လေစွမ်းအင်ဖြင့်မောင်းသည့် တစ်ယောက်စီးကားငယ် အီဂျစ်တက္ကသိုလ် ကျောင်းသားများ တီထွင်ပြသ

1187

တက္ကသိုလ်တက်ရောက်နေဆဲ အီဂျစ် ကျောင်းသားအုပ်စုတစ်စုက လေ စွမ်းအင်ဖြင့် မောင်းသည့် တစ် ယောက်စီးကားငယ်ကို တီထွင် ပြသခဲ့ကြောင်း သြဂုတ် ၁၁ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
ကိုင်ရိုမြို့ပြင်ရှိ Helwan တက္ကသိုလ်မှ ကျောင်းသားတစ်စုသည် ဘွဲ့ကြိုစီမံကိန်းတစ်စိတ်တစ် ပိုင်းအဖြစ် Go-kart ပုံစံကားငယ် ကို စုပေါင်းဒီဇိုင်းထုတ် တီထွင်ခဲ့ ခြင်းဖြစ်သည်။ အဆိုပါကားငယ်ကို လောင်စာဆီစျေးနှုန်း မြင့်တက်နေ မှုအား ရင်ဆိုင်ရန်နှင့် သန့်ရှင်း သော စွမ်းအင်သုံးစွဲရန် ရည်ရွယ် ကာ လေစွမ်းအင်ဖြင့်မောင်းနှင်ရန် စီစဉ်ခဲ့ပြီး ဘေးတစ်ဖက်စီ၌ ဖိအား သုံး အောက်ဆီဂျင်ဘူးများ တပ် ဆင် အသုံးပြုထားသည်။
အောက်ဆီဂျင်ဘူးများကို အ ပြည့်ဖြည့်ပြီးပါက ထိုကားငယ်ကို အမြင့်ဆုံး တစ်နာရီ ၂၅ မိုင်နှုန်းနှင့် ၁၉ မိုင်ခရီး အကွာအဝေး တောက် လျှောက်မောင်းနိုင်ကာ ဆက်လက် မောင်းနှင်ရန်အတွက် အောက်ဆီ ဂျင် ထပ်ဖြည့်ရကြောင်း သိရသည်။ ကားဒီဇိုင်း ရေးဆွဲရာတွင် ပါဝင် သော ကျောင်းသားတစ်ဦးဖြစ်သူ Mahmoud Yasser က လေစွမ်းအင်ကြောင့် ဆီဖိုးမကုန်သလို အအေးခံရန်လည်း မလိုကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့အဖွဲ့အနေ ဖြင့် အနာဂတ်တွင် အဆိုပါကား ငယ်ကို တစ်နာရီ ၆၂ မိုင်နှုန်းဖြင့် ခရီးစဉ် ၆၂ မိုင် ဆက်တိုက်မောင်း နှင်နိုင်ရန် ကြိုးပမ်းနိုင်မည် ဟု ယုံကြည်လျက်ရှိသည်။ ထုတ်လုပ် စရိတ် အမေရိကန်ဒေါ်လာ တစ် ထောင်သာ ကုန်ကျသည့် ယင်း ကားငယ်ကို အမြောက်အမြား ထုတ်ရန် ငွေကြေးထောက်ပံ့မည့် အဖွဲ့အစည်းကို အီဂျစ်တက္ကသိုလ် ကျောင်းသားများ ရှာဖွေနေကြောင်း လည်း သိရသည်။
Ref: DailyMail

LEAVE A REPLY

Please enter your comment!
Please enter your name here