လူထုမိတ်ဆွေ  ပြည်သူ့အကျိုးပြုယာဉ်လိုင်းမှ  တတိယအကြိမ်မြောက် ယာဉ်လိုင်းသစ်  စတင်ပြေးဆွဲနေ

977

ရန်ကုန်၊ မတ်

လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြု ယာဉ်လိုင်းမှ တတိယအကြိမ်မြောက် ယာဉ်လိုင်းသစ် စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြုယာဉ်လိုင်းမှ သိရသည်။

ခရီးသွားပြည်သူများ အဆင်ပြေစေရန် ရည်ရွယ်၍ လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြု ယာဉ်လိုင်းမှ တတိယအကြိမ်မြောက် ယာဉ်လိုင်းသစ်ဖြစ်သည့် YBS 94 ကို မတ် ၂၆ ရက်က ယာဉ်အစီးရေ ငါးဆယ်ဖြင့် စတင်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။

”ယာဉ်လိုင်းအသစ် ပြေးဆွဲပေးတဲ့ အဓိကရည်ရွယ်ချက်က ခရီးသွားပြည်သူလူထု အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးကို အထောက်အပံ့ဖြစ်ဖို့အတွက် ဖြစ်ပါတယ်”ဟု လူထုမိတ်ဆွေပြည်သူ့အကျိုးပြုယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အသစ်ပြေးဆွဲသည့် ခရီးစဉ်များမှာ သခင်မြပန်းခြံ (ဗိုလ်ချုပ်ကွေ့) မှတ်တိုင်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ကွန်ပျူတာတက္ကသိုလ် (ဂိတ်ရင်း) ရွှေပြည်သာကွေ့၊ တညင်းကုန်းလမ်းဆုံ၊ ဖော့ကန်၊ ဘိုကုန်း၊ အင်းစိန်ပန်းခြံ၊ ဗဟိုလမ်း၊ အောက်ကြည့်မြင်တိုင်လမ်း၊ စလင်းကွင်း၊ ဝိုက်တော၊ ဂျမန်ခန်နာ၊ သခင်မြပန်းခြံ၊ ဗိုလ်ချုပ်စျေး၊ ရန်ကုန်ဘူတာကြီး(ဂိတ်များ)အထိ ဖြစ်သည်။

YBS 94 ယာဉ်လိုင်းကို ဂိတ်ရင်းဖြစ်သော ကွန်ပျူတာတက္ကသိုလ်မှ နေ့စဉ် နံနက်ငါးနာရီခွဲတွင် စတင်ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here