လူထုမိတ်ဆွေ အများပိုင်ကုမ္ပဏီမှ လျှောက်ထားသည့် ယာဉ်လိုင်းများထဲမှ  ယာဉ်လိုင်း သုံးလိုင်း  ပြေးဆွဲခွင့်ရရှိထားပြီးဖြစ်

754

ရန်ကုန်၊ ဧပြီ

YBS ယာဉ်လိုင်းသစ် ၁ဝ လိုင်း ပြေးဆွဲခွင့်လျှောက်ထားရာ  ယာဉ်လိုင်း သုံးလိုင်း ပြေးဆွဲခွင့်ရရှိထားပြီးဖြစ်ကြောင်း လူထုမိတ်ဆွေ အများပိုင်ကုမ္ပဏီမှ  သိရသည်။

Power Eleven ကုမ္ပဏီ၊ အောင်မြင်လူထု Group နှင့် YBS ယာဉ်လိုင်းများတွင် ပြေးဆွဲနေသည့် ဘတ်စ်ကား အများပိုင်ကုမ္ပဏီတို့ စုပေါင်းတည်ထောင်ထားသည့် လူထုမိတ်ဆွေ အများပိုင်ကုမ္ပဏီမှ ယာဉ်လိုင်းသစ် ၁ဝ လိုင်း လျှောက်ထားရာ YBS ၇၈ ၊ ၉၃ ၊ ၉၄ စသည့် ယာဉ်လိုင်း သုံးလိုင်းမှာ ပြေးဆွဲခွင့်ရရှိပြီးဖြစ်ကြောင်း သိရသည်။

”ယာဉ်လိုင်းသုံးလိုင်း ပြေးဆွဲခွင့်ရထားပါပြီ၊ ကျန်ရှိနေသေးတဲ့  ယာဉ်လိုင်း ခုနစ်လိုင်းကိုလည်း   စိစစ်ပြီး ခွင့်ပြုမယ်လို့ သိရပါတယ်၊ ယာဉ်လိုင်းအသစ်တွေအားလုံးကို ကားအသစ်တွေနဲ့ပဲ ပြေးဆွဲမှာဖြစ် ပြီး ပြည်သူတွေကို ဝန်ဆောင်မှုအပြည့်အဝပေးနိုင်အောင် ဆောင်ရွက်မှာပါ”ဟု လူထုမိတ်ဆွေအများပိုင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

လူထုမိတ်ဆွေ အများပိုင်ကုမ္ပဏီ မှ မြောက်ပိုင်းခရိုင်အခြေပြု ယာဉ်လိုင်းသစ် ၁ဝ လိုင်း တိုးချဲ့ပြေးဆွဲ ရန် YRTAထံ တင်ပြထားရာ လက်ရှိအချိန်အထိ ယာဉ်လိုင်း သုံးလိုင်း ပြေးဆွဲခွင့်ရထားပြီးဖြစ်ကြောင်း သိရသည်။

ပြေးဆွဲခွင့်ရထားသည့် YBS ၇၈ ယာဉ်လိုင်းမှာ ကွန်ပျူတာတက္က သိုလ်မှ အင်းစိန်၊ မဟာဗန္ဓုလ၊ ဆူးလေ၊ ဘူတာကြီးအထိ ပြေးဆွဲနေခြင်းဖြစ်ပြီး YBS ၉၃ ယာဉ်လိုင်း မှာ အနောက်ပိုင်းတက္ကသိုလ်မှ တညင်းကုန်းလမ်းဆုံ၊ ခရေပင် လမ်းခွဲ၊ အမှတ်(၃) လမ်းဆုံ၊ မြောက်ဥက္ကလာအဝိုင်း၊ ကြက်ဘဲစျေး၊ ABC ၊ ပုဇွန်တောင်စျေးသို့ ပြေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။

YBS ၉၄ ယာဉ်လိုင်းမှာ သခင်မြပန်းခြံမှတ်တိုင်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ကွန်ပျူတာတက္ကသိုလ်၊ ရွေပြည်သာကွေ့၊ တညင်းကုန်းလမ်းဆုံ၊ ဖော့ကန်၊ ဘိုကုန်း၊ အင်းစိန်ပန်းခြံ၊ အောက်ကြည့်မြင်တိုင်လမ်း၊ သခင်မြပန်းခြံ၊ ဗိုလ်ချုပ်စျေး မှ ဘူတာကြီးအထိ  ပြေးဆွဲနေပြီဖြစ် ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here