လူစီးယာဉ်အုပ်စုတွင်ပါဝင်သည့် Delivery Van များကိုသိမ်းဆည်းမည်မဟုတ်သော်လည်း 1/2 AV ထက်မနည်းသည့် ဒဏ်ကြေး ကောက်ခံပြီး ထုတ်ယူခွင့်ပြုမည်

752

ရန်ကုန်၊မေ

လူစီးယာဉ်အုပ်စုတွင်ပါဝင်သည့် Delivery Van များကိုသိမ်းဆည်းမည်မဟုတ်သော်လည်း 1/2 AV ထက်မနည်းသည့် ဒဏ်ကြေး ကောက်ခံပြီး ထုတ်ယူခွင့်ပြုမည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ဆိပ်ကမ်းများတွင် Delivery Van အဖြစ် ကား ၄၆၄ စီး တင်သွင်းထားရာ လူစီးယာဉ်အုပ်စုတွင်ပါဝင်သည့် ကားများကို Delivery Van အဖြစ်ပြုပြင်တင်သွင်းထားသည့် ကား ၅၈ စီး စစ်ဆေးတွေ့ရှိခဲ့သည်။ ထိုကားများကို မူဝါဒအရသိမ်းဆည်းပြစ်ဒဏ်ချမှတ်နိုင်သော်လည်း သိမ်းဆည်းပြစ်ဒဏ်အစား 1/2 AV ထက်မနည်းသည့် ဒဏ်ကြေးဖြင့်ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

”လူစီးယာဉ်အုပ်စုမှာပါဝင်တဲ့ Delivery Van တွေကို ဒဏ်ကြေးကြေငြာပေးဖို့ ကြီးကော်ကိုစာတင်ထားပါတယ်။အုပ်စု(က)၊(ခ)၊(ဂ)မှာ ပါဝင်တဲ့ ကားတွေအတွက် ထုတ်ပြန်ခဲ့တဲ့ သတ်မှတ်ချက်ကို MAMDA ကလည်း မှတ်ချက်မပြုဘဲ ဒီအတိုင်းပဲထုတ်ယူခွင့်ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ မြဝတီနဲ့ ရန်ကုန်က Delivery Van တင်သွင်းထားသူတစ်ချို့ကတော့ အုပ် စု (ဂ) မှာ ပါဝင်တဲ့ ကားတွေကို ဒဏ်ကြေးလျော့ပေးဖို့ တင်ပြထားတယ်၊ ဒဏ်ကြေးတွေကို ဖြေလျော့မပေးတာက ကြီးကော်ရဲ့ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရတဲ့အတွက် ဖြစ်ပါတယ်၊အုပ်စု(ဃ)မှာ ပါဝင်တဲ့ကားတွေကိုတော့ 1/2 AV ထက်မနည်းတဲ့ဒဏ်ကြေးနဲ့ပဲ ထုတ်ယူခွင့်ပြုပေးဖို့ ရှိပါတယ်၊ ဒီကားတွေက သိမ်းဆည်းပြစ်ဒဏ်နဲ့ ငြိစွန်းနေပေမဲ့လည်း သိမ်းဆည်းဖို့တော့ မရှိလောက်ပါဘူး”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆိပ်ကမ်းအတွင်းရှိသော လူစီးယာဉ်အုပ်စုတွင်မပါသည့် Delivery Van ကားများကို ဧပြီ ၂၇ ရက်မှစ၍ ထုတ်ယူခွင့်ပြုပေးထားပြီး ထုတ်ယူမည့်ရက်ကိုကန့် သတ်မထားသော်လည်း ဆိပ်ကမ်း ရက်လွန်ဒဏ်ကြေး ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here