပြထားသည့်အတွက် မူလကားစျေးအတိုင်း ပြန်လည်ဝယ်ယူခဲ့ရသလို လျော်ကြေးအဖြစ် တစ်စီးလျှင် ဒေါ်လာ ၅,၁ဝဝ မှ တစ်သောင်းကြား ထပ်မံပေးခဲ့ရသည်။ အဆိုပါအင်ဂျင်များ ထုတ်လုပ်ပေးသည့် Robert Bosch ကုမ္ပဏီကလည်း အမေရိကန်ပြည်သူများအား ဒေါ်လာ သန်းသုံးရာကျော် လျော်ကြေးပေးခဲ့ရသောကြောင့် ကုမ္ပဏီ နှစ်ခုပေါင်း ပေးလျော်ရသည့် ပမာဏ သည် ဒေါ်လာ ၉ ဒ သမ ၈ ဘီလျံ ခန့်ရှိသည်။ ယခုလျော်ကြေးငွေ ပမာဏမှာ အမေရိကန်ဖောက်သည် များကိုသာ ပေးလျော်ရခြင်းဖြစ်ပြီး ပြသနာစတင်ဖြစ်ပေါ်ချိန်မှစ၍ လက် ရှိအချိန်အထိဆိုလျှင် နိုင်ငံအစိုးရ များ၊ အဖွဲ့အစည်းများထံ Volkswagen အနေဖြင့် ဒဏ်ကြေး ဒေါ်လာ ၃၃ ဒသမ ၃ ဘီလျံခန့် ပေးလျော်ခဲ့ရပြီးဖြစ်သည်။
Ref: VOA

LEAVE A REPLY

Please enter your comment!
Please enter your name here