လေထုညစ်ညမ်းစေသည့်   ယာဉ်အို၊  ယာဉ်ဟောင်းများကိုအခကြေးငွေကောက်ခံသည့်စနစ်  လန်ဒန်တွင်  စတင်ကျင့်သုံး

790

လေထုအရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်စေရန် မြို့တော်အတွင်း လေထုညစ်ညမ်းမှု သိသိသာသာ ဖြစ်ပေါ်စေသော ယာဉ်အို၊ ယာဉ် ဟောင်းများကို အခကြေးငွေကောက် ခံသည့် စနစ်အား လန်ဒန်မြို့တွင် စတင်ကျင့်သုံးနေပြီ ဖြစ်ကြောင်း အောက်တိုဘာ ၂၃ ရက်တွင် နိုင် ငံတကာ သတင်းမီဒီယာများက ရေးသားဖော်ပြခဲ့သည်။

မီးခိုးထုတ်လွှတ်မှုနှင့် ပတ် သက်ပြီး Euro စံချိန်၊ စံညွှန်းနှင့် ကိုက်ညီမှုမရှိသည့် ၂၀ဝ၆ ခုနှစ် မတိုင်မီ မှတ်ပုံတင်ထားသော ဒီ ဇယ်နှင့် ဓာတ်ဆီစွမ်းအင်သုံး ကား များအားလုံးကို T-Charge ဟု အမည်ပေးထားသည့် အခကြေးငွေ ၁၀ ပေါင် နေ့စဉ်ကောက်ခံသွားမည် ဖြစ်ပြီး ရုံးဖွင့်ရက်များတွင် နေ့စဉ် နံနက် ခုနစ်နာရီမှ ညနေ ခြောက် နာရီအတွင်း လန်ဒန်မြို့လယ်ကောင် ၌ မောင်းနှင်သည့် ယင်းကားများ ကို လက်ရှိကောက်ခံနေသည့် Congestion Tax တွင် ထပ်ဆောင်း ကောက်ခံသွားမည် ဖြစ်သည်။

”မြို့တော်ဝန် တစ်ယောက် အနေနဲ့ လန်ဒန်မြို့လေထုသန့်စင်ဖို့ အတွက် အရေးပေါ် ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်ရတာပဲ ဖြစ်ပါတယ်၊ လန်ဒန်မြို့မှာ လေထုညစ်ညမ်းမှု ကြောင့် အချိန်မတိုင်ခင် လူတွေသေ ဆုံးနေရတဲ့ လူထုကျန်းမာရေး ပြဿနာကိုလည်း ဖြေရှင်းရမှာဖြစ် ပါတယ်၊ လေထုညစ်ညမ်းစေတဲ့ မော်တော်ကားတွေကို ယာဉ်ပိုင်ရှင် တွေ အသုံးမပြုအောင် တွန်းအား ပေးတဲ့ T-Charge စနစ်ကို စတင် ကျင့်သုံးနိုင်ပြီဖြစ်တဲ့ ဒီနေ့ဟာ သမိုင်း ဝင် နေ့တစ်နေ့ပဲ ဖြစ်ပါတယ်”ဟု လန်ဒန်မြို့တော်ဝန် Sadiq Khan က ပြောသည်။

ယခုကျင့်သုံးမည့် စနစ်သစ် သည် လန်ဒန်လေထုညစ်ညမ်းမှု ပြဿနာဖြေရှင်းရန် ဘတ်ဂျက် ပေါင် ၈၇၅ သန်းသုံးစွဲမည့် လန်ဒန် မြို့တော်ဝန်ရုံး၏ အားထုတ်မှု တစ် စိတ်တစ်ပိုင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် တွင် ကျင့်သုံးရန်ရည်ရွယ်ထားသည့် ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှု နှုန်း အထူးလျှော့ချရေးဇုန်(ULEZ) တည်ထောင်ရေး စီမံချက်လည်း ပါဝင်သည်။

လန်ဒန်မြို့တွင် ရေရှည်လေထု ညစ်ညမ်းမှုကြောင့် လူဦးရေ ၉,၅၀ဝ ခန့် အချိန်မတိုင်မီ နှစ်စဉ် သေဆုံး နေရကြောင်း  King’s College London ၏ ၂၀၁၅ ခုနှစ် သုတေသနပြုချက်အရ သိရသည်။ ၂၀၁၅ ခုနှစ်က Volkswagen ၏ ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှုနှင့် ပတ်သက်သည့် လိမ်လည်မှုကြီးပေါ် ပေါက်ခဲ့ပြီးနောက် မက်ဒရစ်၊ ပါရီ နှင့် အေသင်မြို့များအပါအဝင် ကမ္ဘာ့ မြို့ကြီးများတွင် ဒီဇယ်ညစ်ညမ်း ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရန် တားမြစ်ခြင်း၊ ဒဏ်ကြေးငွေချမှတ်ခြင်းနှင့် ကန့်သတ်ခြင်းတို့ပါဝင်သည့် စီမံချက်များဆောင်ရွက်ရန် ထုတ် ပြန်ကြေညာခဲ့ကြသည်။

Ref: Reuters,Auto News

 

LEAVE A REPLY

Please enter your comment!
Please enter your name here