လေဆင်နှာမောင်းလား … စိုက်ဆင်းလေပြင်းလား… အပိုင်း(၃)

268

လေဆင်နှာမောင်း တိုက်ခတ်နေချိန်တွင် လေဖိအား အလွန်အမင်း ကျဆင်းကာ လေဖိအား ခြားနားမှုကြောင့် ကြီးမားသော အဆောက်အအုံများသည်ပင် အလွန်ဝေး ကွာသော အရပ်ဆီသို့ လွင့်စဉ်မျောပါသွား နိုင်သည်။ စိုက်ဆင်းလေပြင်း တိုက်ခတ်နေ ချိန်၌မူ လေဖိအား ရုတ်ခြည်းမြင့်တက်မှု ကြောင့် အဆောက်အအုံအချို့ကို လဲပြို သွားစေနိုင်သည်။
လေဆင်နှာမောင်း ဖြစ်ပေါ်နေချိန်၌ လေသည် လက်ဝဲရစ်တိုက်ခတ်ပြီး အထက် သို့ ရစ်ခွေတိုက်ခတ်ခြင်းကြောင့် သဲနှင့် ဖုန် မှုန့်များ၊ သစ်ကိုင်းသစ်ခက်များ၊ အကျိုး အပဲ့ အပိုင်းအစများကပါ လိုက်၍ မျောပါ ရွေ့လျားနေရာ လေဆင်နှာမောင်း တိုက် ခတ်နေသည်ကို အဝေးကပင် ထင်ရှားစွာ မြင်နိုင်သည်။ စိုက်ဆင်းလေပြင်းမှာမူ လေ ပြင်းတိုက်နေခြင်းကိုသာ ခံစားသိရှိနိုင်ပြီး လေတိုက်နေသည့်ပုံသဏဥာန်ကို မမြင်တွေ့ နိုင်ပေ။
လေဆင်နှာမောင်းသည် တိုက်ခတ် ချိန်အားဖြင့် မိနစ်သုံးဆယ်မှ ခြောက်နာရီ အထိပင် ရှိနိုင်သော်လည်း စိုက်ဆင်း လေပြင်းကမူ တိုက်ခတ်ချိန် အလွန် တို တောင်းပြီး မိနစ်အနည်းငယ်မျှသာ ကြာမြင့် သည်။ လေဆင်နှာမောင်း တိုက်ခတ်ရွေ့ လျားရာ လမ်းကြောင်းတစ်လျှောက်တွင် လေဆင်နှာမောင်းသည် တည့်တည့် ရွေ့ လျားခြင်း၊ ဝဲဘက်သို့ ကွေ့ခြင်း၊ ယာဘက် သို့ ကွေ့ခြင်း၊ ကွေ့ဝိုက်ကာ နောက်ပြန် ရွေ့လျားခြင်း စသည်ဖြင့် ဦးတည်ရာဘက် အမျိုးမျိုးရှိသည့်အတွက် လေဆင်နှာ မောင်း တိုက်ခတ်ပြီးချိန်၌ ပျက်စီးသွား သော နေအိမ် အဆောက်အအုံများနှင့် ဝတ္ဃုပစ္စည်းကြီးငယ်တို့သည် အရပ်မျက်နှာ အမျိုးမျိုးသို့ ဦးတည် ကာ လဲပြိုနေသည်ကို မြင်တွေ့ကြရသည်။
စိုက်ဆင်းလေပြင်းကမူ တိုက်ခတ် ရွေ့လျားရာ လမ်းကြောင်းဖြောင့်ပြီး အရပ်မျက်နှာ တစ်ဖက်တည်းသို့သာ တိုက်ခတ်သည့်အတွက် ပျက်စီးသွား သော အဆောက်အအုံနှင့် ဝတ္ဃုပစ္စည်း ကြီးငယ်တို့မှာ အရပ်မျက်နှာတစ်ဖက်တည်း သို့သာ ဦးတည်လဲကျနေသည်ကို တွေ့မြင် ကြရသည်။ စိုက်ဆင်းလေပြင်း၏ ထူးခြား ချက်တစ်ရပ်မှာ စတင်တိုက်ခတ်ရာ နေရာ ၌ သက်ရောက်မှုဧရိယာ ကျဉ်းမြောင်းပြီး တဖြည်းဖြည်း အားပျော့လာသည့်အခါ၌မူ သက်ရောက်မှုဧရိယာ ပို၍ ကျယ်ပြန့်လာ ခြင်းပင် ဖြစ်သည်။ တစ်နည်းဆိုရသော် ယပ်တောင်ဖြန့်သကဲ့သို့ တိုက်ခတ်ခြင်းဖြစ် ပြီး ထိုသို့သော သဘောသဘာဝကြောင့်ပင် စိုက်ဆင်းလေပြင်း တိုက်ခတ်ရာလမ်းကြောင်း တွင် ပျက်စီးသွားသော ဝတ္ဃုပစ္စည်း အစု အပုံများမှာ တဖြည်းဖြည်း ပို၍ပြန့်ကား သွားတာကို တွေ့မြင်ကြရခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ လေဆင်နှာ မောင်းနှင့် စိုက်ဆင်းလေပြင်းများ ဖြစ်ပေါ် လာစေနိုင်သည့် မိုးတိမ်တောင်ကြီးများကို မိမိတို့နေထိုင်ရာဒေသ၏ ကောင်းကင်ယံ ၌ မြင်တွေ့ကြရသည်ဆိုပါက သတိရှိကြရန် လိုအပ်သည်။ လေဆင်နှာမောင်း တစ် ကြိမ်၊ နှစ်ကြိမ်မျှ တိုက်ခတ်ဖူးသော ဒေသ ဖြစ်ပါက အထူးပင်သတိရှိသင့်သည်။ လေ ဆင်နှာမောင်း၏ အန္တရာယ်ကို ကာကွယ်ရန် အတွက် အကောင်းဆုံးသော နည်းလမ်း တစ်ခုမှာ မြေပေါ်အဆောက်အအုံနှင့် တွဲ စပ်ခြင်းမရှိဘဲ သီးသန့်တည်ဆောက်ထား သည့် ခိုင်ခံ့တောင့်တင်းသော မြေအောက် ခန်းအတွင်း နေထိုင်ခြင်းပင် ဖြစ်သည်။
မျက်မှောက်ခေတ်၏ ဆောက်လုပ်ရေး နည်းပညာများထဲတွင် ပိုင်တိုင်များ မြေ အောက်သို့ နက်ရှိုင်းစွာ ရိုက်သွင်းသည့် နည်းဖြင့် စံချိန်မီစွာ တည်ဆောက်ထားသော အဆောက်အအုံများသည် လေဆင်နှာမောင်း ၏ ဒဏ်ကို အတိုင်းအတာတစ်ရပ်အထိ ခံနိုင်ရည်ရှိသည်။ အဆောက်အအုံ၏ ပြတင်း တံခါးများ၊ ဝရန်တာလက်ရန်းများက လေ ဆင်နှာမောင်း၏ လေဝဲဂယက်အတွင်း လွင့် စဉ်မျောပါသွားနိုင်သည့်တိုင် ပင်မအဆောက် အအုံကြီးအဖို့ မြေမှ ကျွတ်ထွက်လွင့်ပါရန် အခွင့်အလမ်း အလွန်နည်းသောကြောင့်ပင် ဖြစ်သည်။
စိုက်ဆင်းလေပြင်း၏ အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်ကမူ အဆောက်အ အုံများကို ခိုင်ခံ့တောင့်တင်းအောင် စနစ် တကျ ဆောက်လုပ်ထားခြင်း၊ ခေါင်မိုးရှိ ဒိုင်း၊ မြားနှင့် အမိုးအပြားများကို ကြံ့ခိုင် တောင့်တင်းမှုရှိအောင် တွဲဆက်တပ်ဆင် ထားခြင်း၊ ခိုင်ခံ့တောင့်တင်းသော တံခါး ကျည်းပေါင်များနှင့် တံခါးရွက်များကို အသုံးပြုတပ်ဆင်ထားခြင်း စသည်တို့ပင် ဖြစ်ပေသည်။

သိပ္ပံစာရေးဆရာကိုကိုအောင်

LEAVE A REPLY

Please enter your comment!
Please enter your name here